Toyota ၂၀၂၂ မှာ အမြတ်လျော့ကျခဲ့ပြီး ၂၀၂၃ မှာ အမြတ်ပိုရမည် မျှော်မှန်း


Toyota ၂၀၂၂ မှာ အမြတ်လျော့ကျခဲ့ပြီး  ၂၀၂၃ မှာ အမြတ်ပိုရမည် မျှော်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toyota  Motor Corp သည် ကုန်ပစ္စည်းကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့်အသားတင်အမြတ်ငွေသည်  ၂၀၂၂ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ၁၄% ကျဆင်းခဲ့ပြီး ယန်း ၂.၄၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ) ရရှိခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (မေ ၁၀)တွင် ပြောကြားခဲ့သည်။ လေးနှစ်အတွင်း အသားတင်အမြတ်ငွေ ပထမဆုံးအကြိမ် လျော့ကျခြင်း ဖြစ်သည်။

သံမဏိနှင့် အလူမီနီယံအတွက် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းကြောင့် Toyota ၏ လုပ်ငန်းဆောင်ရွက်မှု အမြတ်ငွေ ယန်း ၁.၅၅ ထရီလီယံ ကျဆင်းသွား‌စေခဲ့သည်။

Toyota  Motor ကို ဧပြီလ ၁ ရက်မှစ၍ ပဲ့ကိုင်ခဲ့သူ Koji Sato က "ပစ္စည်းကုန်ကျစရိတ်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကဲ့သို့သော အတက်အကျရှိတဲ့ အကြောင်းရင်းများကို ခုခံနိုင်စေရန် ခံနိုင်ရည်အား တိုးမြှင့်ပေးသွားပါမယ်" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လာမည့်မတ်လကုန်အထိ လက်ရှိစီးပွားရေးလုပ်ငန်းနှစ်အတွက် Toyota သည် အသားတင်အမြတ်ငွေ ၅.၂%  ပိုမိုရရှိမည်ဟု မျှော်မှန်းထားပြီး ယန်း ၂.၅၈ ထရီလီယံအထိ တိုးလာရန် မျှော်လင့်ထားသည်။
 
ယခုနှစ်တွင် Toyota နှင့် Lexus အမှတ်တံဆိပ်များအတွက် စုစုပေါင်ူ ကားအစီးရေ ၁၀.၁ သန်း စံချိန်တင်ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
ယမန်နှစ်က စီးရေ ၉.၁၃ သန်း ထုတ်လုပ်ခဲ့ပါသည်။

ရောင်းအားအနေဖြင့် Toyota  Motor မှ ပိုင်ဆိုင်သည့် Daihatsu Motor Co နှင့် Hino Motors Ltd တို့အပါအဝင် ကမ္ဘာတစ်လွှား ၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးရေ ၁၁.၃၈ သန်း ရောင်းချရန် လျာထားပါသည်။ 
 Toyota အမှတ်တံဆိပ်အတွက်  Daihatsu မှ ထုတ်လုပ်ပေးသော  မော်ဒယ် ၄ မျိုးမှ  ကားများကို တိုက်ကြေဘေးကင်းမှု အစစ်ဆေးခံရာတွင် မရိုးမဖြောင့် လုပ်ဆောင်ခဲ့သဖြင့် အရောင်းရပ်ထားခဲ့ရာမှ ယခုအခါ မလေးရှား၊ မက္ကဆီကိုနှင့် အီကွေဒေါ နိုင်ငံများသို့ ပြန်လည်တင်ပို့နေပြီ ဖြစ်ကြောင်း Toyota က ပြောကြားပါသည်။

ပြင်ပအဖွဲ့အစည်းတစ်ခုမှ သုံးသပ်ချက်အရ ၎င်းယာဉ်များအားလုံး မောင်းနှင်ရန် ဘေးကင်းကြောင်း တွေ့ရှိသဖြင့် ပြန်လည်တင်ပို့ခြင်း ဖြစ်ပါသည်။
ထိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသတို့ကို အရောင်းရပ်ထားဆဲ ဖြစ်ပါသည်။


ယခင်ဖော်ပြချက်
Daihatsu ပြဿနာကြောင့် Toyota က ထိုင်းမှာ Yaris မော်ဒယ် အရောင်း ရပ်ဆိုင်းထား
https://www.automobiledirectory.com.mm/article/daihatsu-toyota-yaris.html

Toyota အတွက် ကားအစီး ၈၈,၀၀၀ ကျော် တိုက်ကြေစမ်းသပ်မှုတွင် မရိုးဖြောင့်ခဲ့ကြောင်း Daihatsu ဝန်ခံ
https://www.automobiledirectory.com.mm/article/-daihatsu-toyota-motor-corp.html


တိုက်ကြေဘေးကင်းမှု အစစ်ဆေးခံရာတွင် မရိုးမဖြောင့် လုပ်ကိုင်ခဲ့သည်မှာ လူပုဂ္ဂိုလ်ကြောင့် မဟုတ်ကြောင်း၊ ထို့သို့ ပြုမူအောင် တွန်းပို့သည့် လုပ်ထုံးလုပ်နည်းနှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်ကြောင်း၊ နောက်နောင် ထိုသို့ မဖြစ်ပွားသည်မှာ သေချာအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း Sato က ပြောကြားခဲ့ပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 126 times