Toyota အတွက် ကားအစီး ၈၈,၀၀၀ ကျော် တိုက်ကြေစမ်းသပ်မှုတွင် မရိုးဖြောင့်ခဲ့ကြောင်း Daihatsu ဝန်ခံ


Toyota အတွက် ကားအစီး ၈၈,၀၀၀ ကျော် တိုက်ကြေစမ်းသပ်မှုတွင် မရိုးဖြောင့်ခဲ့ကြောင်း Daihatsu ဝန်ခံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Toyota Motor Corp  လက်အောက်မှ  Daihatsu သည် ကားကို ဘေးမှ ဝင်တိုက်ခံရလျှင် ကားပေါ်ပါသူတို့ ဘေးကင်းရေး စမ်းသပ်မှုတွင် ခံနိုင်ရည်အတွက် အဆစ်အပိုင်းကို တံခါးတွင် ထည့်ပေးခဲ့ပြီး ရောင်းချသည့် ကားများတွင် ၎င်းအစီအမံများ မပါချေ။ အဆိုပါကား စီးရေ ၈၈,၀၀၀ ကျော်ကို Toyota brand ဖြင့် ရောင်းချခဲ့ကြောင်း ကုမ္ပဏီက ပြောကြားသည်။

 Toyota ဥက္ကဋ္ဌ Akio Toyoda က ကုမ္ပဏီများသည် Yaris နှင့် အခြား မော်ဒယ်လ်များ၏ ဘေးဘောင်ကို  တိုက်ကြေ ဘေးကင်းရေး စမ်းသပ်ခံရန်အတွက် မည်ကဲ့သို့ ပြောင်းလဲထားခဲ့သည်ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
စားသုံးသူယုံကြည်မှုကို "လက်မခံနိုင်သော" ချိုးဖောက်မှုဟု ၎င်းက ပြောကြားပြီး တောင်းပန်ခဲ့သည်။

အဆိုပါကားများထံမှ ထိခိုက်ဒဏ်ရာရသည့် ဖြစ်ရပ် ကြားသိရခြင်း မရှိသေးကြောင်း Toyota က ပြောကြားသည်။
ယခုပြဿနာကို တိုင်တန်းသူက အသိပေးပြောကြားသဖြင့် သိရှိခဲ့ကြခြင်း ဖြစ်သည်။
အကျုံးဝင်သည့် မော်ဒယ်များကို ထပ်မံတင်ပို့ခြင်း မပြုဘဲ ရပ်ဆိုင်းထားသည်။

အကျုံးဝင်သော မော်ဒယ်များတွင် ထိုင်းနိုင်ငံမှာ ၂၀၂၂ ဩဂုတ်လမှစ၍ ထုတ်လုပ်သော Toyota Yaris Ativ ၊ မလေးရှားနိုင်ငံတွင် ၂၀၂၃ ဖေဖော်ဝါရီလမှစ၍ ထုတ်လုပ်သော Perodua Axia တို့ ပါဝင်သည်။
ထိုင်း၊ မက္ကဆီကို၊ အာရပ်နိုင်ငံများဖြစ်သော ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာတာ၊ ဘာရိန်းနှင့် အိုမန် နိုင်ငံများသို့ အကျုံးဝင်သည့် Yaris မော်ဒယ်များ အစီးရေ ၇,၆၀၀ ဝန်းကျင် ပေးပို့ထားသည်။ 

အကျုံးဝင်သည့် ကားစီးရေ  ၁၁,၈၀၀ ခန့်သည် မလေးရှားနိုင်ငံမှ ကားထုတ်လုပ်သူ Perodua နှင့် Daihatsu တို့၏ ဖက်စပ်လုပ်ကိုင်သည့်စက်ရုံတွင်   ထုတ်လုပ်သော Axia မော်ဒယ်များ ဖြစ်ပြီး အားလုံးကို မလေးရှားတွင် ရောင်းချထားသည်။
Daihatsu က တိုက်ကြေ ဘေးကင်းရေး စမ်းသပ်မှု အသစ်များကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ မော်ဒယ်များ ဘေးကင်းကြောင်း အတည်ပြုပြီးမှ ဈေးကွက်များသို့ တင်ပို့မှု ပြန်လည်စတင်မည်ဟု ပြောကြားသည်။

ကားအသေးစားများ ထုတ်လုပ်မှုကို အထူးပြုသည့် Daihatsu သည် ၂၀၁၆ ခုနှစ်တွင် Toyota က  ရာနှုန်းပြည့် ပိုင်ဆိုင်သော လက်အောက်ခံ ကုမ္ပဏီခွဲ ဖြစ်လာခဲ့သည်။

Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 302 times