သ၊ က၊ ဂ၊ ဃ၊ င၊ ဟ၊ ဌ များအတွက် ယာဉ်မောင်းလိုင်စင် အသစ်ရယူရာတွင် လိုအပ်ချက်များ


သင်မောင်းလိုင်စင် အပါအဝင် က၊ ဂ၊ ဃ၊ င၊ ဟ၊ ဌ စသည့် ယာဉ်မောင်းလိုင်စင်များအတွက် လိုင်စင်အသစ် လျှောက်ထားရာတွင် လိုအပ်သည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။

 

"သ" ယာဉ်မောင်းလိုင်စင်

 

"သ" ယာဉ်မောင်းလိုင်စင် လျှောက်ထားသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည် ဖြစ်ပြီး ၎င်းအား ယာဉ်မောင်း သင်ကြားပေးနိုင်သူ ရှိရမည်။

 

"က" ယာဉ်မောင်းလိုင်စင်

 

"က" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "သ" ယာဉ်မောင်းလိုင်စင် သက်တမ်း အနည်းဆုံး တစ်လပြည့်ပြီးသည့် သက်တမ်းရှိလိုင်စင် ရှိရမည်။ 

 

ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင် တန်းတက်ရောက်ပြီးသူ (သို့) မှတ်ပုံတင်ထားသော မော်တော်ယာဉ် မောင်းသင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

“ခ” ယာဉ်မောင်းလိုင်စင်

 

"ခ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "သ" ယာဉ်မောင်းလိုင်စင် (သို့) "က" ယာဉ်မောင်းလိုင်စင် (သို့) "ဂ" ယာဉ်မောင်းလိုင်စင် (သို့) "ဌ" ယာဉ်မောင်း လိုင်စင် (သို့) "ဟ" ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိ လိုင်စင်ရှိရမည်။ 

 

ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင် တန်းတက်ရောက်ပြီးသူ (သို့) မှတ်ပုံတင်ထားသော မော်တော်ယာဉ် မောင်းသင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

"ဂ" ယာဉ်မောင်းလိုင်စင်

 

"ဂ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "သ" ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိလိုင်စင် ရှိရမည်။ စက်ယန္တရား မောင်းနှင်ခြင်းအတွက် သတ်မှတ်ထားသော သင်တန်း တက်ရောက်ပြီးကြောင်း သင်တန်းဆင်းလက်မှတ် တင်ပြရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

"ဃ" ယာဉ်မောင်းလိုင်စင်

 

"ဃ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၂၁) နှစ်ပြည့်ပြီးသည့် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့် ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့် မရှိပါ။ 

 

ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် "ခ" ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးနှစ်ပြည့်ပြီးသည့် သက်တမ်းရှိလိုင်စင် ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ (သို့) မှတ်ပုံတင်ထားသော မော်တော်ယာဉ်မောင်း သင်တန်းကျောင်းတစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။


 

Advertisement

Click Here > YC

 

"င" ယာဉ်မောင်းလိုင်စင်

 

"င" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၂၃) နှစ် ပြည့်ပြီးသည့် နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့် မရှိပါ။ 

 

"ခ" ယာဉ်မောင်းလိုင်စင်အတွက် သက်တမ်း ငါးနှစ် ပြည့်ပြီးသူ (သို့) "ဃ" ယာဉ်မောင်းလိုင်စင် သက်တမ်း နှစ်နှစ် ပြည့်ပြီးသူ (သို့) "ခ" ယာဉ်မောင်းလိုင်စင်နှင့် "ဃ" ယာဉ်မောင်းလိုင်စင်တို့၏ စုစုပေါင်း သက်တမ်း ငါးနှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ 

 

တင်ပြ “ခ” ယာဉ်မောင်းလိုင်စင် (သို့) “ဃ” ယာဉ်မောင်းလိုင်စင်သည် သက်တမ်းရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ (သို့) မှတ်ပုံတင်ထားသော မော်တော်ယာဉ်ကြီးမောင်း သင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်း လက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

"ဟ" ယာဉ်မောင်းလိုင်စင်

 

"ဟ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသည့် နိုင်ငံသား (သို့)  ဧည့်နိုင်ငံသား (သို့) နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့် ရသူဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့် မရှိပါ။

 

ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် “သ” ယာဉ်မောင်းလိုင်စင် (သို့) “က” ယာဉ်မောင်းလိုင်စင် သက်တမ်းအနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိ လိုင်စင်ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ (သို့) မှတ်ပုံတင်ထားသော မော်တော်ယာဉ်မောင်း သင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

"ဌ" ယာဉ်မောင်းလိုင်စင်

 

"ဌ" ယာဉ်မောင်းလိုင်စင် လျှောက်ထားရယူလိုသူသည် အသက် (၁၈) နှစ် ပြည့်ပြီးသည့် နိုင်ငံသား(သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။ နိုင်ငံသား (သို့) ဧည့်နိုင်ငံသား (သို့) နိုင်ငံသားပြုခွင့်ရသူ ဖြစ်ကြောင်း သက်သေခံနိုင်ခြင်း မရှိသည့် အခြားအထောက်အထားများဖြင့် လျှောက်ထားခွင့် မရှိပါ။ 

 

ယာဉ်မောင်းလိုင်စင် လျှောက်ထားချိန်တွင် “သ” ယာဉ်မောင်းလိုင်စင်သက်တမ်း အနည်းဆုံး သုံးလပြည့်ပြီးသည့် သက်တမ်းရှိ လိုင်စင်ရှိရမည်။ ဦးစီးဌာနက ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း တက်ရောက်ပြီးသူ (သို့) မှတ်ပုံတင်ထားသော မော်တော်ယာဉ်မောင်း သင်တန်းကျောင်း တစ်ခုခုမှ ထုတ်ပေးသည့် သင်တန်းဆင်းလက်မှတ် တင်ပြနိုင်သူ ဖြစ်ရမည်။ သတ်မှတ်ထားသည့် စစ်ဆေးမှုများကို အောင်မြင်ရမည်။

 

ဆက်သွယ်ရန်

 

နေပြည်တော်ရုံး

067 405098

 

ရန်ကုန်ရုံး

09 798295158, 09 781425403, 09 974885896

 

မန္တလေးရုံး

02 4066169

 

ပဲခူးရုံး

052 2230046, 052 2230866

 

ယာဉ်မောင်းလိုင်စင် (၁၁) မျိုးနှင့် မောင်းနှင်ခွင့်ရှိသည့် ယာဉ်၊ သက်တမ်းများ

မော်တော်ယာဉ် မှတ်ပုံတင်ရာတွင် သိထားသင့်သည့် ယာဉ်အမျိုးအစား (၁၀) ခု

နှစ်လဲမော်တော်ယာဉ် ပြန်လည် မှတ်ပုံတင်ခြင်းအတွက် ကျသင့်ငွေနှင့် လိုအပ်ချက်များ

ယာဉ်/ အမည်ပြောင်းလဲခြင်း အပါအဝင် ဝန်ဆောင်မှု (၈) ခုအတွက် သိထားသင့်သည်များ

ယာဉ်အမျိုးအစားအလိုက် သက်တမ်းများနှင့် လက်ရှိ အသုံးပြုနေသည့် နံပါတ်ပြားများ

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး ယာဉ်များနှင့် မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များ

ကညနမှ ထုတ်ပြန်ထားသည့် ယာဉ်ပိုင်ရှင်များ သိရှိ လိုက်နာရမည့် အချက် (၉) ချက်

 

Read 2424 times