တရုတ်ကားများ အမျိုးသားလုံခြုံရေး ထိခိုက်နိုင်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြောကြား


တရုတ်ကားများ အမျိုးသားလုံခြုံရေး ထိခိုက်နိုင်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များ တင်သွင်းမှုသည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေခြင်း ရှိ၊ မရှိ ဆိုသည်ကို အမေရိကန်က စုံစမ်းစစ်ဆေးနေကြောင်း၊ အက်တာနက် ချိတ်ဆက်ထားသော ကားနည်းပညာဆိုင်ရာ စိုးရိမ်စရာများကြောင့် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်များအပေါ်ကန့်သတ်ချက်များ ချမှတ်ပြဋ္ဌာန်းနိုင်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါသည်။

 

 မော်တော်ယာဥ်များသည် ယာဉ်မောင်းများနှင့် ခရီးသည်များ၏ အရေးပါသော အချက်အလက် အများအပြားကို စုဆောင်းခြင်း၊ အမေရိကန် အခြေခံအဆောက်အအုံဆိုင်ရာ အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ရန်အတွက် ကားမှာ တပ်ဆင်ထားသည့် ကင်မရာများနှင့် အာရုံခံကိရိယာများကို ပုံမှန်အားဖြင့် အသုံးပြုပြီး မှတ်တမ်းများ ရယူခြင်းကြောင့် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနအနေဖြင့် စုံစမ်းစစ်ဆေးရန် လိုအပ်သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

 

လုံခြုံရေး အကြောင်းပြချက်ဖြင့် အမေရိကန်ကုမ္ပဏီ တက်စလာ၏ အီးဗီများကို တရုတ်ပြည်တွင် မဝင်ရဇုန်များ သတ်မှတ် ပိတ်ပင်ထားခြင်းများ ရှိနေပါသည်။ တရုတ်နိုင်ငံတွင် ထုတ်လုပ်ထားသော အီးဗီများ ဖြစ်သော်ငြားလည်း အင်တာနက်ချိတ်ဆက်ထားပြီး ဒေတာများကို သွားလာနေစဉ်သာမက ကားရပ်နားထားစဉ်မှာလည်း အဝေးမှ ရယူနိုင်သဖြင့် တက်စလာ၏ အီးဗီများကို မဝင်ရ ပိတ်ပင်ထားကြပါသည်။ 


 

တရုတ်ပြည်မှာ လုံခြုံရေးအတွက် Tesla ကားမဝင်ရဇုန်များ များပြားလာ

#AutomobileGuide

https://www.automobiledirectory.com.mm/article/-tesla-not-enter.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 


Automobile Guide တွင် ယခင်တင်ပြခဲ့သည့် ဗီဒီယို သတင်းဆောင်းပါး

Tesla ကားများကို တရုတ်ပြည်ရှိ မြို့အချို့တွင် သွားလာခွင့်ပိတ်ပင်

https://www.automobiledirectory.com.mm/article/tesla-cars-barred-for-2-months-in-beidaihe.html

အပြည့်အစုံ ဖတ်ရှုရန် လင့်ကို ထိပါ


 

ယခုအခါ အမေရိကန်က တရုတ်ကားများကို စိစစ်မည် ဖြစ်ပါသည်။ 

 

"တရုတ်ရဲ့ မူဝါဒတွေက ကျွန်တော်တို့ရဲ့ စျေးကွက်ကို မော်တော်ကားတွေနဲ့ လွှမ်းမိုးနိုင်ပြီး နိုင်ငံတော်ရဲ့ လုံခြုံရေးကို အန္တရာယ် ဖြစ်စေပါတယ်"ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားပါသည်။

 

အိမ်ဖြူတော်တာဝန်ရှိသူများက မည်သို့မည်ပုံ အရေးယူ ဆောင်ရွက်ရမည်ကို ပြောကြားရန် စောလွန်းနေသေးကြောင်းနှင့် အင်တာနက် ချိတ်ဆက်ထားသော တရုတ်ယာဉ်များကို လောလောဆယ်တွင် ပိတ်ပင်ရန်၊ ကန့်သတ်ရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားပါသည်။

 

အမေရိကန် အစိုးရသည် ကျယ်ပြန့်သော တရားရေးဆိုင်ရာ အခွင့်အာဏာများ ရှိပြီး ကြီးမားသော အကျိုးသက်ရောက်မှုများဖြင့် အရေးယူဆောင်ရွက်နိုင်ကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူများက သတင်းထောက်များအား ပြောကြားခဲ့သည်။

 

အမေရိကန်လမ်းများပေါ်မှာ တရုတ်နိုင်ငံကဲ့သို့ စိုးရိမ်ရသည့် နိုင်ငံများမှ ကားများ ရှိနေခြင်းကြောင့် အမေရိကန်နိုင်ငံ၏  အမျိုးသားလုံခြုံရေးကို မထိခိုက်သည်မှာ သေချာစေရန် ဆောင်ရွက်မည်ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

 

General Motors Toyota၊ Volkswagen နှင့် အဓိက မော်တော်ကားထုတ်လုပ်သူများ အားလုံးနီးပါးကို ကိုယ်စားပြု ကုန်သွယ်ရေးအဖွဲ့ဖြစ်သည့် Alliance for Automotive Innovation က ကုန်သွယ်ရေးဌာန အနေဖြင့် မည်သို့လုပ်ဆောင်မည် ဆိုသည်ကို ဆုံးဖြတ်ရာ၌ ကားစက်မှုလုပ်ငန်းကဏ္ဍနှင့် တိုင်ပင်သင့်သည်ဟု ပြောကြားသည်။

 

ယခုအခါ အမေရိကန်သို့ တင်သွင်းထားသည့် တရုတ်ကား အစီးရေ အနည်းအကျဉ်းသာ ရှိပါသည်။ နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ခင် ကြိုကြိုတင်တင် အရေးယူဆောင်ရွက်ထားဖို့ လိုအပ်သည်ဟု ကုန်သွယ်ရေးအတွင်းဝန် Gina Raimondo က ပြောကြားသည်။

 

တရုတ်အီးဗီ ထုတ်လုပ်သူများသည် အမေရိကန် ဈေးကွက်ကို လောလောဆယ်တွင် လက်ရှောင်ထားကြပါသည်။ 

BYD က အမေရိကန်မှာ ကားများ ရောင်းချရန် စိတ်မဝင်စားကြောင်း ပြောကြားခဲ့ကြောင်း AutomobileGuide တွင် တင်ပြခဲ့ပါသည်။

 


 

အမေရိကန်မှာ ကားများ ရောင်းချဖို့ BYD စိတ်မဝင်စားဟု ပြောကြား

#AutomobileGuide

https://www.automobiledirectory.com.mm/article/-byd-not-interested-united-states.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

တရုတ်နိုင်ငံသည် အမေရိကန် မော်တော်ယာဥ်များနှင့် တရုတ်နိုင်ငံတွင် လုပ်ကိုင်နေသော အခြားနိုင်ငံခြား မော်တော်ယာဥ်များအပေါ် ကန့်သတ်မှုများ သိသိသာသာ ပြုလုပ်ထားကြောင်း အိမ်ဖြူတော်က ပြောကြားသည်။

"ဘာကြောင့် တရုတ်နိုင်ငံက ချိတ်ဆက်ထားတဲ့ ယာဉ်တွေကို အကာအကွယ် အရံအတား မပါဘဲ ကျွန်တော်တို့နိုင်ငံမှာ လုပ်ကိုင်ဖို့ ခွင့်ပြုသင့်တာလဲ" ဟု ဘိုင်ဒန်က မေးခွန်း ထုတ်ပါသည်။

 

တရုတ်ကားများသည် အချို့က စွပ်စွဲပြောဆိုနေကြသည့် တရားမျှတမှု မရှိသော လုပ်ပုံလုပ်နည်းများကြောင့် ကမ္ဘာတစ်ဝှမ်း ရေပန်းစားနေရခြင်း မဟုတ်ကြောင်း၊ ပြင်းထန်သောစျေးကွက်ပြိုင်ဆိုင်မှုမှ ထွန်းပေါက်လာပြီး နည်းပညာဆန်းသစ်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန် ပြောကြားခဲ့သည်။

 

စျေးကွက်စီးပွားရေးနှင့် တရားမျှတသော ပြိုင်ဆိုင်မှုဆိုင်ရာ အခြေခံမူများကို လေးစားလိုက်နာရန်၊ နိုင်ငံတော်လုံခြုံရေး အယူအဆကို လွန်ကဲစွာ ဆန့်ထုတ်နေခြင်းကို ရပ်တန့်ရန်၊ တရုတ်ကုမ္ပဏီများအား ခွဲခြားဖိနှိပ်ခြင်းများကို ရပ်တန့်ရန်နှင့် ပွင့်လင်းမျှတပြီး ခွဲခြားမှု မရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် တရုတ်က အမေရိကန်ကို တိုက်တွန်းသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုရေး တာဝန်ခံ Mao Ning က ပြောကြားသည်။

 

အသိဉာဏ်ပါသည့် အာရုံခံကိရိယာများ တပ်ဆင်ထားသော ယာဉ်များအားလုံးအနက် နိုင်ငံတစ်ခုမှ မော်တော်ကားများကို ပစ်မှတ်ထားပြီး သီးသန့်ကန့်သတ်ချက်များ ချမှတ်ခြင်းသည် တရားမျှတမှုမရှိဟု တရုတ်အိမ်စီးကားများအသင်း အထွေထွေအတွင်းရေးမှူး Cui Dongshu က ပြောကြားသည်။

 

မက္ကဆီကိုမှာ ထုတ်လုပ်သည့် တရုတ်လျှပ်စစ်ကားတင်သွင်းမှုကို ကန့်သတ်ရန် ဖိအားအသစ်များနှင့် ရင်ဆိုင်နေရချိန်တွင် ဘိုင်ဒန် အစိုးရက တရုတ်လုပ်မော်တော်ယာဉ်များအပေါ် အခွန်အသစ်များ စည်းကြပ်ရန် စဉ်းစားနေပါသည်။

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Read 236 times