နှစ်လဲမော်တော်ယာဉ် ပြန်လည် မှတ်ပုံတင်ခြင်းအတွက် ကျသင့်ငွေနှင့် လိုအပ်ချက်များ


သက်တမ်းကုန်၍ ပြန်လည် သက်တမ်းတိုးရမည့် မော်တော်ယာဉ်များအတွက် နှစ်လဲ မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များ၊ မှတ်ပုံတင်ခနှင့် ယာဉ်စစ်ဆေးခ ကောက်ခံသည့် နှုန်းထားများကို ဖော်ပြပေးလိုက်ပါသည်။

 

မှတ်ပုံတင်ရန်အတွက် လိုအပ်ချက်များ 

  • မော်တော်ယာဉ် ပါရှိရမည်။
  • ယာဉ်ပိုင်ရှင်၏ စိစစ်ရေးကတ်မူရင်း၊ နိုင်ငံသားဆောင်ရွက်သူ ဓါတ်ပုံပါ စိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ ပါရှိရမည်။
  • အာမခံပေးသွင်းပြီး ပြေစာ ပါရှိရမည်။
  • ယာဉ်မှတ်ပုံတင်စာအုပ်၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်အဟောင်း၊ ( တင်အား ၂ တန်နှင့် အထက်ယာဉ် VIC အဟောင်း ) ပါရှိရမည်။

 

မှတ်ပုံတင်ကြေးနှင့် ယာဉ်စစ်ဆေးခများ

 

ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းသည် အုပ်စု (၁) တွင် ပါဝင်ပြီး နေပြည်တော်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းများသည် အုပ်စု (၂) ဖြစ်ကာ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်သည် အုပ်စု (၃) တွင် ပါဝင်သည်။

 

ပါဝင်သည့် အုပ်စုပေါ် မူတည်၍ မှတ်ပုံတင်ခသည် အနည်းငယ် ပြောင်းလဲမှု ရှိနိုင်ပြီး ယာဉ်စစ်ဆေးခ ကောက်ခံသည့် နှုန်းထားများသည် အုပ်စုအားလုံးအတွက် အတူတူ ဖြစ်သည်။

 

သက်တမ်းကုန်နေသည့် မော်တော်ယာဉ်များကို ရက်လွန်ဒဏ်ကြေးအဖြစ် နှစ်လဲမှတ်ပုံတင်ခ၏ (၅၀) ရာခိုင်နှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

Read 2956 times