စင်ကာပူနိုင်ငံ လမ်းပေါ်မှ မင်္ဂလာဂဏန်း နံပါတ်တူ ကား ၂ စီး


စင်ကာပူနိုင်ငံ ယူနို Eunos (အရှေ့ဂေလန်း) မှာ ညဘက် နံပါတ်တူ ကား ၂ စီး ရှေ့နောက် သွားနေကြတာတွေ့တဲ့သူတစ်ဦးက ဓာတ်ပုံရိုက်ပြီး Facebook ROADS.sg  စာမျက်နှာ မှာ ပုံတင်ပြခဲ့တယ်။
“မင်္ဂလာရှိတဲ့ နံပါတ်တွေနဲ့ ဘာလုပ်ရမလဲ ခင်ဗျားတို့ သိပါတယ်။ ဟုတ်တယ် မဟုတ်လား” လို့ စာရေးသားပြီး တင်ပြပါတယ်။
မင်္ဂလာရှိတဲ့ နံပါတ်တွေနဲ့ ဘာလုပ်ရမလဲဆိုတာ မတင်ပြခင် နံပါတ်တူကိစ္စကို အရင် ဆွေးနွေးတင်ပြလိုပါတယ်။
အခုလို နံပါတ်တူ ကား ၂စီး ရှေ့နောက် မောင်းသွားတာကို မြင်တွေ့ရတာဟာ
ကြုံတောင့်ကြုံခဲဖြစ်လို့ အွန်လိုင်းမှာ ပြောဆိုမှုတွေ ပေါ်ထွက်ခဲ့တယ်။
နံပါတ်တူ ကားနှစ်စီးမှာ တစ်စီးက Porsche Cayenne ဖြစ်ပြီး ကျန်တစ်စီးက  BMW ဖြစ်ပါတယ်။ အက္ခရာ ဂဏန်း အကုန်လုံး တစ်လုံးမလွဲတူနေတဲ့အတွက် တစ်စီးက နံပါတ် တကယ်ရယူထားတဲ့ကား ဖြစ်ပြီး ကျန်တစ်စီးက ပွားထားတဲ့ နံပါတ်ပြားအတု တပ်ဆင်ထားတာလို့ ထင်မြင်ယူဆစရာ ဖြစ်နေပါတယ်။ အဲဒီ ထင်မြင်ချက်က တစ်ဝက်ပဲ မှန်ပါတယ်။ အပွားနံပါတ်ပြား ဖြစ်သော်လည်း အတုတော့ မဟုတ်ပါဘူး။ တရားဝင် သုံးစွဲခွင့် ရှိပါတယ်။
သတ်မှတ်ထားတဲ့ အ‌ခြေအနေအရပ်ရပ်မှာ ဆင်တူနံပါတ်ပြားတွေ တပ်ဆင်မောင်းနှင်ခွင့် ရှိပါတယ်။ ဉပဒေက ခွင့်ပြုထားပါတယ်။
ကားနံပါတ်ပြားကိစ္စ အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ကုန်လမ်းပို့ဆောင်ရေး အာဏာပိုင် Land Transport Authority (LTA) က မော်တော်ယာဉ် မှတ်ပုံတင် နံပါတ် Vehicle Registration Numbers (VRN) ကို မော်တော်ယာဉ်ပိုင်ရှင်က လက်ရှိကားမှာ သုံးစွဲနိုင်တဲ့အပြင် အခြားယာဉ်တစ်စီး အသစ်ပိုင်ဆိုင်တာမှာ ပြောင်းလဲ သုံးစွဲပြီး မော်တော်ယာဉ် မှတ်ပုံတင်တာကို ခွင့်ပြုထားပါတယ်။ ပိုင်ဆိုင်ထားတဲ့ တခြားကားတစ်စီးမှာ အစားထိုး သုံးစွဲတာကိုလည်း ခွင့်ပြုပါတယ်။ နံပါတ်ပြား ပိုင်ဆိုင်ခွင့် ဆက်ယူထားလို့ ရပါတယ်။
“ကားပဲ လဲလိုက်တယ်။ တစ်ပတ်ရစ်ကား ရောင်းဝယ်တဲ့သူဆီမှာ ကားအဟောင်းကို အပ်နှံလိုက်တယ်။ အသစ်ဝယ်တဲ့ကားမှာ ကားအဟောင်းနံပါတ်ကို နံပါတ်ပြားတပ်ပြီး မောင်းထွက်လာတယ်။ ကားအဟောင်းကို ဝယ်တဲ့သူကလည်း နံပါတ်အဟောင်း တပ်လျက်သားဖြင့် အတူတူ ထွက်လာကြရင် ရှေ့နောက် ကားနှစ်စီး နံပါတ်တူတွေ ဖြစ်နေမယ်။ အဲဒါက ဖြစ်ရိုးဖြစ်စဉ်ပါ” လို့ နံပါတ်အကြောင်း နားလည်တဲ့သူတစ်ဦးက ရှင်းပြပါတယ်။
ကားပြောင်းစီးပေမဲ့ နံပါတ်ကိုတော့ အရင်နံပါတ်ပဲ ဆက်သုံးခွင့် ရှိပါတယ်။ ကားရောင်းဝယ်တာ ကားကိုပဲ ပိုင်ရှင်ပြောင်းဖို့ ရောင်းကြဝယ်ကြတာဖြစ်ပြီး ကားနံပါတ်ကတော့ မူလပိုင်ရှင်ပဲ ဆက်လက်ပိုင်ဆိုင်ပါတယ်။
အခုလို ကားနောက်တစ်စီးမှာ နံပါတ်ပြားအဟောင်းကို တပ်ဆင်ပြီး မော်တော်ယာဉ်မှတ်ပုံတင်တဲ့ကိစ္စအတွက် အချိန် ၃ ရက် ပေးထားပါတယ်။ အဲဒီ အချိန်အတွင်း ကား ၂ စီး နံပါတ်တူ ဖြစ်နေလို့ ရပါတယ်။


မင်္ဂလာရှိတဲ့ နံပါတ်တွေနဲ့ ဘာလုပ်ရမလဲ ခင်ဗျားတို့ သိပါတယ်။ ဟုတ်တယ် မဟုတ်လား” ဆိုတာအတွက် ဘာလုပ်ရမလဲ ဆိုတာ တင်ပြလိုပါတယ်။
နံပါတ်ကလည်း လှတယ်။  19 နဲ့ 91အလယ်ခွဲ ဂဏန်း ဖြစ်နေတယ်။  ဗေဒင်ပညာအရ ကတ်ကင်းမိတဲ့ ဂဏန်း ဖြစ်ပါတယ်။ အဲဒါကြောင့် မင်္ဂလာရှိတဲ့ဂဏန်းလို့ ဆိုထိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ အခုလို တွေ့ကြုံရတဲ့အခါ  စနေနေ့မှာ ထီဖွင့်တဲ့ ဂဏန်း၄ လုံးထီ 4D ကို အဲဒီကားနံပါတ် 1991နဲ့ ထီထိုးရမှာ ဖြစ်ပါတယ်။ 

theindependent.sg
 

Read 97899 times