ကညနမှ ထုတ်ပြန်ထားသည့် ယာဉ်ပိုင်ရှင်များ သိရှိ လိုက်နာရမည့် အချက် (၉) ချက်


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော ယာဉ်ပိုင်ရှင်များ သိရှိ လိုက်နာရမည့် အချက်များကို ဖော်ပြလိုက်ပါသည်။

 

၁။ မှတ်ပုံတင်ရန် သတ်မှတ်ထားသော မော်တော်ယာဉ်များသည် မှတ်ပုံတင်ထားခြင်း မရှိလျှင် (သို့) မှတ်ပုံတင်ထားပြီး သက်တမ်းကုန်ဆုံးနေလျှင် ပြည်သူဆိုင်ရာ နေရာများတွင် မောင်းနှင်ခွင့် မရှိပါ။

၂။ သက်တမ်းရှိ မှတ်ပုံတင်သက်သေခံလက်မှတ် (အဝိုင်း) ကို ယာဉ်၏ရှေ့တွင် မြင်သာ ထင်ရှားသော နေရာ၌ တပ်ဆင်ထားရမည်။

 

၃။ မော်တော်ယာဉ်ကို အခါခပ်သိမ်း ထိရောက်စွာ ထိန်းသိမ်း သွားလာနိုင်ရန် ပြုပြင်ထားရှိရန် ပိုင်ရှင်တွင် တာဝန်ရှိသည်။

၄။ မှတ်ပုံတင် သက်တမ်းလဲရန် (၅) နှစ်ကျော် ပျက်ကွက်လျှင် ယာဉ်၏ မှတ်ပုံတင်ကို ဖျက်သိမ်းမည်ကို သတိပြုရမည်။

၅။ သူတပါးထိခိုက်မှု အာမခံထားရှိခြင်း မရှိသေးသော ယာဉ်ကို ပြည်သူတို့ဆိုင်ရာ နေရာများတွင် အသုံးပြုခွင့် မရှိပါ။

 

Advertisement

Click Here > Theingi Shwe Sin

 

၆။ မော်တော်ယာဉ်တိုင်းတွင် သတိပေးရန် ဟွန်း တပ်ဆင် ထားရှိရမည် ဖြစ်ပြီး ၎င်းဟွန်းသံသည် တစ်သံတည်း ဖြစ်ရမည်။

၇။ ပတ်ဝန်ကျင်းလေထုကို ညစ်ထေးစေသည့် မီးခိုးအလွန်အကျွံထွက်သော မော်တော်ယာဉ်အား မှတ်ပုံတင်ခြင်းကို မှတ်ပုံတင်အဖွဲ့က ငြင်းဆိုနိုင်သည် (သို့) ခေတ္တရပ်စဲနိုင်သည်။

၈။ ပတ်ဝန်းကျင် မြေထုလမ်းများ ညစ်ထေးစေသည့် စက်သုံးဆီများ ယိုစိမ့်မှုကို ပြုပြင် ထိန်းသိမ်းထားခြင်း မရှိလျှင် မှတ်ပုံတင်အဖွဲ့သည် မော်တော်ယာဉ် မှတ်ပုံတင်ခြင်းကို ငြင်းဆိုနိုင်သည် (သို့) ခေတ္တရပ်စဲနိုင်သည်။

၉။ ယာဉ်ကို ရောင်းချပြီးဖြစ်ပါက အမည်ပြောင်း ဆောင်ရွက်ခြင်း၊ ယာဉ်လက်ဝယ်ရှိသော်လည်း သက်တမ်းတိုးရန် အခြေအနေ မရှိပါက သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း၊ ဖျက်သိမ်းရန် အခြေအနေမျိုး ဖြစ်ပါက မှတ်ပုံတင် ဖျက်သိမ်းရန် ဆောင်ရွက်ခြင်းကို လုပ်ဆောင်ရမည်။

 

ယာဉ်နှင့် သက်ဆိုင်သော အခြားဆောင်းပါးများ ဖတ်ရန်

ယာဉ်မောင်းလိုင်စင် (၁၁) မျိုးနှင့် မောင်းနှင်ခွင့်ရှိသည့် ယာဉ်၊ သက်တမ်းများ

မော်တော်ယာဉ် မှတ်ပုံတင်ရာတွင် သိထားသင့်သည့် ယာဉ်အမျိုးအစား (၁၀) ခု

နှစ်လဲမော်တော်ယာဉ် ပြန်လည် မှတ်ပုံတင်ခြင်းအတွက် ကျသင့်ငွေနှင့် လိုအပ်ချက်များ

ယာဉ်/ အမည်ပြောင်းလဲခြင်း အပါအဝင် ဝန်ဆောင်မှု (၈) ခုအတွက် သိထားသင့်သည်များ

ယာဉ်အမျိုးအစားအလိုက် သက်တမ်းများနှင့် လက်ရှိ အသုံးပြုနေသည့် နံပါတ်ပြားများ

နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး ယာဉ်များနှင့် မှတ်ပုံတင်ရာတွင် လိုက်နာရမည့် အချက်များ

Read 3021 times