ထိုင်းကားနံပါတ်လေလံ ကံအကောင်းဆုံးနံပါတ် ဘတ် ၁၈.၅ သန်းဖြင့် လေလံဆွဲ


ထိုင်းကားနံပါတ်လေလံ ကံအကောင်းဆုံးနံပါတ် ဘတ် ၁၈.၅ သန်းဖြင့် လေလံဆွဲ

ထိုင်းနိုင်ငံမှာ ကားနံပါတ် လေလံပွဲကို ဧပြီလ ၇ ရက် ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။ "အထူးနံပါတ်များ" “special licence plates” များကို အကြိတ်အနယ် လေလံပြိုင်ဆွဲခဲ့ကြပါတယ်။
ကံအကောင်းဆုံးနံပါတ် လို့ အများက ယုံကြည်ယူဆတဲ့ ကားနံပါတ်ကို ဘတ် ၁၈ သန်းခွဲဖြင့် လေလံအောင်ခဲ့ပါတယ်။


မြန်မာနိုင်ငံမှာတော့ ပုံသေနှုန်းထားဖြင့် ရောင်းချ ပေးပါတယ်။

ဈေးနှုန်းဇယား

 


Department of Land Transport (DLT) က Road Safety Fund အတွက် ၂၀၀၃ ခုနှစ်ကစလို့ အထူးကားနံပါတ်များကို လေလံပစ်ခဲ့ပါတယ်။ ယခုအထိ ဘတ် ၄ ဘီလျံကျော် ရရှိထားပါတယ်။
ယခု Pullman Bangkok King Power Hotel မှာ လေလံပွဲကို ကျင်းပခဲ့ရာ နောက်ထပ် ဘတ် သန်း ၁၀၀ ခန့် ထပ်မံ ရရှိခဲ့ပါတယ်။

အထူးပုံစံနံပါတ်များကို ယခုနှစ်လေလံပွဲမှာ စတင်ထည့်သွင်းခဲ့ပါတယ်။ 
အထူးပုံစံနံပါတ်မှာ  ဗျည်း၊ သရ သို့မဟုတ် အသံထွက် ၇ ခုအထိ ကားနံပါတ်ရှေ့မှာ ထည့်‌ေပးပါတယ်။ နံပါတ်ပြားမှာ လူအမည် သို့မဟုတ် စာလုံးများကို ဖော်ပြနိုင်ပြီး ကုန်းလမ်းပို့ဆောင်ရေးဌာန Department of Land Transport ရဲ့ အတည်ပြု ခွင့်ပြုချက် ရယူဖို့တော့ လိုအပ်ပါတယ်။

"ယခုနှစ်လေလံပွဲမှာ လိုင်စင်နံပါတ်ပြား ၈၄ ခု လေလံပစ်ပါတယ်။ လေလံပွဲ ကျင်းပတဲ့ ဟိုတယ်မှာ လူကိုယ်တိုင် တက်ရောက်သူများအပြင် www.tabienrod.com မှာ အချိန်နှင့်တပြေးညီ တင်ပြတဲ့ အွန်လိုင်းလေလံမှာ တက်ရောက်သူများ စုစုပေါင်း ၂၃၇ ဦး လေလံဆွဲခဲ့ကြပါတယ်" လို့ ကုန်းလမ်းပို့ဆောင်ဌာန ဦးဆောင်ညွှန်ကြားရေးမှူး Jirut Wisaljit က ပြောကြားပါတယ်။

စိတ်ဝင်စားမှု ရေချိန် အမြင့်ဆုံးက “รวย 9999” ဖြစ်ပါတယ်။ ထိုင်းစာလုံး “rich” ကြွယ်ဝခြင်း ကို နံပါတ် ၉ လေးလုံးရှေ့မှာ ထည့်ပေးထားတဲ့ လိုင်စင် နံပါတ်ပြားဖြစ်ပါတယ်။ ၉ ၄ လုံးက နိမိတ်နမာ အကောင်းဆုံး ကိန်းဂဏန်းလို့ ယူဆယုံကြည်ကြတာကြောင့် ဖြစ်ပါတယ်။
စစချင်း လေလံဈေးနှုန်းကြမ်းခင်း‌ေဈးက ဘတ် ၁ သန်းခွဲ ဖြစ်ပြီး ၃၃ ဦးက အကြိတ်အနယ် လေလံဆွဲခဲ့ကြပါတယ်။ အပြိုင်အဆိုင် ဈေးပေးကြတာ ၄၂၄ ကြိမ်အထိ ရှိခဲ့ပြီး အင်တာနက်မှတစ်ဆင့် လေလံဆွဲသူက လေလံအောင်ခဲ့ပါတယ်။ သူက အမည်ရင်းကို ကွယ်ဝှက်ထားပြီး “Whatever” "ဘာမဆို"လို့ အမည်ပေးထားပါတယ်။ "ဘာမဆို" က ဘတ် ၁၈.၅၆ သန်းဖြင့် လေလံအောင်သွားပါတယ်။

 ဒုတိယ အဟော့ဆုံး လိုင်စင်နံပါတ်ပြားက ထိုင်းစာလုံး “rich” ကြွယ်ဝခြင်း ကို ၈ လေးလုံးရှေ့မှာ ထည့်ပေးထားတဲ့ “รวย 8888” ဖြစ်ပါတယ်။ ၎င်းသည်လည်း စစချင်း လေလံဈေးနှုန်း ကြမ်းခင်းဈေးက ဘတ် ၁ သန်းခွဲ ဖြစ်ပါတယ်။ ၁၄ ဦး ပြိုင်ခဲ့ကြပြီး အကြိမ် ၃၂၀ ဈေးပေးခဲ့ကြပါတယ်။ Revomed အလှကုန် ကုမ္ပဏီမှ ညွန်ချုပ် အသက် ၃၇ နှစ်ရှိ Wassana Inthasaeng က ဘတ် ၁၁.၁ သန်းဖြင့် လေလံအောင်ခဲ့ပါတယ်။
 

 

၈ ဂဏန်းကို အထူးသဖြင့် ကန်တုံတရုတ်တွေက ကံကောင်းတဲ့ ဂဏန်းလို့ ယူဆယုံကြည်ပါတယ်။
ကိုဗစ်ကာလ နှစ်နိုင်ငံနယ်စပ်ဂိတ် ပိတ်ထားစဉ် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများကို သွားလာရန် ခွင့်ပြုတဲ့ Vaccinated Travel Lane (VTL) အစီအစဉ် ၂၀၂၁ ဩဂုတ်လမှာ စတင်တော့ ဖွင့်ပွဲကို နှစ်နိုင်ငံမှ ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ပါတယ်။ နယ်ခြား ဖြတ်ကျော်မယ့် ခရီးသည်တွေ ပို့ဆောင်မယ့် ဘတ်စ်ကား နံပါတ်က PC 888 A ဖြစ်ပါတယ်။ စင်ကာပူ ဝန်ကြီးချုပ်က "သူတို့က ဘတ်စ်ကားအတွက် နံပါတ်ကောင်း ပေးထားပါတယ်” လို့ မှတ်ချက်ပြုပါတယ်။ နံပါတ် ၈ ကန်တုံတရုတ်စကား အသံထွက်က "စည်းစိမ်ချမ်းသာ" နှင့် သံတူကြောင်းကွဲ ဖြစ်နေလို့ ကံကောင်းတဲ့နံပါတ် ဖြစ်ပါတယ်။ 


၈ လေးလုံးကို လေလံအောင်တဲ့ Wassana က သူ ဝယ်ထားတဲ့ Bentley ကားအသစ်မှာ အသုံးပြုမယ်လို့ ဆိုပါတယ်။ သူနှင့် အလှကုန်ကုမ္ပဏီတို့အတွက် ကံကောင်းခြင်းများ ဆောင်ကျဉ်း ပေးမယ်လို့ ပြောကြားပါတယ်။

လေလံအောင်တဲ့သူက ကျသင့်ငွေကို ရက်ပေါင်း ၃၀ အတွင်း ပေးသွင်းရပါမယ်။ 


ယခုနှစ် စံချိန် ဘတ် ၁၈.၅၆ သန်းဟာ လေလံသမိုင်းမှာ တတိယအများဆုံး ဖြစ်ပါတယ်။

အများဆုံးက “8กก 8888” အတွက် ရရှိခဲ့တဲ့ ဘတ် ၂၈.၁ သန်း ဖြစ်ပါတယ်။
ဒုတိယအများဆုံးက “1กก 1111” အတွက် ရရှိခဲ့တဲ့ ဘတ် ၂၅ သန်း ဖြစ်ပါတယ်။

Read 1701 times