အဲယားကွန်း (Automotive Air Conditioning) တွင် ဖြစ်လေ့ရှိသော ပြစ်ချက်ရှာဖွေခြင်း


ပြစ်ချက်မရှာခင် Air corn system အလုပ်လုပ်ပုံတွေ theory တွေနားလည်ဖို့အရေးကြီးပါတယ်။ High-pressure gauge နဲ့Low pressure gauge ကိုဖတ်တဲ့အခါမှာ High 250 Low 50 ဖြစ်နေရင် Overcharged system ဒါမှမဟုတ် condenser မှာ ပြစ်ချက် ရှိနေပြီ system ကို recharge ပြန်လုပ်မယ်။

High-pressure gauge နဲ့Low pressure gauge ကိုဖတ်တဲ့အခါ High 160 Low 10 ဖြစ်နေရင် Evaporator frosted ဖြစ်မယ် low-pressure ပိုက်လိုင်းတွေ စစ်ဆေးရမယ် expansion valve တွေ စစ်ဆေးရမယ်။

High side နှင့် Low side ကို ယှဉ်ကြည့်လိုက်လို့High 225 Low 80 ဖြစ်နေရင် Expansion valve စစ်ဆေးရမယ် heat sensitizing tube တွေစစ်ဆေးရမယ်။ High 50 Low 50 ဖြစ်နေရင် compressor clutch ကပ် ( engage ) မကပ် (disengage) စစ်ဆေးမယ်။

Refrigerant pressure sensor မကောင်းရင်လည်း မကပ်ဘူး Gas မရှိရင်လည်း compressor clutch မကပ်ဘူး A/C switch တွေ wiring ပိုင်း ပြစ်ချက်ရှိနေလည်း compressor clutch မကပ်ဘူး compressor coil မှာလည်းပြစ်ချက်ရှိနေရင် compressor clutch disengage ဖြစ်မယ်။

High 150 Low 30 ဖြစ်နေရင် A/C system ထဲမှာ ရေခိုးရေငွေ့ရှိနေပြီ စစ်ဆေးပြုပြင်ပြီး မိနစ် 30 လောက် ခြောက်သွေ့အောင်ထားပါ ပြီးရင် Gas refill Low-pressure gauge မှာ pressure သည် အောက်ဆုံးထိထိုးကျသွားလိုက် pressure ပြန်တက်သွားလိုက်ဖြစ်နေရင် ရေခဲပြီး Expansion valve မှာပိတ်နေတတ်တယ် ရေငွေ့ပါဝင်မှုများနေရင်တော့ ရေခဲပြီး compressor ကိုပျက်စီးစေနိုင်ပါတယ်။

High 125 Low 30 refrigerant/oil ပမာဏ ကိုစစ်ဆေးမယ် များနေလား/ အလုံအလောက်ရှိမရှိ။

High 200 Low 70 ဆိုရင် A/C system ထဲမှာ Blockage ဖြစ်နေပြီ blockage ဖြစ်တဲ့နေရာကို ရှာပြီး replace လုပ်

High 150+ Low>10 ဆိုရင် Expansive valve open သို့မဟုတ် leakage ဖြစ်နေပြီ valve တွေကိုစစ်ဆေးသင့်ပါတယ်။

High 100 Low 100 ဖြစ်ပြီး Compressor မကပ်ရင် wiring စစ်ဆေးရပါမည်။

မှတ်ချက်။ A/C system ရဲ့ideal pressure သည် 150 high နှင့် 30 low အခြေနေမှာ ရှိပါတယ်။

high-pressure gauge နဲ့ low-pressure gauges ကို level ကိုကြည့်ပြီး A/C system ရဲ့ဖြစ်နိုင်တဲ့ inference တွေ ကိုအနည်းငယ်ရှင်းပြပေးပါမယ်။

pressure gauge နှစ်ခုလုံး Low အခြေနေမှာဆိုရင် refrigerant gas ထပ်ထည့်ဖို့လိုပါပြီ pipeline တစ်လျောက် leakage ဖြစ်မဖြစ်စစ်ဆေးပါ။ pressure သည် zero နီးပါးလောက်ပြနေရင်တော့ ယိုစိမ့်မှုရှိနေပါပြီ။

low-pressure gauge မှာ Low အခြေနေပြပြီး High pressure gauge မှာ High အခြေနေမှာရှိနေရင် Need service ၊ ok ပထမဆုံး expansion valve တွေ blockage ဖြစ် မဖြစ် အရင်စစ်ဆေးမယ် tube တွေ orifice ဖြစ်နေလား check မယ်။

Pressure gauge နှစ်ခုလုံးမှာ High အခြေနေဖြစ်နေရင် A/C system အတွင်း လေဝင်နေပြီ ကျွန်တော် တို့ A/c repair လုပ်ပြီး ပြန်လည်တပ်ဆင်တဲ့ အခါဘဲဖြစ်ဖြစ် gas မဖြည့်ခင် လေ ကို အကုန်မစုတ်ထုတ်မိတဲ့အခါမှာ ဒီပြသာနာ မျိုးတွေ ကြုံရတက်ပါတယ် overcharge ဖြစ်နေပြီ။

pressure gauge တပ်ပြီးပြစ်ချက်ရှာတော့မယ်ဆိုရင် Engine ကို1500 rpm နဲ့run ထား Blower speed ကိုအမြင့်ဆုံးထားပါ။

compressor oil သည် compressor တစ်လုံးရဲ့အသက်ပါ Use only this oil လို့ပြောထားရင် သူ့အမျိုးအစားဘဲ အသုံးပြုတာ ပိုကောင်းပါတယ်။ Air corn ပိုင်း မှာပြသနာရှိနေရင်တော့ systemတစ်ခုလုံးကိုစစ်ဆေးပေးခြင်းဟာ ပိုကောင်းပါတယ်။

wiring ပိုင်းမှာဆိုရင်လည်း Fuse /relay ကောင်းမကောင်စစ်ဆေးပါ။ A/C Amplifier မှာ power ရောက်မရောက်စစ်ဆေးပါ။ power မရောက်ရင် clutch မကပ်ပါ။ Blower fan မလည်ရင် Fan motor, Fan Speed Resister တွေ စစ်ဆေးပါ ECU box တွေစစ်ဆေးပါ။

(1) Receiver သို့မဟုတ် Dryer မှာ ဂျီးပိတ်နေလား အညစ်အကြေးတွေရှိနေလား။

(2) Expansion valve တွေ အပေါက်ကျယ်နေလား။

(3) sensing tube တွေ တပ်ဆင်မှု မှားနေလား။

(4) pipe တွေ pipe အဆက်တွေ leakage ဖြစ်နေလား။

(5) compressor အတွင်းယိုစိမ့်မှုဖြစ်နေလား။

(6 ) Condenser fan လည်မလည် စစ်ဆေးပါ။

(7 ) pressure switch, Control module တွေ Blower fan လည်ပတ်မှု ရှိ / မရှိ။

(8) Fan တွေမလည်ရင် temperature , pressure တွေ မြင့်မားပြီး gas pipe line မှာတပ်ဆင်ထားတဲ့ pressure sensor ဟာ ECU ကို အပူလွန်ကဲနေကြောင်း သတင်ပို့ပြီး magnetic clutch ကို Disengage ပြုလုပ်လိုက်ပါတယ်။

(9) Air Filter ကောင်း / မကောင်းစစ်ဆေးပါ။

(10 ) Drive belt ပန်ကာကြိုးတွေ ချောင်နေလား။

ယခုဖော်ပြလိုက်တဲ့ ရှင်းပြချက်အားလုံးက ပြည့်စုံခြင်းမရှိသော်လည်း အတော်အတန်းသိရှိနိုင်မယ်ဟု မျှော်လင့်မိပါတယ်။

car lover

Read 100629 times