Tesla ရဲ့ ရှန်ဟိုင်းကားစက်ရုံ ထုတ်လုပ်စီးရေ ၂ ဆ တိုးမြှင့်တော့မည်


Tesla ရဲ့ ရှန်ဟိုင်းကားစက်ရုံ ထုတ်လုပ်စီးရေ ၂ ဆ တိုးမြှင့်တော့မည်

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် တည်ရှိသော Tesla လျှပ်စစ်ကား ထုတ်လုပ်ရေး စက်ရုံ Gigafactory 3 တွင် ရှန်ဟိုင်းမြို့ COVID-19 လော့ဒေါင်း မချခင် ထုတ်လုပ်ခဲ့တဲ့နှုန်းဖြင့် မေလ ၂၄ ရက် အင်္ဂါနေ့မှာ စတင်လုပ်ကိုင်မယ်လို့ ကုမ္ပဏီတွင်း ပေးစာမှာ အသိပေးထားပါတယ်။ 

လက်ရှိထုတ်လုပ်နှုန်းကို ၂ ဆ တိုးပြီး တစ်ရက် စီးရေ ၂,၆၀၀ ထုတ်လုပ်မယ့် အစီအစဉ် ဖြစ်ပါတယ်။ မေလ  ၂၃ ရက် တနင်္လာနေ့မှာ  စီးရေ ၁,၀၀၀ ဝန်းကျင် ထုတ်လုပ်ပြီးစီးခဲ့ပါတယ်။
အစီအစဉ်အသစ်ရဲ့ ရည်မှန်းချက်က တစ်ပတ် စီးရေအနည်းဆုံး ၁၆,၀၀၀ နီးပါး ထုတ်လုပ်ဖို့ ဖြစ်တယ်လို့ ကုမ္ပဏီတွင်း ပေးစာမှာ အသိပေးထားပါတယ်။ 

လော့ဒေါင်းမချခင်အချိန်တုန်းက ထုတ်လုပ်နှုန်းကို ပြန်ရဖို့ Tesla ကြိုးပမ်းရာမှာ စိန်ခေါ်မှုများ ရှိနေပါတယ်။ ရှန်ဟိုင်းမြို့မှာ လူအများ အသွားအလာကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားလို့ လုပ်သားများ အလုပ်ဆင်းလို့ မရခဲ့ပါဘူး။အခုတော့ မြို့အာဏာပိုင်တွေက ရပ်ကွက်အာဏာပိုင်တွေ့ကို လုပ်သားတွေ အလုပ်ပြန်ဆင်းဖို့ လိုအပ်တဲ့ သွားလာခွင့် စာရွက်စာတမ်းများကို အမြန်ဆုံးစိစစ်ပြီး ထုတ်ပေးဖို့ ဆော်ဩနေပါတယ်။

လွန်ခဲ့တဲ့ ၂ ပတ်တုန်းက Tesla က လော့ဒေါင်းမချခင်အချိန်တုန်းက ထုတ်လုပ်နှုန်းကို မေလ ၁၆ ရက်မှာ ပြန်စမယ်လို့ ကြေညာခဲ့ပေမဲ့ ပြန်မစနိုင်ခဲ့ဘဲ တစ်ပတ်နှောင့်နှေးခဲ့ပြီးနောက် မေလ ၂၄ ရက်မှ ပြန်စဖို့ ကြေညာထားတာ ဖြစ်ပါတယ်။


Tesla က ဧပြီလ ၁၉ ရက်မှာ စက်ရုံကို အလုံပိတ်စနစ်ဖြင့် တစ်စိတ်တစ်‌ပိုင်း ပြန်လည် လည်ပတ်ခဲ့ပါတယ်။


ယခင် ဖော်ပြချက် ဖတ်ရှုရန် အပြာရောင် ခေါင်းစဉ်ကို ထိပါ။

Tesla ရှန်ဟိုင်းကားစက်ရုံ အလုံပိတ်စနစ်ဖြင့် ပြန်လည် လည်ပတ်

ရှန်ဟိုင်းမှ Tesla ကားစက်ရုံ ပြန်လည်ရပ်ဆိုင်း

 

ဧပြီလ ၁၉ ရက် ပြန်မဖွင့်ခင်အထိ ၂၂ ရက်တိုင်တိုင် ပိတ်ထားခဲ့ရပါတယ်။ 
 ၂၀၁၉ မှာ Gigafactory 3 စက်ရုံ စတင်လည်ပတ်ခဲ့ပြီးတဲ့နောက်မှာ ရက်အကြာဆုံး စံချိန်တင် ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ရှန်ဟိုင်းလော့ဒေါင်းကြောင့် Tesla ထိခိုက်ခဲ့ပါတယ်။ တရုတ်ပြည်တွင်းဈေးကွက်မှာ ၂၀၂၂ မတ်လမှာ စီးရေ ၆၅,၇၅၄ ရောင်းချခဲ့ပြီး ဧပြီလမှာ ၁,၆၁၂ စီးမျှသာ ရောင်းချခဲ့ရပါတယ်။ 
လော့ဒေါင်းမချခင်က Tesla ရဲ့ Gigafactory 3 ကားစက်ရုံမှာ အဆိုင်း ၃ ဆိုင်းဖြင့် ၂၄ နာရီပတ်လည် ကားများ ထုတ်လုပ်ခဲ့ပါတယ်။ Tesla ရဲ့ Model 3 နှင့် Model Y တို့ကို ထုတ်လုပ်ပါတယ်။ 

Read 909 times