လပ်ကီးကားနံပါတ်လေလံ ဘတ် ၄၅ သန်းကျော်ဖြင့် စံချိန်သစ်တင်


လပ်ကီးကားနံပါတ်လေလံ ဘတ် ၄၅ သန်းကျော်ဖြင့် စံချိန်သစ်တင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုသည် ယခင်လေလံစံချိန် ဘတ် ၂၈.၁ သန်း စံချိန်ကို ချိုးပြီး တန်ဖိုးကြီးနံပါတ်ကို ဝယ်ယူလိုက်ပါသည်။

ဒီဇင်ဘာ ၁၁၊ ၂၀၂၂ စနေနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနက ကားလိုင်စင်ပလိတ်နံပါတ် “9 Kor Kor 9999” ကို လေလံတင်သည်။
လေလံဆွဲသူတို့ ပေးသည့် ဈေးနှုန်းကို မိုနီတာစခရင်တွင် အချိန်နှင့် တပြေးညီ ပြသပေးနေသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ မော်တော်ယာဉ် လိုင်စင်နံပါတ်ပြား နံပါတ်များကို စနေနေ့တွင် လေလံတင်ရောင်းချခဲ့ရာ၌ “9 Kor Kor 9999” လည်း ပါဝင်သည်။ “9 Kor Kor 9999” ကို ဘတ် ၄၅.၀၉ သန်းဖြင့် လေလံအောင်သွားသည်။ လေလံသမိုင်းသက်တမ်းတစ်လျှောက် အမြင့်မားဆုံးပမာဏအဖြစ် စံချိန်သစ် တင်လိုက်ခြင်းဖြစ်သည်။

 


စနေနေ့တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက လပ်ကီးနံပါတ် ၆၄ ခု လေလံတင်ခဲ့သည်။ တနင်္ဂနွေနေ့တွင် နောက်ထပ် လပ်ကီးနံပါတ် ၂၃၇ ခု လေလံတင်မည်။ 
လပ်ကီးနံပါတ် “9 Kor Kor 9999” သည် စိတ်ဝင်စားမှုရေချိန် အမြင့်ဆုံးဖြစ်သည်။ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ဈေးပေးသည့် ကြိမ်ရေ ၂၀၂ ကြိမ် ရှိခဲ့သည်။ 
အချို့က  လေလံပွဲသို့ လူကိုယ်တိုင် တက်ရောက်ပြီး လေလံဆွဲကြသည်။ အချို့က ဖုန်းဆက်ပြီး လေလံဆွဲကြသည်။ အချို့က အွန်လိုင်းမှတစ်ဆင့် လေလံဆွဲကြသည်။

 

 

“9 Kor Kor 9999” ကို  ဘတ် ၄၅ သန်းကျော်ဖြင့် လေလံအောင်သူမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Titan Capital Group Holding ဖြစ်ပါသည်။
၂၀၂၀ အောက်တိုဘာလတွင် လပ်ကီးနံပါတ် “8 Kor 8888” ကို လေလံတင်ခဲ့ရာ၌ ဘတ် ၂၈.၁ သန်းဖြင့် စံချိန်သစ်တင်ထားသည်ကို ယခု ဘတ် ၄၅ သန်းကျော်ဖြင့် စံချိန်ချိုးလုိက်ခြင်း ဖြစ်သည်။ 
လေလံဆွဲရန် မူလက လျာထားသည်ထက် အနည်းငယ် ကျော်လွန်နေသော်လည်း လပ်ကီးနံပါတ်ကို အရယူဖို့ ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းက သတင်းမီဒီယာများကို ပြောကြားသည်။
လေလံပွဲမှ ရရှိသည့် ဝင်ငွေများကို Road Safety Fund သို့ လွှဲပြောင်းပေးအပ်မည် ဖြစ်သည်။

ထိုင်းတွင် ကိုးဂဏန်းအသံထွက်သည် ကောင့် 
kao ဖြစ်ပြီး ထိုင်းဘာသာတွင် လမ်းလျှောက်ခြင်းအတွက် သံတူကြောင်းကွဲ ဖြစ်သဖြင့် ရှေ့သို့ ဆက်လျှောက်ခြင်း၊ သာယာဝပြောစွာဖြင့် ရှေ့တိုးခြင်း ပရိယာယ်အနက် ရှိပါသည်။

Source Bangkokpost
 

Read 3529 times