ဒီဇယ် ၁ လီတာ ၂၈ ဘတ် ထိုင်းထရပ်ကားများ သဘောတူညီ


ထိုင်းအစိုးရက ဒီဇယ် တစ်လီတာ အမြင့်ဆုံး လက်လီရောင်းဈေးကို ဒီဇင်ဘာလမှ မတ်လအထိ ၄ လတာအတွင်း ၂၈ ဘတ် သတ်မှတ်ခဲ့ပြီး ဘိုင်အိုဒီဇယ် ရောနှောရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ပေးလိုက်ပါတယ်။ 

ယခင်က အစိုးရက ဒီဇယ် ၁ လီတာ အမြင့်ဆုံး လက်လီရောင်းဈေးကို ဘတ် ၃၀ သတ်မှတ်ခဲ့ပြီး ထရပ်ကားသမားများက ၂၅ ဘတ် သတ်မှတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ 

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ဒီဇယ်ဈေး မကျလျှင် ထိုင်းထရပ်ကားသမားများက သယ်ပို့ခ ၁၀% တိုးမည်ဟုဆို

 

ဒီဇယ် ၁ လီတာ ရောင်းဈေး ဘတ်၃၀ ထိန်းထားဖို့ ဘတ် ၂၀ ဘီလျံ ချေးငွေတောင်းခံရယူ

 

ဒီဇယ် တစ်လီတာ ဘတ် ၃၀ ထရပ်ကားသမားများ သဘောမတူ

 

စွမ်းအင် မူဝါဒ ဦးစီးဌာန ကော်မတီ  Energy Policy Administration Committee (EPAC) က ဘိုင်အိုဒီဇယ်လို့ အလွယ်ခေါ်ကြတဲ့  methyl ester (ME) ကို မော်တော်ယာဉ် တွေအတွက် ရောင်းချတဲ့ ဒီဇယ်ဆီမှာ ရောနှောတဲ့ ရာခိုင်နှုန်းကို high speed diesel မှာ ၇ % သာရောနှောစေပြီး B7 ဒီဇယ်အဖြစ် ဖြန့်ဖြူးရောင်းချစေမှာ ဖြစ်ပါတယ်။ ၁၀ % ရောနှောတဲ့ B10 ဒီဇယ်နဲ့ ၂၀ % ရောနှောထားတဲ့ B20 ဒီဇယ်ထုတ်လုပ်မှုများကို လေးလတာ ယာယီအားဖြင့် ရပ်ဆိုင်းထားလိုက်ပါတယ်။ 

 နီုတင်ဘာလ ၂၄ ရက်မှာ ဘန်ကောက်မြို့တွင်းနဲ့ အပြင်ဘက်အနီးတစ်ဝိုက်တို့မှာ ဒီဇယ်ထဲ ရောထည့်ပေးရတဲ့ ဘိုင်အိုဒီဇယ် methyl ester (ME)  ပေါက်ဈေးက  ၁ လီတာ ၄၆.၈၈ ဘတ် ဖြစ်ပြီး B7 ဒီဇယ်ရဲ့ ဆီဆိုင်လက်လီ ရောင်းဈေးက ၁ လီတာ ၂၈.၈၄ ဘတ် ဖြစ်နေတာကို B7 ဒီဇယ် ၁ လီတာ ၂၈ ဘတ်ထက် မပိုဖို့ ဈေးနှုန်း သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ 

ထရပ်ကားသမားတွေ တောင်းဆိုတဲ့အတိုင်း ဒီဇယ် ၁ လီတာ ၂၅ ဘတ်ဖြင့် ရောင်းချနိုင်ဖို့ ဆိုရင် ထိုင်းအစိုးရက လာမယ့်လေးငါးလအတွင်း စိုက်ထုတ်ပေးရမယ့် ငွေပမာဏက တဟ်ရက်ကို ဘတ် သန်း ၅၀၀ ဖြစ်ပြီး တစ်လကို ဘတ် ၁၅ ဘီလျံ ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီဇယ်ဈေးကို ထိန်းပေးဖို့အတွက် ရန်ပုံငွေက ဘတ် ၂၀ ဘီလျံသာ ရှိပါတယ်။ 

ယခုအခါ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ ဗြိတိန် အစရှိတဲ့နိုင်ငံတွေက မဟာဗျူဟာအရ အရန်သိုလှောင်ထားတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေကို ထုတ်သုံးကြပြီး တင်သွင်းတဲ့ပမာဏကို လျှော့ချကြတဲ့အတွက် ကမ္ဘာဒီဇယ်ဈေး အကျဘက်ကို ရောက်ရှိလာပါတယ်လို့ Energy Policy and Planning Office မှ ညွှန်ချုပ် Wattanapong Kurovat က ပြောကြားပါတယ်။

 

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
လောင်စာဆီဈေး ကြီးမြင့်မှု နိုင်ငံကြီး ၆ ခု ပူးတွဲ ဖြေရှင်းမည်

 

အခုလို နိုင်ငံကြီးတွေက ဆောင်ရွက်ပေးတဲ့အတွက် ထိုင်းနိုင်ငံလို လောင်စာဆီတင်သွင်းရတဲ့ နိုင်ငံတွေ အသက်ရှူချောင်းစေပြီး ရေနံတင်ပို့နိုင်ငံများ အဖွဲ့အစည်း အိုပက် Organization of the Petroleum Exporting Countries (OPEC) ကိုတော့ စိတ်အနှောက်အယှက် ဖြစ်စေတယ်လို့ Wattanapong Kurovat က ပြောကြားပါတယ်။

"ကျွန်တော်တို့ ထရပ်ကားသမားတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ ပတ်သက်တဲ့ ပုဂ္ဂလိကကဏ္ဍနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။ သူတို့ သဘောတူခဲ့ကြပါတယ်" လို့ သူက ပြောကြားပါတယ်။ 

စွမ်းအင် မူဝါဒ ဦးစီးဌာန ကော်မတီ ဥက္ကဋ္ဌဖြစ်သူ စွမ်းအင်ဝန်ကြီး Supattanapong Punmeechaow က လောင်စာဆီ ရောင်းချတဲ့ ကုန်သည်တွေကို ၁ လီတာ အကြမ်အမြတ် ၁.၈ ~ ၂.၀ ဘတ် ရယူခြင်းအစား ၁.၄ ဘတ်ထက် ပိုမယူကြဖို့ ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီချက် ရယူခဲ့ပါတယ်။ 

ထိုင်းကုန်လမ်းပို့ဆောင်ရေးအသင်းချုပ် Land Transport Federation of Thailand (LTFT) က ထရပ်ကားများဖြင့် ဆန္ဒပြခဲ့ပြီး ဒီဇယ်ဈေးကို ၁ လီတာ ၂၅ ဘတ် ဖြင့် မရောင်းပေးရင် ဒီဇင်ဘာလ ၁ ရက်မှ စ၍ သယ်ပို့ခဈေးနှုန်းတွေကို ၁၀% တိုးမြှင့် သတ်မှတ်တော့မယ်လို့ ပြောကြားခဲ့တာကို တုံ့ပြန်ဖြေရှင်းပေးလိုက်တာ ဖြစ်ပါတယ်။ 

ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာယွတ် ချန်အိုချာက အကယ်၍ ထရပ်ကားများ သပိတ်မှောက်ပြီး ကားမဆွဲတော့ရင် အရေးပေါ်ကုန်စည် သယ်ယူမှုများအတွက် တပ်မှကားများ သုံးစွဲရန် အသင့် ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အစိုးရအဖွဲ့ကို ဒီဇယ်ဈေး လျော့ကျအောင် အမြန်ဆုံး လုပ်ဖို့ နည်းလမ်း ရှာဖွေခိုင်းခဲ့ပါတယ်။ 

မော်တော်ယာဉ်သုံး ဒီဇယ်ဆီမှ ဇီဝဒီဇယ်ရောနှောဖို့ ပြဌာန်းချက်ကို ပြင်ဆင်သတ်မှတ်ပေးလိုက်တယ်။ 

စားအုန်းဆီကြမ်းမှ ထုတ်လုပ်တဲ့ methyl ester (ME) ရောနှောတာကို ၇% ကိုသော ရောနှောခိုင်းပြီး ၁၀%  နဲ့  ၂၀ % ME ရောနှောတာကို ၂၀၂၂ ခုနှစ် မတ်လကုန်အထိ ရပ်ဆိုင်းထားခိုင်းလိုက်တယ်။ ဇီဝဒီဇယ် ၇% Biodiesel B7 ကို သုံးစွဲစေပါတယ်။ 
အခုလို ဒီဇယ်ဆီထက် ဈေးပိုကြီးတဲ့ ME  ကို ဒီဇယ်မှ သတ်မှတ်ရာခိုင်နှုန်း ရောထည့်ဖို့ ပြဌာန်းထားတာက ပြည်ပမှ တင်သွင်းတဲ့ ဒီဇယ်အပေါ် မှီခိုအားထားတဲ့ ပမာဏ လျှော့ချဖို့နဲ့ စားအုန်းဆီဈေးနှုန်း မကျအောင် ထိန်းပေးဖို့တို့အတွက် ဖြစ်ပါတယ်။ 
ဒီဇယ်ထဲမှာ ရောထည့်တဲ့ ME ရာခိုင်နှုန်း ပိုများလေ ဘိုင်အိုဒီဇယ် ဈေးပိုကြီးလေ ဖြစ်ပါတယ်။ ကမ္ဘာ့ဒီဇယ်ဈေးမြင့်တက်ချိန်မှာ ဘိုင်အိုဒီဇယ် လက်လီရောင်းဈေး မြင့်မားနေစေမှာ ဖြစ်ပါတယ်။ 
methyl ester (ME ) ၁ လီတာ ၄၆.၈၈ ဘတ် ကျသင့်ပြီး ME  ၇%  ရောထားပြီးသား ဒီဇယ်ဖြစ်တဲ့  biodiesel B7 က  စက်ရုံထုတ်ဈေး ၁ လီတာ ၂၀.၃ ဘတ် ဖြစ်ပါတယ်။ 
 Energy Policy Administration Committee (EPAC) က ဒီဇယ်လက်လီအရောင်းဆိုင်တွေမှာ biodiesel B7 ကို သာ ရောင်းချဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ 
အခုလို ပြဌာန်းချက်ကို ပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် ဒီဇယ်လက်လီအရောင်းဆိုင် ဈေးနှုန်းတွေ ၁ လီတာကို ၁၈ ဘတ် အောက်သို့ ရောက်ရှိစေမယ်လို့ Energy Policy and Planning Office (Eppo)ရဲ့ ညွှန်ချုပ် Wattanapong Kurovat က ပြောကြားပါတယ်။ 

အခုလို ပြင်ဆင်သတ်မှတ်လိုက်ပြီး  B7 တစ်မျိုးတည်းကိုသာ လက်လီအရောင်းဆိုင်တွေမှာ ရောင်းချတဲ့အတွက် အစိုးရမှ ရောင်းဈေးထိန်းဖို့ အခုအခံပြုပြီး စိုက်ထုတ်ရတဲ့ပမာဏက တစ်လကို ဘတ် ၂.၉၅ ဘီလျံသာ ကုန်ကျတော့မှာ ဖြစ်ပြီး ဒီဇယ်ရောင်းဈေးကို ၁ လီတာ ၂၈ ဘတ်ထက် မများအောင် ထိန်းပေးထားနိုင်တော့မှာ ဖြစ်ပါတယ်။ 

 

 

Read 817 times