ဒီဇယ် တစ်လီတာ ဘတ် ၃၀ ထရပ်ကားသမားများ သဘောမတူ


ထိုင်း အစိုးရနှင့် ထရပ်ကားလုပ်ငန်းများအကြား ဒီဇယ်တစ်လီတာ အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ချက် သဘောထားကွဲလွဲနေပြီး ထရပ်ကားများက ဆန္ဒပြကြသည်။

"ထရပ်ပါဝါ" 'Truck Power' ဆန္ဒပြခြင်းများကို  လမ်းမများပေါ်မှာ ထရပ်ကားများ တန်းစီရပ်ထားခြင်းဖြင့် ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ဒီဇယ် တစ်လီတာ လက်လီရောင်းဈေး ၂၅ ဘတ်ကို အများဆုံးဟု သတ်မှတ်စေလိုကြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်-အိုချာ က ကုန်စည်များ ပို့ဆောင်ရေး ကုန်ကျစရိတ်တွင် ပဓာနကျသော ဒီဇယ်ဆီကို တစ်လီတာ ဘတ် ၃၀ ထက်ပို၍ ဈေးတင်ရောင်းချခြင်းမပြုရန် အမိန့် ထုတ်ပြန်ခဲ့သည်။ ထရပ်ကားလုပ်ငန်းများက တစ်လီတာ ၂၅ ဘတ်ကို အမြင့်ဆုံးဈေးနှုန်းအဖြစ် သတ်မှတ်စေလိုကြသည်။ ထို့အတွက် တစ်လီတာ ဘတ် ၃၀ သတ်မှတ်ချက်ကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ပရာယုသ် ချန်-အိုချာ က သက်ဆိုင်ရာဌာနများကို ဒီဇယ်ဈေးနှုန်းကို ဘတ် ၃၀ ထက် ဈေးထပ်မတက်ဘဲ ကြာနိုင်ကြာကြာ ထိန်းပေးထားရန် မည်သို့လုပ်ဆောင်နိုင်မည်ကို အဖြေရှာကြရန် ညွှန်ကြားထားသည်။

 ဝန်ကြီူချုပ် ပရာယုသ်က ဒီဇယ်ဈေးနှုန်း မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကမ္ဘာ့လောင်စာဆီ ဈေးတက်သဖြင့် ထိုင်းနိုင်ငံတွင် ဒီဇယ်ဆီ ဈေးတက်နေပြီး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ထားရှိသည့် ရန်ပုံငွေ Oil Fuel Fund သည် အကန့်အသတ်များ ရှိကြောင်း ၎င်းက ပြောကြားသည်။
 လက်ရှိအနေအထားတွင် စက်သုံးဆီ ဈေးနှုန်းတည်ငြိမ်ရေး ရန်ပုံငွေ ဘတ် ၉ ဘီလျံ ရှိပြီး ချေးငွေ ဘတ် ဘီလျံ ၂၀ ရှိသဖြင့် အကယ်၍ ကမ္ဘာ့ရေနံဈေး တစ်စည် အမေရိကန်ဒေါ်လာ ၈.၇၅ ဈေးနှုန်းထက် ထပ်မတက်ခဲ့လျှင် တစ်လီတာ ဘတ် ၃၀ ဈေးဖြင့် လေးငါးလ ဆက်ထိန်းပေးထားနိုင်မည်ဟု ဝန်ကြီးMr Supattanapong က ပြောကြားသည်။
အစိုးရအနေဖြင့် liquefied petroleum gas LPG ဈေးနှုန်းကိုလည်း အနည်းဆုံး ဇန်နဝါရီလအထိ ဈေးမတက်ဘဲ ဆက်ထိန်းပေးရလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
 
အစောပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနက ဒီဇယ် တစ်လီတာ ၂၅ ဘတ် အမြင့်ဆုံးဈေး သတ်မှတ်ပေးရန် ထရပ်ကားသမားများက တောင်းဆိုခဲ့သည်ကို ဘတ် ၃၀ သည် လက်တွေ့အကျဆုံး ဈေးနှုန်းဖြစ်ပြီး လိုက်လျောသဘောတူပေးကြဖို့ ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးMr Supattanapong က တစ်လီတာ ဘတ် ၃၀ အောက်သို့ လျှော့ချရန် မဖြစ်နိုင်ကြောင်း အခိုင်အမာ ပြောဆိုသည်။ ထို့အတွက် တုံ့ပြန်သည့်အနေဖြင့် ထရပ်ကားသမားများက "ထရပ်ပါဝါ" 'Truck Power' ဆန္ဒပြခြင်းများကို ပြည်နယ်အချို့တွင် ပြကြသည်။

ထရပ်ကားသမားများက ထရပ်ကား ၁,၀၀၀ ကျော်ဖြင့် ပြည်နယ်များရှိ အဓိကလမ်းကြောင်း ခုနစ်ခုတွင် ပိုစတာများ အသုံးပြုပြီး အသံတိတ် ဆန္ဒပြခဲ့ကြသည်။

ဒီဇယ်ဈေးနှုန်းက တစ်လီတာ ၂၉ ဘတ်သို့ ခုန်တက်သွားသည်။  တစ်လီတာ ၂၅ ဘတ်အထိ အစိုးရက ဈေးချသတ်မှတ်ပေးရန် ထရပ်သမားများက အခိုင်အမာ တောင်းဆိုနေကြသည်။

စည်းကြပ်သောအခွန်ကို တစ်လီတာ ၅ ဘတ် လျော့ပေါ့ သတ်မှတ်ပေးရန်၊ Oil Fuel Fund အတွက် ကောက်ခံငွေ တစ်နှစ်ဆိုင်းငံ့ထားပေးရန် တောင်းဆိုထားကြသည်။

တောင်းဆိုချက်များကို လျစ်လျူပြုထားပါက ထရပ်ကားများ ၁၀ မှ ၃၀% အထိ ရပ်ထားပြီး ဆန္ဒပြကြရန် အစီအစဉ် ရှိသည်။

Bangkok post

 

 

Read 18067 times