Daihatsu ပြဿနာကြောင့် Toyota က ထိုင်းမှာ Yaris မော်ဒယ် အရောင်း ရပ်ဆိုင်းထား


Daihatsu ပြဿနာကြောင့် Toyota က ထိုင်းမှာ Yaris မော်ဒယ် အရောင်း ရပ်ဆိုင်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Toyota Motor Corp သည်  Yaris Ativ ကို ထိုင်းနိုင်ငံမှာ အရောင်း ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။
Toyota ပိုင်ဆိုင်သည့် Daihatsu က ကားကို ဘေးမှ ဝင်တိုက်လျှင် ကားစီးသူ ဘေးကင်းမှုအတွက် တိုက်ကြေအစစ်ဆေးခံရာတွင် မရိုးမဖြောင့် လုပ်ကိုင်ခဲ့သဖြင့် Daihatsu မှ တာဝန်ယူ ထုတ်လုပ်ထားသည့် Yaris Ativ ကို အရောင်းရပ်ထားလိုက်ခြင်း ဖြစ်သည်။


ယခင်ဖော်ပြချက်
Toyota အတွက် ကားအစီး ၈၈,၀၀၀ ကျော် တိုက်ကြေစမ်းသပ်မှုတွင် မရိုးဖြောင့်ခဲ့ကြောင်း Daihatsu ဝန်ခံ
https://www.automobiledirectory.com.mm/article/-daihatsu-toyota-motor-corp.html


 ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Toyota ၏ အာရှဒေသဆိုင်ရာ စီအီးအို Masahiko Maeda က Ativ မော်ဒယ်ကို ဖန်တီးစဉ်အတွင်း ဖိအား‌ပေးခံရခြင်းကြောင့် ယခုလို ပြဿနာမျိုး ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ပြီး လက်ရှိ ကားဝယ်ထားသူများ အသုံးပြုနေသည့် မော်တော်ကားများသည် ဘေးကင်းကြောင်း ပြောကြားခဲ့သည်။
 
“သင့်လျော်တဲ့ အခြေအနေတွေအရ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရင် ဒီလိုပြဿနာမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု Maeda က  ပြောကြားသည်။

ထိုင်းနိုင်ငံသည် ထုတ်လုပ်မှုပမာဏအားဖြင့် ဂျပန်၊ အမေရိကန်၊ တရုတ်တို့ပြီးလျှင်  တိုယိုတာ၏ စတုတ္ထအကြီးဆုံး ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှု အချက်အချာဖြစ်ပါသည်။ 
 ဇိမ်ခံအမှတ်တံဆိပ် Lexus မော်ဒယ်များ အပါအဝင် ကားအစီးရေ ၆၅၉,၀၀၀ ခန့်ကို ယမန်နှစ်က  ထိုင်းနိုင်ငံမှာ ထုတ်လုပ်ခဲ့ပါသည်။

Source bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 322 times