Xiaomi ပထမဆုံး အီးဗီ Xiaomi SU7 တရားဝင် ပွဲထုတ်ပြသ


Xiaomi ပထမဆုံး အီးဗီ Xiaomi SU7 တရားဝင် ပွဲထုတ်ပြသ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

စမတ်ဖုန်းကုမ္ပဏီကြီး Xiaomi သည် ၎င်း၏ပထမဆုံးကားဖြစ်သည့် Xiaomi SU7 လျှပ်စစ်ဆလွန်းအား တရားဝင်မိတ်ဆက်ခဲ့သည်။

Xiaomi သည်  ကားထုတ်လုပ်ရေး အစီအစဉ်များကို လွန်ခဲ့သည့် သုံးနှစ်နီးပါးက ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်တွင် ကြေညာခဲ့သည်။
 ကုမ္ပဏီ၏ စီအီးအို နှင့် တည်ထောင်သူ Lei Jun က Xiaomi သည်  ကားထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍတွင် ယွမ် ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံ) ရင်းနှီးမြုပ်နှံမည်ဟု လူသိရှင်ကြား မိန့်ခွန်းပြောကြားခဲ့သည်။


ယခု ပထမဆုံး အီးဗီ မိတ်ဆက်ပွဲကို စတင်ကြေညာခဲ့သည့်ရက်မှ ရက်ပေါင်း ၁,၀၀၀ ပြည့်သည့်နေ့တွင် ကျင်းပခဲ့သည်။ 

Xiaomi SU7 ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ အလုံးအရင်းဖြင့် ထုတ်လုပ်မှု စတင်မည်ဟု ကုမ္ပဏီက  ပြောကြားခဲ့သည်။ 

နိုဝင်ဘာလတွင် ရောင်းချခွင့်လိုင်စင် လျှောက်ထားခဲ့ရာ တင်ပြသည့် စာရွက်စာတမ်းများမှတဆင့် SU7 အီးဗီအချက်အလက်များ သိခွင့် ရခဲ့သည်ကို Automobile Guide တွင် ဖော်ပြခဲ့ပါသည်။


စမတ်ဖုန်း ထုတ်လုပ်သူ  Xiaomi ပထမဆုံး လျှပ်စစ်ကား အကြောင်းစုံ သိရ
https://www.automobiledirectory.com.mm/article/-xiaomi-first-ev-revealed.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

 


ယခု မိတ်ဆက်ပွဲတွင် Xiaomi SU7 ကို SU7 နှင့် Max. SU7 ဟူ၍ ဗားရှင်း ၂ မျိုး ထုတ်လုပ်မည်ဟု ပြောကြားပါသည်။

 

• SU7 သည် အခြေခံမော်ဒယ်ဖြစ်ပြီး နောက်ဘီးယက် ဖြစ်သည်။ 
 Xiaomi မှ ဖွံ့ဖြိုးထုတ်လုပ်ထားသည့် V6 အင်ဂျင် တပ်ဆင်ထားပြီး ပါဝါ 220 kW နှင့် ရုန်အား 400 Nm အထိ ထုတ်ပေးနိုင်သည်။
0-100 km/h အရှိန်တင်ရန် ၅.၂၈ စက္ကန့်ကြာသည်။
CATL မှ ထုတ်လုပ်သည့် Qilin ဘက်ထရီထုပ် 73.6 kWh ကို အသုံးပြုထားပြီး CLTC (China Light-Duty Vehicle Test Cycle) စံအရ ခရီးတာ ၆၆၈ ကီလိုမီတာ ရသည်။ 


• SU7 Max သည် ၄ ဘီးယက်ဖြစ်ပြီး မော်တာ ၂ လုံး သုံးထားသည်။ ပါဝါ 425 kW နှင့် ရုန်းအား 838 Nm အထိ ရသည်။ 
 0-100km/h အရှိန်တင်ရန် ၂.၇၈ စက္ကန့်ကြာသည်။ 
0-200 km/h အရှိန်တင်ရန် ၁၀.၆၇ စက္ကန့်ကြာသည်။

"စူပါ လျှပ်စစ်မော်တာ" "super electric motor" နည်းပညာ သုံးထားသဖြင့် အမြန်နှုန်း အရှိန်တင်ရာတွင် Tesla နှင့် Porsche အီးဗီများထက် သာသည်ဟု Lei Jun က ပြောကြားသည်။

အမြန်ဆုံး အမြန်နှုန်းမှာ 265 km/h ဖြစ်ပါသည်။

 


CATL ၏  Qilin NMC ဘက်ထရီထုပ် 101 kWh အသုံးပြုထားသည်။ CLTC အရ ခရီးတာ ကီလိုမီတာ ၈၀၀ ရသည်။ 
ဘက်ထရီကို ကီလိုမီတာ ၃၉၀ ခရီးတာအတွက် အားသွင်းချိန် ၁၀ မိနစ်ကြာသည်။ 

 

SU7 အတိုင်းအတာမှာ
• အလျား 4997 mm
• အကျယ် 1963 mm
• အမြင့် 1455 mm
• ခါးအလျား 3000 mm

 

ပစ္စည်းတင်ရန်နေရာ ကားရှေ့ပိုင်းတွင် 105 liters နှင့် နောက်ပိုင်းတွင် 517 liters ပါရှိသည်။

 

ဆော့ဖ်ဝဲ operation system မှာ Xiaomi ၏ HyperOS ဖြစ်ပြီး Qualcomm Snapdragon 8295 ချစ်ပ် သုံးထားသည်။ 
အလိုအလျောက် မောင်းနှင်စနစ် Xiaomi Pilot အတွက် Nvidia Orin-X ချစ်ပ် သုံးထားသည်။

 

 

“Xiaomi ဟာ လာမယ့် ၁၅-၂၀ နှစ်အတွင်းမှာ ကမ္ဘာ့ထိပ်တန်း ကားကုမ္ပဏီ ၅ ခုထဲ ပါဝင်သူ ဖြစ်လာချင်ပါတယ်” ဟု CEO Lei Jun က ပြောကြားခဲ့သည်။

 

"လာမည့် ၁၅ နှစ် မှ  နှစ် ၂၀ အတွင်း အားသွန်ခွန်စိုက် လုပ်ဆောင်ခြင်းဖြင့် ကျွန်တော်တို့ ကမ္ဘာ့ထိပ်တန်း မော်တော်ကား ထုတ်လုပ်သူ ၅ ဦးထဲမှ တစ်ဦး ဖြစ်လာမယ်" ဟု ၎င်းက ပြောကြားသည်။

Xiaomi သည် တစ်ဆယ်နှစ်တာအတွင်း မော်တော်ယာဥ်ကဏ္ဍတွင် ကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှပ်နှံရန် ကတိပြုထားသည်။


၎ကားများကို နိုင်ငံပိုင် ကားထုတ်လုပ်သူ BAIC Group ၏ ပေကျင်းကားစက်ရုံတွင် ထုတ်လုပ်မည်ဖြစ်သည်။ တစ်နှစ်လျှင် ကားအစီးရေ  ၂ သိန်းအထိ ထုတ်လုပ်နိုင်သော စက်ရုံ ဖြစ်ပါသည်။

မိတ်ဆက်ပွဲတွင် ဈေးနှုန်းကို ပြောမပြခဲ့ပါ။ Lei Jun က“မနောက်ကြပါနဲ့။ ကားစျေးနှုန်း ယွမ် ၁၄၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉,၈၀၀) မဟုတ်ပါဘူး။  ကားနောက်ကွယ်မှ နည်းပညာအတွက် လေးစားသမှု  ပြသပါဦး” ဟု ၎င်းက ပြောကြားခဲ့သည်။
"တစ်ကယ်တော့ နည်းနည်းမြင့်မယ်။ ဒါပေမဲ့ ဈေးနှုန်းကို လူတိုင်းက မျှတပါတယ်လို့ ယူဆမှာပါ" ဟု ၎င်းက ပြောကြားခဲ့ပါသည်။

 

 


 

Source Reuters carnewschina 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 781 times