မော်တော်ယာဉ် မှတ်ပုံတင်ရာတွင် သိထားသင့်သည့် ယာဉ်အမျိုးအစား (၁၀) ခုနှင့် လိုအပ်ချက်၊ နှုန်းထားများ


ကနဉီးမှတ်ပုံတင်ခြင်း လုပ်ငန်းကို အေက်ဖော်ပြပါ အမှတ်စဉ် (က) မှ (ဈ) ထိအား ထောက်ကြန့်၊ ရွာသာကြီး၊ နေပြည်တော်နှင့် မန္တလေးရုံးများတွင် လည်းကောင်း၊ အမှတ်စဉ် (ည)အား တိုင်းဒေသကြီး/ ပြည်နယ်ရုံးများ တွင်လည်းကောင်း ဆောင်ရွက်ပေးလျက် ရှိသည်။

 

ကနဦး မော်တော်ယာဉ် မှတ်ပုံတင်ရာတွင် သိထားသင့်သည့် ယာဉ်အမျိုးအစားများ၊ ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်၊ ကနဦးမှတ်ပုံတင်ခ ကောက်ခံသည့် နှုန်းထားများနှင့် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးများကို အသေးစိတ် အောက်တွင် ဖော်ပြထားပါသည်။

 

ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ခြင်း အမျိုးအစားများ

  • ပြည်ပတင်သွင်းယာဉ် ( တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းယာဉ် )
  • ယာဉ်အို/ဟောင်း အပ်နှံပြီး ပြည်ပမှ အစားထိုးတင်သွင်းယာဉ်
  • စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ယာဉ်
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲဝေချထားယာဉ်
  • စက်မှုဇုန်ထုတ်ယာဉ်
  • မော်တော်ယာဉ်အရောင်းပြခန်း/ အရောင်းစင်တာမှ ဝယ်ယူယာဉ်
  • သံတမန်နှင့် သံရုံးပိုင်ယာဉ်များ
  • ကုလသမဂ္ဂ အဖွဲ့အစည်းပိုင်ယာဉ်
  • MIC ခွင့်ပြုချက်အရ SKD စနစ်ဖြင့် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သောယာဉ်
  • Draw Back စနစ်ဖြင့် တင်သွင်းလာသော မော်တော်ယာဉ်/ ယန္တရား/ နောက်တွဲ မှတ်ပုံတင်ခြင်း။


 

ပြည်ပတင်သွင်းယာဉ် (တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းယာဉ်) ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • သွင်းကုန်လိုင်စင်/ သွင်းကုန်ပါမစ်/ မော်တော်ယာဉ် ဝယ်ယူခွင့်လက်မှတ်
  • သွင်းကုန်ကြေညာလွှာ (သို့မဟုတ်) Release Order Notification
  • အကောက်ခွန်ဖော်ပြချက်
  • ကြိုတင်ဝင်ငွေခွန် ပေးဆောင်ပြီးကြောင်း အထောက်အထား (Normal Licence ဖြင့် တင်သွင်းသည့် ကုမ္ပဏီလိုင်စင်များမှအပ )


 

ယာဉ်အို/ဟောင်း အပ်နှံပြီး ပြည်ပမှ အစားထိုးတင်သွင်းယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပေးသော သွင်းကုန်လိုင်စင်
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် Release Order Notification
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်
  • တင်သွင်းလာသည့် သက်ဆိုင်ရာနိုင်ငံမှ မှတ်ပုံတင် ဖျက်သိမ်းကြောင်း ထောက်ခံချက်
  • ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် မှတ်ပုံတင်သက်တမ်း ကြာမြင့်သော မှတ်ပုံတင် ဖျက်သိမ်းယာဉ်အတွက် ထောက်ခံချက် (ပုံစံ-ဃ)
  • မော်တော်ယာဉ်အပ်နှံ/လက်ခံပြီးကြောင်း ထောက်ခံချက် (ပုံစံ-စ)


 

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • Certificate Of Approval
  • ကုန်ရောင်းပြေစာ/ ငွေရပြေစာ


 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲဝေချထားယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွဲဝေချထားစာ
  • ခွဲဝေယာဉ်စာရင်း
  • ယာဉ်လက်ခံ/ထုတ်ပေးပြေစာ
  • ခွဲဝေပေးသည့် ယာဉ်အတွက် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (ECC) မှ ယာဉ်စစ်ဆေးချက်မှတ်တမ်း


 

စက်မှုဇုန်ထုတ်ယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆပ် ကော်မတီမှ ထုတ်ပေးသည့် Certificate Of Approval
  • ယာယီယာဉ် မှတ်ပုံတင်လက်မှတ်
  • အရောင်းအဝယ်စာချုပ်


 

Advertisement

Click Here >  Hmwe


 

မော်တော်ယာဉ် အရောင်းပြခန်း/ အရောင်းစင်တာမှ ဝယ်ယူယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်မှု ကော်မတီမှ ထုတ်ပေးသည့် မော်တော်ယာဉ် အရောင်းစင်တာ၊ အရောင်းပြခန်းတွင် ယာဉ်ဝယ်ယူခွင့်လက်မှတ်
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် Release Order Notification
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်
  • Recondition ယာဉ်ဖြစ်က သက်ဆိုင်ရာနိုင်ငံမှ ဖျက်သိမ်းကြောင်း ထောက်ခံချက်


 

သံတမန်နှင့် သံရုံးပိုင်ယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • သက်ဆိုင်ရာသံရုံးမှ ကနဦးမှတ်ပုံတင်လိုသော ယာဉ်အမှတ်နှင့် မှတ်ပုံတင်ခွင့် လျှောက်လွှာ
  • နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကနဦးမှတ်ပုံတင်ခွင့်ပြုရန် အကြောင်းကြားစာ
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် Release Order Notification
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်


 

ကုလသမဂ္ဂ အဖွဲ့အစည်းပိုင်ယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

  • နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကနဦးမှတ်ပုံတင်ခွင့်ပြုရန် အကြောင်းကြားစာ
  • သက်ဆိုင်ရာအဖွဲ့အစည်းမှ ကနဦးမှတ်ပုံတင်လိုသော ယာဉ်အမှတ်နှင့် မှတ်ပုံတင်ခွင့်လျှောက်လွှာ
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် Release Order Notification
  • အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသည့် အကောက်ခွန်ဖော်ပြချက်


 

MIC ခွင့်ပြုချက်အရ SKD စနစ်ဖြင့် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သောယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ

SKD စနစ်ဖြင့် ပြည်တွင်းကုမ္ပဏီများမှ ထုတ်လုပ်သည့် မော်တော်ယာဉ်များ၏ ကိုယ်ထည် အမှတ်/ဘောင်အမှတ်တွင် Myanmar Country Code ဖော်ပြပါရှိသည်ဖြစ်စေ/ မပါရှိသည်ဖြစ်စေ အစီး (၁၀၀) အထိကို စက်မှုဝန်ကြီးဌာနမှ ထုတ်ပေးသည့် Certificate of Approval (CoA) ဖြင့် ကနဦးမှတ်ပုံတင် ဆောင်ရွက်ပေးရန်နှင့် အစီး (၁၀၀) ပြည့်မြောက်ပြီး နောက် ပုံမှန် ဆက်လက်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို သက်ဆိုင်ရာကုမ္ပဏီ၏ Inspection Certificate (IC) ဖြင့်သာ ကနဦးမှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ပေးရန် ဖြစ်သည်။


 

Draw Back စနစ်ဖြင့် တင်သွင်းလာသော မော်တော်ယာဉ်/ ယန္တရား/ နောက်တွဲမှတ်ပုံတင်ယာဉ် ကနဦးမှတ်ပုံတင်ရန် လိုအပ်ချက်များ 

  • ကုန်သွယ်ရေးဦးစီးဌာန၏ သွင်းကုန်ပါမစ်
  • အကောက်ခွန်ဦးစီးဌာန၏ Customs Statement
  • သွင်းကုန်ပါမစ်နှင့် Customs Statement ပါ အမည်ဖြင့်သာ မှတ်ပုံတင်ရန်၊
  • ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကောက်ခံခြင်း မပြုရန်၊


 

ကနဦးမှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ပုံ အဆင့်ဆင့်

  • မူသေနံပါတ်ယူမည့် အမှုတွဲအား စိစစ်ခြင်း
  • ယာဉ်မူသေ အမှတ်မဲဆွဲခြင်း (သို့) စိတ်ကြိုက်ဝယ်ယူခြင်း
  • ယာဉ်စစ်ဆေးခြင်း
  • ယာဉ်မှတ်ပုံတင်ခ တွက်ချက်ခြင်း
  • ဘဏ်တွင် ငွေပေးသွင်းခြင်း
  • ငွေရပြေစာထုတ်ပေးခြင်း
  • အမှုတွဲလက်ခံခြင်း
  • ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) နှင့် ယာဉ်သက်သေခံလက်မှတ် (အဝိုင်း) Printer ဖြင့် ထုတ်ခြင်း
  • ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) နှင့် ယာဉ်သက်သေခံလက်မှတ် (အဝိုင်း) ပိုင်ရှင်များသို့ ထုတ်ပေးခြင်း


 

ကနဦးမှတ်ပုံတင်ခ ကောက်ခံသည့် နှုန်းထားများ


 

ကနဦးယာဉ်ထုတ်ရက်လွန် ဒဏ်ကြေး


 

ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ


 

ပိုင်ရှင်ဆန္ဒအရ နံပါတ်ရွေးခ နှုန်းထားများ


 

ခုနှစ်ပုံစံနှင့် တင်အား ကွဲလွဲသည့် ယာဉ်များ ကနဦးမှတ်ပုံတင် (ဒဏ်ကြေး)


 

နေပြည်တော်

ရုံးအမှတ်(၂၉)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်။

Phone - 067-405098

Email- [email protected]

 

ရန်ကုန်တိုင်းဒေသကြီး

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

သံသုမာလမ်း၊ မြင်သာ၊ သင်္ဃန်းကျွန်းမြို.နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

Phone - 09 798295158,

09 781425403, 09 974885896

 

မန္တလေးတိုင်းဒေသကြီး

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန

သိပ္ပံလမ်း ၇၃နှင့်၇၈လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့

Phone - 02-4066169

 

ပဲခူးတိုင်းဒေသကြီး

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

မြို့ရှောင်လမ်း၊ ပဲခူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

Phone - 052-2230046, 052-2230866

Read 6783 times