Xiaomi EV ဝယ်ယူလျှင် ပေကျင်းနံပါတ်ပြား အခမဲ့ရမည့်သတင်း မမှန်ကန်ဟု Xiaomi  ငြင်းဆို


Xiaomi EV ဝယ်ယူလျှင် ပေကျင်းနံပါတ်ပြား အခမဲ့ရမည့်သတင်း မမှန်ကန်ဟု Xiaomi  ငြင်းဆို

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အသစ်ထွက်လာတော့မည့် Xiaomi EV ကို ဝယ်ယူသူသည် ပေကျင်းလိုင်စင် ကားနံပါတ်ပြားကို အခမဲ့ရနိုင်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ဆိုရှယ်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှု ဖြစ်ပွားနေစဉ် Xiaomi က ၎င်းသတင်း မမှန်ကန်ဟု ငြင်းဆိုလိုက်ပါသည်။

.

"သတင်းသည် လုံးဝမမှန်ပါ၊ Xiaomi EV ၏ ဈေးနှုန်း၊ ပေးပို့မှုနှင့် ရောင်းချမှု မူဝါဒသည် တရားဝင် ထုတ်ပြန်မှ အတည် ဖြစ်ပါသည်" ဟု Xiaomi Weibo အကောင့်မှ ရေးသားခဲ့သည်။

.

Beijing လိုင်စင် ကားနံပါတ်ပြား မရှိသော ကားသုံးစွဲသူများအဖို့ Xiaomi EV ၏ ပထမဆုံး ကားကို ဝယ်ယူဖို့ စဉ်းစားသင့်သည်။  အခမဲ့ လိုင်စင်နံပါတ်ပြားကို ရရှိနိုင်ပါသည်ဟု NetEase က သတင်းဖော်ပြခဲ့သည်။

.

“အရောင်းမြှင့်တင်မှုအနေနဲ့ ကားဝယ်တဲ့အခါ ဖောက်သည်တွေ ရနိုင်တဲ့ ပေကျင်းလိုင်စင် ကားနံပါတ်ပြား ၂,၀၀၀-၃,၀၀၀ လောက်ရှိတယ်”ဟု သတင်းရစ်မြစ်က ပြောကြားကြောင်း NetEase ၏ သတင်းတွင် ဖော်ပြထားသည်။ 

.

တရုတ်နိုင်ငံ မြို့တော် ပေကျင်းသည် ကားဝယ်ယူသူအဖို့ ပေကျင်းလိုင်စင် ကားနံပါတ်ပြား ရဖို့ အင်မတန်ခဲယဉ်းသည်။ 

 

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေလျှော့ရန် မျှော်လင့်ချက်ဖြင့် တရုတ်နိုင်ငံရှိ မြို့အများအပြားတွင် ကားနံပါတ်ပြားကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားကြသည်။ သို့သော် မြို့အများစုသည် ဘက်ထရီသုံး အီးဗီ battery electric vehicle (BEV) များကိုမူ ကားနံပါတ်ပြား ထုတ်ပေးပါသည်။ 

.

ပေကျင်းတွင် သတ်မှတ်အရည်အချင်းပြည့်မီသူများသာ ပေကျင်းလိုင်စင် ကားနံပါတ်ပြား လျှောက်ထားနိုင်သည်၊

ပေကျင်းတွင် နေထိုင်သူဖြစ်ပြီး ပေကျင်း အိမ်ထောင်စုစာရင်း ပြသနိုင်ရမည်။ ပေကျင်း အိမ်ထောင်စု စာရင်းမရှိသည့်သူအဖို့ အနည်းဆုံး ၅ နှစ်ဆက်တိုက် ပေကျင်းတွင် အခွန်ဆောင်ထားသူ ဖြစ်ပြီး လူမှုဖူလုံရေး လစဉ်ကြေးများလည်း မပျက်မကွက် ၅ နှစ်ဆက်တိုက် ပေးသွင်းထားသူ ဖြစ်ရမည်။ 

.

အရည်အချင်းပြည့်မီပါက လျှောက်လွှာတင်ထားပြီး မဲဖေါက်ပေးသည်ကို စောင့်ရမည် ဖြစ်သည်။ မဲပေါက်ပြီးလျှင် ခွဲတမ်းအရ အလှည့်ကျလာမည့်အချိန်ကို စောင့်ရမည် ဖြစ်သည်။

ခွဲတမ်းသည် တနှစ်လျှင် စီးရေ တသိန်း သတ်မှတ်ထားပြီး BEV အတွက် ၇ သောင်း ခွဲတမ်း ပေးထားသည်။ 

.

ရှန်ဟိုင်းမြို့တွင်လည်း ရှန်ဟိုင်းလိုင်စင် ကားနံပါတ်ပြား  ကန့်သတ်ချက်များရှိသော်လည်း BEV များအတွက် လိုင်စင်နံပါတ်ပြားများကို အလွယ်တကူ ထုတ်ပေးသည်။ အင်ဂျင်ကားများ ကနဦး မှတ်ပုံတင်မည်ဆိုလျှင် ကားနံပါတ်ပြားကို ကြိုတင်လျှောက်ထားရမည် ဖြစ်ပြီး လေလံ ဝင်ပြိုင်ရမည် ဖြစ်သည်။ လက်ရှိတွင် ယွမ် ၉၂,၀၀၀ ($12,780) ဝန်းကျင် ပေးမှ လေလံအောင်နိုင်ဖွယ် ရှိသည်။ 

Xiaomi  သည် ၎င်း၏ပထမဆုံးမော်ဒယ်ဖြစ်သည့် SU7 ကို ဒီဇင်ဘာ ၂၈ ရက်က ထုတ်ဖော်ပြသခဲ့သည့်အကြောင်း AutomobileGuide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

 


 

Xiaomi ပထမဆုံး အီးဗီ Xiaomi SU7 တရားဝင် ပွဲထုတ်ပြသ

#AutomobileGuide

https://www.automobiledirectory.com.mm/article/xiaomi-xiaomi-su7.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Xiaomi ပထမဆုံး အီးဗီများ စတင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း AutomobileGuide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

 


 

ဈေးနှုန်းမကြေညာသေးသော Xiaomi SU7 အီးဗီ ဆီဒင်များ ရာချီ ထုတ်လုပ်

#AutomobileGuide

https://www.automobiledirectory.com.mm/article/hundreds-of--xiaomi-su7.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ၏

 

 Source  CnEVPost


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 223 times