ဒီဇယ်ဈေး မကျလျှင် ထိုင်းထရပ်ကားသမားများက သယ်ပို့ခ ၁၀% တိုးမည်ဟုဆို


ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဒီဇယ် ၁ လီတာ ဘတ် ၃၀ ကို ၂၅ ဘတ် သတ်မှတ်ပေးဖို့ ထရပ်ကားသမားများက တောင်းဆိုတာကို အစိုးရက မလိုက်လျောတဲ့အတွက်  ထရပ်ကားတွေက ထပ်မံဆန္ဒပြခဲ့ကြတယ်။ နိုဝင်ဘာလ ၁၆ ရက်မှာ Bang Na-Trat Road တစ်လျှောက် ‘Truck Power 2’ ဆန္ဒပြတာကို ပြုခဲ့ကြတယ်။ 

ရာချီတဲ့ ထရပ်ကားတွေ ဘန်ကောက် မြို့လယ်မှာစီတန်းလှည့်လည် မောင်းနှင်ပြီး စွမ်းအင်ဝန်ကြီးဌာနသို့ သွားရောက်ကာ တောင်းဆိုစာ ပေးပို့ခဲ့ကြတယ်။

ထိုင်းနိုင်ငံ ကုန်လမ်းပို့ဆောင်ရေး အဖွဲ့ချုပ် Land Transportation Federation of Thailand (LTFT) က ဈေး ၅ ဘတ် ချပေးဖို့ တောင်းဆိုချက်ကို ဒီဇင်ဘာလ ၁ ရက်ရောက်သည့်တိုင် တကယ်လို့ အစိုးရက လိုက်လျောဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ထရပ်ကားသမားတွေ ဆန္ဒပြကြမယ်။ သယ်ပို့ခတွေကိုလည်း ၁၀% ချက်ချင်း ဈေးတက်မယ် လို့ ပြောကြားခဲ့ပါတယ်။

စွမ်းအင်ဝန်ကြီး Supattanapong Punmeechaow က အခုလို သယ်ပို့ခ ဈေးတက်တာကို အစိုးရ အနေဖြင့် တား၍ မရကြောင်း၊ လွတ်လပ်ဈေးကွက် ဖြစ်တာကြောင့်း ဈေးအတက်အကျ တားဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
လောလောဆယ်မှာ ဒီဇယ် ၁ လီတာ ဘတ် ၃၀ ဖြင့် ရောင်းချဖို့အတွက် ဒီဇယ် ၁ လီတာ ရောင်းချတိုင်း အစိုးရ က ၂ ဘတ် စိုက်ထုတ်ပေးပြီး အခုအခံ ပြုပေးနေကြောင်း ဝန်ကြီးက ပြောကြားပါတယ်။
 

Read 1539 times