ဗီယက်နမ်မှ VinFast က အမေရိကန်ဈေးကွက်ထဲ အီးဗီ SUV မော်ဒယ် ၂ မျိုးဖြင့် မောင်းဝင်မည်


ဗီယက်နမ်မှ VinFast က အမေရိကန်ဈေးကွက်ထဲ အီးဗီ SUV  မော်ဒယ် ၂ မျိုးဖြင့် မောင်းဝင်မည်


ဗီယက်နမ် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း VinFast က အမေရိကန်နိုင်ငံအတွက် ရုံးချုပ်ကို လော့စ်အိန်ဂျယ်လိစ်မြို့မှာ ဖွင့်လှစ်ပြီး အီးဗီ မော်ဒယ် ၂ မျိုးကို အမေရိကန်မှာ ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
အမေရိကန်မှာ စက်ရုံတည်ဖို့ မြေနေရာလည်း ရှာဖွေနေပါတယ်။

VinFast  ဟာ ဗိယက်နမ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် Pham Nhat Vuong ပိုင်ဆိုင်ပြီး ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံးကုမ္ပဏီစု Vingroup ရဲ့ လက်အောက်မှ လုပ်ငန်း ဖြစ်ပါတယ်။

အမေရိကန်မှာ ရောင်းချမယ့် အီးဗီ SUV မော်ဒယ် နှစ်မျိုးကို VinFast က Los Angeles Auto Show မှာ ပြသခဲ့ပါတယ်။

 VF e35 အရွယ်အလတ်စား နဲ့  VF e36 အရွယ်အကြီး အီးဗီမော်ဒယ် ၂ မျိုးကို လာမယ့်နှစ် ပထမနှစ်ဝက်မှာ အော်ဒါ စလက်ခံမှာ ဖြစ်ပြီး ဒုတိယနှစ်ဝက်မှာ ဝယ်ယူသူတွေထံ ပေးပို့မှာ ဖြစ်ပါတယ်။

အားအပြည့်သွင်းပြီးရင် VF e35 က မိုင် ၃၁၀ ၊ VFe 36 က ၄၂၂ မိုင်အထိ မောင်းနှင်နိုင်ပါတယ်။

အမေရိကန်မှာ ရောင်းချမယ့် အီးဗီမော်ဒယ်တွေရဲ့ ဈေးနှုန်းကို ပြောကြားခြင်း မပြုသေးပါ။ 
ဗီယက်နမ်မှာတော့ အရွယ်ငယ်တဲ့ VF e35 အီးဗီကို အမေရိကန်ဒေါ်လာ ၃၉,၅၀၀ ဖြင့် ရောင်းချပါတယ်။

SUV နှစ်မျိုးစလုံးကို ဗီယက်နမ်နိုင်ငံမှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဗီယက်နမ်မှ ရေကြောင်းဖြင့် ကားတွေကို တင်ပို့တဲ့အခါ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး အမေရိကန် အနောက်ဘက်ကမ်းခြေမှ အဓိကဆိပ်ကမ်း လော့စ်အိန်ဂျယ်လိစ်ဆိပ်ကမ်းသို့ တင်ပို့မှာ ဖြစ်တာကြောင့် လော့စ်အိန်ဂျယ်လိစ်မြို့မှာ VinFast ရုံးချုပ် ထားရှိတာ ဖြစ်ပါတယ်။

အမေရိကန်မှာ စက်ရုံထားရှိပြီး ထုတ်လုပ်မှုကို ၂၀၂၄ ခုနှစ်မှာ စတင်ဖို့ ရည်မှန်းထားပါတယ်။၏

 

 

Read 3376 times