ထိုင်း စူပါပရီမီယံ ကားနံပါတ်ပြား စတုတ္ထအကြိမ် လေလံ ကြမ်းခင်းဈေးနှုန်းများ


ထိုင်း စူပါပရီမီယံ ကားနံပါတ်ပြား စတုတ္ထအကြိမ် လေလံ ကြမ်းခင်းဈေးနှုန်းများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံတွင်  ကားနံပါတ်ပြား စတုတ္ထအကြိမ် လေလံပွဲကို စနေနေ့ နံနက်တွင် ကျင်းပမည် ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် ကားများအတွက် အထူးနံပါတ်ပြားများပါသည့် လိုင်စင်နံပါတ် ခုရေ ၁၃၀ ကို လေလံတင်ရောင်းချမည်ဖြစ်သည်။
“စူပါပရီမီယံ” “super premium” တွင် ပါသည့် နံပါတ်တစ်ခုလျှင် ကြမ်းခင်းဈေးနှုန်း  ဘတ် ၁.၅ သန်းမှ စတင်သည်။ 

ယခုလေလံပွဲသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စတုတ္ထအကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ စနေနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီတွင် စတင်မည် ဖြစ်သည်။

ထိုင်ခုံ ၇ ထက် မပိုသော ကိုယ်ပိုင်ကားများအတွက် နံပါတ်များကို အထူးလိုင်စင်ပလိတ်ပြားဖြင့် ထုတ်ပေးမည် ဖြစ်သည်။

လိုင်စင်ပလိတ်ပြားများကို အုပ်စု ၄ ခု ခွဲခြားသတ်မှတ်ပေးထားသည်။

 စူပါပရီမီယံ Super premium
 ရှေ့တွင် မတူသည့် ထိုင်းအက္ခရာပါသည့်  ၈ ၄လုံး သို့မဟုတ် ၉ ၄ လုံး (8888, 9999) နံပါတ်ပြားများ ဖြစ်ပြီး နံပါတ်ပြားတစ်ခုလျှင် ကြမ်းခင်းဈေးနှုန်း  ဘတ် ၁.၅ သန်းမှ စတင်သည်။

ပရီမီယံ Premium
၁ မှ ၇ အထိ ၄ လုံးတူနံပါတ်များ (1111, 2222, 3333, 4444, 5555, 6666, 7777)
နံပါတ်ပြားတစ်ခုလျှင် ကြမ်းခင်းဈေးနှုန်း  ဘတ် ၁  သန်းမှ စတင်သည်။

ရွှေ Gold
အပူးဂဏန်းများ ( 11, 22, 33, 44, 55, 66, 77, 88, 99) ၊ ၃လုံးတူ ဂဏန်းများ (111, 222, 333, 444, 555, 666, 777, 888, 999) ၊ ၈ ဂဏန်းနှင့် ၉ ဂဏန်း အပူးအတွဲများ (8899, 9988, 8998, 8989, 9898, 9889)
နံပါတ်ပြားတစ်ခုလျှင် ကြမ်းခင်းဈေးနှုန်း  ဘတ် ၈ သိန်းမှ စတင်သည်။

ငွေ Silver 
ထောင်ပြည့်ဂဏန်းများ (1000, 2000, 3000, 4000, 5000, 6000, 7000, 8000, 9000)
အစဉ်လိုက်ဂဏန်း ၃ လုံး (ဥပမာ 123, 789)
အစဉ်လိုက်ဂဏန်း ၄ လုံး (ဥပမာ 1234, 6789) 
 ၈ ဂဏန်းနှင့် ၉ ဂဏန်းမပါသော အပူးအတွဲများ (ဥပမာ 1122, 3434, 5665) 
 နံပါတ်ပြားတစ်ခုလျှင် ကြမ်းခင်းဈေးနှုန်း  ဘတ် ၅ သိန်းမှ စတင်သည်။

အပြိုင်အဆိုင် ကြမ်းမည့်နံပါတ်များမှာ 9999, 7777, 8899,789 တို့ ဖြစ်သည်။
ယခင်လေလံ ၃ ကြိမ်တွင် ဘတ် ၆၉၂.၇၃ သန်း ရရှိခဲ့သည်။ 
ပထမဆုံးအကြိမ်တွင် 9999 နံပါတ်ပြားကို ဘတ် ၁၈.၅၆ သန်းဖြင့် လေလံအောင်ခဲ့ပါသည်။


ထိုင်းကားနံပါတ်လေလံ ကံအကောင်းဆုံးနံပါတ် ဘတ် ၁၈.၅ သန်းဖြင့် လေလံဆွဲ
https://www.automobiledirectory.com.mm/article/185-million-baht-for-luckiest-licence-plate-in-thailand.html


လပ်ကီးကားနံပါတ်လေလံ ဘတ် ၄၅ သန်းကျော်ဖြင့် စံချိန်သစ်တင်
https://www.automobiledirectory.com.mm/article/lucky-licence-plate-breaks-record.html


Source nationthailand 
 

Read 573 times