ရှန်ဟိုင်းမှ Tesla ကားစက်ရုံ ပြန်လည်ရပ်ဆိုင်း


ရှန်ဟိုင်းမှ Tesla ကားစက်ရုံ ပြန်လည်ရပ်ဆိုင်း


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တည်ရှိတဲ့ ကားစက်ရုံကို Tesla က မေလ ၉ ရက် တနင်္လာနေ့မှာ ထုတ်လုပ်မှုများ ယာယီရပ်ဆိုင်း ထားပါတယ်။

အမေရိကန်မှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Tesla က ရှန်ဟိုင်းမြို့မှာ ကိုဗစ် ျလာ့ဒေါင်းချသဖြင့် စက်ရုံ ပိတ်ထားခဲ့ရာမှာ အာဏာပိုင်တို့နှင့် စက်ရုံပြန်ဖွင့်ခွင့် ရဖို့ ညှိနှိုင်း ဆောင်ရွက်ခဲ့ပါတယ်။ ဧပြီလ ၁၉ ရက်မှာ အလုံပိတ်စနစ် ကျင့်သုံးပြီး စက်ရုံပြန်လည် လည်ပတ်ခဲ့ပါတယ်။ စက်ရုံအလုပ်သမားများ အားလုံး အိမ်မပြန်ဘဲ  စက်ရုံဝင်းထဲမှာပဲ နေထိုင်ပြီး အလုပ်ဆင်းကြရပါတယ်။ 
စက်ရုံပြန်လည် လည်ပတ်ခဲ့ပြီး ၂၂ ရက်အကြာမှာ  ကားများအတွက် လိုအပ်တဲ့ ဝါယာပိုင်းဆိုင်ရာ အစိတ်အပိုင်းများ မရရှိလို့ စက်ရုံ ယာယီပိတ်နား ထားပါတယ်။
ဝါယာပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ဘယ်တော့လောက် ရမလဲဆိုတာ မရေမရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ရှန်ဟိုင်းမြို့ကို လော့ဒေါင်းချထားတာ ၆ ပတ် ရှိနေပြီဖြစ်ပြီး ဘယ်တော့ ပြီးဆုံးမှာလဲဆိုတာ မပြောနိုင်သေးပါဘူး။
Tesla ထံသို့ ယာဉ်ပစ္စည်း အစိတ်အပိုင်း ပေးသွင်းနေတဲ့ လုပ်ငန်းများကို အလုံပိတ်စနစ်ဖြင့် စက်ရုံလည်ပတ်ခွင့် ပေးထားသော်လည်း စက်ရုံမှာ ကိုဗစ်ပိုး ကူးခံရသူ ရှိရင် စက်ရုံကို လော့ဒေါင်း ချပါတယ်။
Tesla နှင့် General Motors တို့ထံ ဝါယာပိုင်းဆိုင်ရာ အစိတ်အပိုင်းများ ပေးသွင်းတဲ့ Aptiv ရဲ့ စက်ရုံမှာ ကိုဗစ်ကူးစက်ခံသူများ တွေ့ရှိသဖြင့် စက်ရုံကို လော့ဒေါင်းချထားလို့ ကုန်ထုတ်လုပ်မှု ရပ်ဆိုင်းထားပါတယ်။

ရှန်ဟိုင်းမှာ တည်ရှိတဲ့ Tesla ကားစက်ရုံမှာ မေလ ၁၆ မှ စ၍ အဆိုင်း တစ်ဆိုင်းထပ်တိုးပြီး တစ်ရက် ကားစီးရေ ၂,၆၀၀ ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားပြီးပြီ ဖြစ်ပေမဲ့ Aptiv ထံမှ ပစ္စည်းများ မရနိုင်တာကြောင့် ထုတ်လုပ်မှု ယာယီရပ်ဆိုင်းထားရပါတယ်။ 

ရှန်ဟိုင်းလော့ဒေါင်း မကျခင် မတ်လ ၂ ၈ ရက်အထိ တစ်ရက် ၃ ဆိုင်းဖြင့် ၂၄ နာရီ ပတ်လည် လုပ်ကိုင်ပါတယ်။ တစ်ပတ် ၇ ရက် ပိတ်ရက်မရှိ လုပ်ကိုင်ပါတယ်။ လက်ရှိ အလုံပိတ်စနစ်ဖြင့် လည်ပတ်တဲ့အခါ တစ်ပတ် ၆ ရက် လုပ်ကိုင်ပြီး တစ်ရက်ကို ၁၂ နာရီကြာတဲ့ အဆိုင်း ၂ ဆိုင်းဖြင့် ၂၄ နာရီ ပတ်လည် လုပ်ကိုင်ပါတယ်။
တစ်ဆိုင်းကို ၁၂ နာရီ ကြာ အချိန်သတ်မှတ်ထားပေမဲ့ ယာဉ်အစိတ်အပိုင်းများ အလုံအလောက် အလျဉ်မီ မရရှိတဲ့အတွက် တစ်ဆိုင်းကို ၈ နာရီ လုပ်ကိုင်ပြီးချိန်မှာ ရပ်နားထားရပါတယ်။ 

ရှန်ဟိုင်း ကားစက်ရုံမှာ ပုံမှန်အားဖြင့် တစ်ရက် စီးရေ ၂,၁၀၀ ဝန်းကျင် ထုတ်လုပ်ပါတယ်။  ကိုဗစ်လော့ဒေါင်းကြောင့် ပိတ်ထားခဲ့ရာမှ စက်ရုံ ပြန်လည် လည်ပတ်ခဲ့စဉ် ဧပြီလ ၁၉ မှ ၃၀ ရက် အထိ တစ်ရက် ပျမ်းမျှ ကားစီးရေ ၈၃၀ ထုတ်လုပ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့အပတ်မှာ တရုတ်နိုင်ငံ မော်တော်ယာဉ်အသင်းမှ ထုတ်ပြန်တဲ့ အချက်အလက်များအရ zero-Covid မူဝါဒအရ လော့ဒေါင်း တင်းတင်းကျပ်ကျပ် ချထားတာကြောင့် ဧပြီလမှာ ကားရောင်းအား ၄၈% ကျဆင်းခဲ့ပါတယ်။ ကားအရောင်းပြခန်းများသို့ သွားရောက်ဖို့ မဖြစ်နိုင်တာကြောင့်တစ်ကြောင်း၊ လော့ဒေါင်းကြောင့် မိသားစု စီးပွားရေး ထိခိုက်တာကြောင့် အသုံးအစွဲချွေတာတစ်ကြောင်း တို့ကြောင့် ဝယ်လိုအား ကျဆင်းနေပါတယ်။ 

 

 

လာမယ့် မေလမှာ တရုတ်နိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများ ထုတ်လုပ်မှုများ ရပ်နားထားရဖွယ် ရှိနေပါတယ်လို့ တရုတ်လျှပ်စစ်ကား ထုတ်လုပ်ရေး လုပ်ငန်း Xpeng ရဲ့ စီအီးအို He Xiaopeng က ပြောကြားခဲ့ကြောင်းMyanmar Automobile Guide မှာ ဖော်ပြခဲ့ပါတာကို အောက်ဖော်ပြပါ ခေါင်းစဉ်ကို ထိပြီး ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။ 

တရုတ်နိုင်ငံ ကားထုတ်လုပ်မှုများ မေလတွင် ရပ်ထားရဖွယ်ရှိ

Read 11260 times