တရုတ်ပြည်မှာ လုံခြုံရေးအတွက် Tesla ကားမဝင်ရဇုန်များ များပြားလာ


တရုတ်ပြည်မှာ လုံခြုံရေးအတွက် Tesla ကားမဝင်ရဇုန်များ များပြားလာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

တရုတ်နိုင်ငံမှ တက်စလာ မောင်းနှင်သူများသည် ဒေတာလုံခြုံရေး စိုးရိမ်မှုများကြောင့် အစည်းအဝေးခန်းမများနှင့် ပြပွဲစင်တာများအပါအဝင် အစိုးရနှင့်ဆက်စပ်သည့်နေရာများတွင် ဝင်ခွင့်ပိတ်ပင်မှုများနှင့် ရင်ဆိုင်နေရသည်။

 

တရုတ် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများကြောင့် တက်စလာကို ပိတ်ပင်ခြင်းဟု ယူဆရသည်။

 တက်စလာကား မဝင်ရဇုန်များ ပိုမိုများပြား လာနေသည်။ 

ယခင်က တက်စလာကား မဝင်ရ ပိတ်ပင်ခြင်းကို   စစ်အခြေစိုက်စခန်းများ၊ စစ်ရေးနှင့် ပတ်သက်သော နေရာများတွင်သာ ကျင့်သုံးခဲ့သည်။

ယမန်နှစ်ကစ၍ အစိုးရရုံးဝင်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်ဌာနများ၊ အဝေးပြေးလမ်းအော်ပရေတာများနှင့် ယဉ်ကျေးမှုနှင့် ပြပွဲစင်တာများအထိ  Tesla ကားများကို ၎င်းတို့၏ ဝင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားသည်။

 

 ဥပမာတစ်ခုမှာ ယဉ်ကျေးမှုပွဲများ၊ နိုင်ငံတကာ ပြပွဲများနှင့် ပွဲများကို လက်ခံကျင်းပသည့် အစိုးရကျောထောက်နောက်ခံပြု လုပ်ငန်းတစ်ခုမှ လုပ်ကိုင်သော ညီလာခံစင်တာတစ်ခုဖြစ်သည့် ရှန်ဟိုင်းရှိ North Bund ခရိုင်၏ အလယ်ဗဟိုရှိ Grand Halls ခြံဝင်း ဖြစ်သည်။

Tesla ကားများကို Grand Halls ၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်ခြင်းမှ တားမြစ်ထားသည်။ ဖြတ်သန်းမောင်းနှင်ခြင်းကိုလည်း ခွင့်မပြုပါ။ ပိတ်ပင်ရသည့် အကြောင်းပြချက်မှာ  အမျိုးသား လုံခြုံရေး ထိခိုက်နိုင်သောကြောင့်ဟု ဆိုသည်။

 

"အစည်းအဝေး ရှိတယ်ဆိုရင် အစည်းအဝေး စီစဉ်သူက  အချိန်မီ အသိပေးပြီး Tesla ကားမမောင်းဖို့ ဒါမှမဟုတ် မငှားဖို့ ကြိုတင်အသိပေးပါတယ်။ အဲဒီ ဝင်းထဲကို တက်စလာကား လုံးဝအဝင်မခံဘူး"ဟု နယ်ခံတဦးက ပြောကြားသည်။

.

 

အားကစားပွဲကြီးများကို အိမ်ရှင်အဖြစ် ကျင်းပသည့်  တရုတ်မြို့ကြီးအချို့တွင်လည်း Tesla ကားများအပေါ် ပိတ်ပင်မှုများ တိုးလာသည်။

 

၂၀၂၂ ခုနှစ် ဇွန်လတွင် ချန်ဒူးမြို့သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်စဉ် တက်စလာကားများကို ချန်ဒူးမြို့အတွင်း မောင်းနှင်ခွင့် မပေးချေ။  မြို့ပြင်မှ မြို့တွင်းသို့လည်း ဝင်ခွင့် မပေးချေ။

 

လုံခြုံရေး ပေါက်ကြားမည်ကို စိုးရိမ်ရသည်ဟု အကြောင်းပြချက်ဖြင့် ဟူ‌ဘေးပြည်နယ် Yueyang Sanhe လေဆိပ် ယာဉ်ရပ်နားစခန်းတွင် တက်စဘလာကားများရပ်နားခွင့်ကို လအတန်ကြာ ပိတ်ပင်ထားခဲ့ဖူးသည်။

 

ကားကို ရပ်ထားခဲ့စဉ် ကားမှ ကင်မရာများက ဘေးပတ်ဝန်းကျင်ကို ဗီဒီယို မှတ်တမ်းတင်နေနိုင်ပြီး ၎င်းမှတ်တမ်း ဗီဒီယိုသည် တက်စလာ ဒေတာစင်တာထံသို့ အင်တာနက်မှတဆင့် အလိုအလျောက် စဉ်ဆက်မပြတ် ပေးပို့နေနိုင်သည်။ 

 

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် တက်စလာက တရုတ်ပြည်မှ တက်စလာဒေတာစင်တာကို ပြသခဲ့သည်။ တက်စလာကားများမှ ပေးပို့သည့် ဒေတာများအားလုံးကို တရုတ်ပြည်တွင်းမှ ဒေတာစင်တာတွင်သာ သိမ်းဆည်းကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းသိမ်းဆည်းထားသော ဒေတာများကို ကူးယူပြီး အခြားနေရာသို့ ပေးပို့နိုင်သည့် ဟာကွက် ရှိနေသည်။


Automobile Guide တွင် ယခင်တင်ပြခဲ့သည့် ဗီဒီယို သတင်းဆောင်းပါး

Tesla ကားများကို တရုတ်ပြည်ရှိ မြို့အချို့တွင် သွားလာခွင့်ပိတ်ပင်

https://www.automobiledirectory.com.mm/article/tesla-cars-barred-for-2-months-in-beidaihe.html

အပြည့်အစုံ ဖတ်ရှုရန် လင့်ကို ထိပါ


 

 

 

 

Source Asia Nikkei 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 705 times