အမေရိကန်မှာ ကားများ ရောင်းချဖို့ BYD စိတ်မဝင်စားဟု ပြောကြား


အမေရိကန်မှာ ကားများ ရောင်းချဖို့ BYD စိတ်မဝင်စားဟု ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ရောင်းဈေး အမေရိကန်ဒေါ်လာ ၂၃၀,၀၀၀ ကျော်ရှိ လျှပ်စစ်ကားစစ်စစ် စူပါအိမ်စီးပြိုင်ကား Yangwang U9 မော်ဒယ်အသစ်ကို BYD Auto က ပွဲထုတ်ပြသနေသည်။  BYD သည် ဈေးအမြင့်တန်းသို့ စတင်ဝင်ရောက်လျက် ရှိသည်၊

 

BYD သည် အီးဗီ ရောင်းအားတွင် တက်စလာ၏ ရောင်းအားကို မီလာခဲ့ပြီး ကျော်တက်နိုင်ခဲ့သည်။

ရောင်းအားအရ ကမ္ဘာ့အကြီးမားဆုံး အီးဗီ ထုတ်လုပ်ရေး ကုမ္ပဏီအဖြစ်သို့ ရောက်ရှိသည်။

 

BYD သည် အမေရိကန်နှင့် ကုန်သွယ်ရေး သဘောတူညီချက် ရယူထားသည့် အိမ်နီးချင်းနိုင်ငံ မက္ကဆီကိုတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ပြီး ကားထုတ်လုပ်ရေးစက်ရုံ လုပ်ကိုင်နေပါသည်။ မက္ကဆီတွင် ထုတ်လုပ်သည့် ကားများကို အမေရိကန်သို့ တင်သွင်းသည့်အခါ နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက်များအရ အခွန်သက်သာခွင့် ရရှိမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ BYD သည် အမေရိကန်ဈေးကွက်ထဲသို့ တိုက်ရိုက်ဝင်လျှင် မြင့်မားသော အခွန်နှုန်းထားများကို ရင်ဆိုင်ရမည် ဖြစ်သဖြင့် မက္ကဆီကိုတွင် ထုတ်လုပ်သည့် ကားများကို အမေရိကန်သို့ တင်သွင်းရောင်းချဖွယ် ရှိသည်ဟု ထင်ကြေးပေးကြပါသည်။

 

ယခုအခါ BYD သည် အိမ်စီးအီးဗီကားများကို အမေရိကန်တွင် ရောင်းချရန် အစီအစဉ် မရှိသေးကြောင်း ပြောကြားပါသည်။ 

 

BYD Americas ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Stella Li က Yahoo Finance မှ Akiko Fujita နှင့် တွေ့ဆုံပြောဆိုခဲ့သည့် အင်တာဗျူးတွင် ကမ္ဘာ့ အီးဗီဈေးကွက်ထဲသို့ BYD ချဲ့ထွင်နေသော်လည်း အမေရိကန်ဈေးကွက် မပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။ 

“အမေရိကန် ဈေးကွက်က စိတ်ဝင်စားစရာကောင်းတဲ့ ဈေးကွက်တစ်ခုပါ။ ဒါပေမဲ့ အီးဗီ ရောင်းဖို့ဆိုရင်တော့ အတော် လက်ဝင်တဲ့ ဈေးကွက်ပါ။ ကားစီးသူတွေအနေဖြင့် အီးဗီကို ကူးပြောင်းဖို့ ထည့်စဉ်းစားစရာတွေ ရှိနေတယ်။ ဒီတော့ အီးဗီတွေ အဝယ်နှေးနေတယ်။ ဒီတော့ လောလောဆယ်မှာ ကျွန်တော်တို့ အမေရိကန်ကို လာရောင်းဖို့ အစီအစဉ် မရှိသေးပါဘူး" ဟု ၎င်းက ပြောကြားသည်။

တရုတ်- အမေရိကန် နှစ်နိုင်ငံ နိုင်ငံရေးကြောင့် အမေရိကန်ကို လက်ရှောင်ထားခြင်း ဟုတ်မဟုတ် Li ကို မေးမြန်းသည့်အခါ '“အရာရာက ရှုပ်ထွေးနေပါတယ်။ နိုင်ငံရေးကလည်း ရှုပ်ထွေးနေပါတယ်… ကားစီးသူတွေအတွက်လည်း မရှင်းမလင်း ဖြစ်နေပါတယ်။ ဘယ်ဟာကို ရွေးရင် ကောင်းမလဲဆိုတာ သူတို့ မသိတော့ဘူး" ဟု Li က ဖြေကြားပါသည်။

Source yahoo 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 1527 times