အဆင့်မြင့်နည်းပညာကားများ CES 2022 ပြပွဲကို လွှမ်းမိုး


အဆင့်မြင့်နည်းပညာကားများ CES 2022 ပြပွဲကို လွှမ်းမိုး

အမေရိကန်နိုင်ငံ လပ်စ်ဗေးဂတ်စ်မှာ နှစ်စဉ်ကျင်းပတဲ့ လူသုံးကုန် အီလက်ထရွန်းနစ် ပြပွဲ Consumer Eectronics Show-CES မှာ တီဗီ ဒရုံး ဗီဒီယိုဂိမ်း စသဖြင့် ပစ္စည်း အသစ်အဆန်းတွေ ပြသခဲ့ကြရာမှ အဆင့်မြင့်နည်းပညာ ကားတွေကိုပါ ထည့်သွင်းပြသလာခဲ့ကြရာ ယခုနှစ်ပြပွဲ CES 2022 မှာတော့ ကားတွေအပေါ် စိတ်ဝင်စားမှု ရေချိန် အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကို နောက်မှ ဝင်လာတဲ့ ဗီယက်နမ်နှင့် တူရကီတို့လည်း ပါဝင်ပြသခဲ့ကြပါတယ်။

 ယခုနှစ် CES မှာ ပြသခဲ့တဲ့ ကားတွေ အကုန်လုံး အပြည့်အဝ လျှပ်စစ်ကား စစ်စစ်တွေ ဖြစ်ပါတယ်။ 

 

GM ရဲ့Silverado
General Motors (GM) ရဲ့ Chevrolet Silverado EV ကို ၂၀၂၃ မှာ စတင်ရောင်းချမယ်။ GM ရဲ့ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ ကားမော်ဒယ်ကို အင်ဂျင်မပါဘဲ ဘက်ထရီတွေ တပ်ဆင်ပြီး လျှပ်စစ်ကားအဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ပါဝါ 664 horsepower ၊ ရုန်းအား 780 pound-feet အထိ ထုတ်ပေးနိုင်တယ်။

 

 

အရေးပါတဲ့ ခရီးတာ
ဆီနဲ့မောင်းတဲ့ကားအစား လျှပ်စစ်ကားကို လူအများ ပြောင်းစီးဖို့အတွက် အရေးပါတဲ့အချက်က အားအပြည့်သွင်းပြီးရင် ခရီတာ ဘယ်လောက်ဝေးဝေးအထိ သွားနိုင်သလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။
  Mercedes-Benz EQXX က တစ်ခါအားအပြည့် သွင်းပြီးရင် ခရီးတာ ၆၂၅ မိုင်အထိ သွားနိုင်တယ်။ သုံးစွဲထားတဲ့ ဘက်ထရီက လတ်တလောက စတင်ထုတ်လုပ်ခဲ့တဲ့ Mercedes-Benz EQS ဆီဒင် မှာ သုံးစွဲထားတဲ့ ဘက်ထရီရဲ့ အရွယ် ထက်ဝက်သာ ရှိပြီး အလေးချိန်က ၃၀% လျော့နည်းပါတယ်။ 

 

 

တကျော့ပြန် Airflow
ယခင်တုန်းက မော်ဒယ် ၁၂ မျိုးအထိ ထုတ်လုပ်ခဲ့တဲ့ Chrysler က ယခုအခါ မော်ဒယ် ၂ မျိုးသာ ထုတ်လုပ်ပါတယ်။ ဥရောပ- အမေရိကန် ကား brands ၁၄ ခု ပိုင်ဆိုင်ထားတဲ့  Stellantis က Chrysler ကို ပိုင်ဆိုင်ပါတယ်။ 
Chrysler က Airflow အမည်ဖြင့် အီးဗီကို ပွဲထုတ်ပါတယ်။ ၁၉၃၄ ခုနှစ်တုန်းက ပေါက်ခဲ့တဲ့ မော်ဒယ်အမည်ကို တကျော့ပြန် ပြန်သုံးထားတယ်။ Chrysler ရဲ့ ပထမဆုံးအီးဗီအဖြစ် ၂၀၂၅ မှာ ထုတ်လုပ်ဖို့ လျာထားပါတယ်။၂၀၂၈ မှစ၍ လျှပ်စစ်ကားများကိုသာ ထုတ်လုပ်တော့မယ်လို့ ဆိုပါတယ်။

 

VinFast V7

ဗီယက်နမ်မှ VinFast က အမေရိကန်ဈေးကွက်ထဲ အီးဗီ SUV မော်ဒယ် ၂ မျိုးဖြင့် မောင်းဝင်မည်

လူသစ်တန်း
အီးဗီလောကထဲ အသစ်ဝင်ရောက်လာတဲ့ ဗီယက်နမ်ကားလုပ်ငန်း VinFast က CES 2022 မှာ ပါဝင်ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အီးဗီ SUV မော်ဒယ် ၂ မျိုးကို ပွဲထုတ်ခဲ့ပြီး ယခု CES 2022 မှာ နောက်ထပ် ၃ မျိုး ပြသခဲ့ပါတယ်။ အမေရိကန်ဈေးကွက်ထဲ ရောင်းချမယ့် အစီအစဉ်က ကားကိုရောင်းမယ်။ ဘက်ထရီကို မရောင်းဘူး။ ဘက်ထရီကို ငှားမယ်လို့ ဆိုပါတယ်။ 

 

 


 CES 2022 မှာ နောက်ထပ် လူသစ်တန်း ပါဝင်ပြသခဲ့တာ တူရကီနိုင်ငံမှ Togg ဖြစ်ပါတယ်။ အဆင့်မြင့်နည်းပညာသုံး ဆီဒင်မော်ဒယ်ကို ပြသခဲ့ပါတယ်။
 
CES 2022 မှာ လိုင်းကူးလာတဲ့ Sony က Vision-S အီးဗီ SUV မော်ဒယ် ၂ မျိုး ပြသခဲ့ပါတယ်။ Myanmar Automobile Guide မှာ သတင်းဆောင်းပါး ဖော်ပြခဲ့ပါတယ်။

Sony က လျှပ်စစ်ကား ၂ စီး မိတ်ဆက်ပြသ
 

 

 


ကားအတွင်းပိုင်း စခရင်များ

CES 2020 မှာ ပြသတဲ့ ကားတွေရဲ့ အတွင်းပိုင်းမှာ ဗီဒီယို အပြစခရင်တွေ တပ်ဆင်ပေးထားတယ်။ ဆိုနီရဲ့ အီးဗီမှာ ၇ ခုအထိပါတယ်။ 
BMW iX SUV အီးဗီက ကားစီးတဲ့သူတွေ Netflix ကြည့်ဖို့ အပြစခရင်တွေ တပ်ဆင်ပေးထားတယ်။ “Netflix and Chill” လို့ ကြွေးကြော်တယ်။ ၃၁ လက်မ စခရင်၊ မျက်နှာကြက်မှာ panorama display ၊ 5G ချိတ်ဆက်၊ 8k smart TV ပါတယ်။

 

 


BMW က ကားကိုယ်ထည် အရောင်ပြောင်းလို့ရမယ့် ကားမော်ဒယ်ကို ပြသခဲ့ပါတယ်။
Myanmar Automobile Guide မှာ သတင်းဆောင်းပါး ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ပထမဆုံး အရောင်ပြောင်းကား BMW ပြသ

 

 

Read 729 times