Tata Motors အိန္ဒိယ အီးဗီဈေးကွက် ဦးဆောင်သူနေရာ ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
အိန္ဒိယ၏ လျှပ်စစ်ကားစျေးကွက် ကြီးထွားလာကာ ပြိုင်ဆိုင်မှုများ ပိုမိုပေါ်ပေါက်လာသည်နှင့်အမျှ Tata Motors သည် စျေးကွက် အသာစီးရနေသည့် အနေအထားကို ထိန်းသိမ်းထားနိုင်ရန် တတ်နိုင်သမျှ လုပ်ဆောင်နေသည်။
အိန္ဒိယတွင် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေသော်လည်း ဈေးအနိမ့်ဖြင့် ရောင်းချသည့် မဟာဗျူဟာကို ဆက်လက်ကိုင်စွဲထားသည်။
Tata Motors သည် ၎င်း၏ Tiago hatchback လျှပ်စစ်ဗားရှင်းအသစ်အတွက် စျေးနှုန်းအနည်းငယ်တက်မည်ဟု ဖေဖော်ဝါရီ ၁၀ တွင် ကြေညာသောအခါ လူအများ ဝယ်စီးနိုင်မည့် ဈေးနှုန်းတွင် ဆက်လက်ထားရှိမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
ရူပီး ၂၀,၀၀၀ (ဒေါ်လာ ၂၄၀)ကို မည်ကာမတ္တ တိုးမြှင့်ခဲ့ပြီး ကားရောင်းဈေးကို လူအများစု လက်လှမ်းမီစေရန် ရူပီ တစ်သန်းအောက်တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း Tata Motors က ပြောကြားသည်။
အခြားလျှပ်စစ်မော်ဒယ်များအတွက် ရူပီး ၁ သန်းကျော် စျေးနှုန်း သတ်မှတ်ထားသော်လည်း အောက်တိုဘာလတွင် Tata Motors မှ Tiago hatchback အတွက် ကြိုတင်အမှာစာများ စတင်လက်ခံချိန်တွင် ရူပီး ၈၄၉,၀၀၀ ဖြင့် စတင်ရောင်းချခဲ့သည်။ ၎င်းဈေးနှုန်းသည် စီးရေ တစ်သောင်းအထိသာဟု ဆိုသည်။ အမှာစာ စီးရေ တစ်သောင်း ပြည့်သွားသောအခါ စီးရေ နှစ်သောင်းအထိ တိုးမြှင့်သတ်မှတ်ပေးလိုက်သည်။
Tata Group ၏ အဓိကကုမ္ပဏီ Tata Motors သည် အိန္ဒိယ လျှပ်စစ်ကားဈေးကွက်ကို ကြီးစိုးထားသည်။ ၂၀၂၂ တွင် အိန္ဒိယမှာ အီးဗီ အိမ်စီးကား ၅၁,၁၇၂ စီး ရောင်းချခဲ့ရာ စီးရေ ၄၄,၀၀၀ ကျော်သည် Tata Motors မှ ထုတ်လုပ်သည့် အီးဗီများ ဖြစ်သည်။
ကမ္ဘာ့တတိယအကြီးဆုံး ကားဈေးကွက်ဖြစ်သည့် အိန္ဒိယကားဈေးကွက်တွင် အီးဗီရောင်းအားသည် သေးငယ်သော ပမာဏမျှသာ ဖြစ်သည်။ ၂၀၂၂ တွင် အိမ်စီးကားနှင့် လုပ်ငန်းသုံးကား စီးရေ ၄.၇၂ သန်း ရောင်းချခဲ့သည်။ အီးဗီရောင်းအားသည် သောင်းဂဏန်းမျှသာ ဖြစ်သည်။
သို့သော် ကမ္ဘာ့ရေစီးကြောင်းတွင် အီးဗီဆီသို့ ကူးပြောင်းနေစဉ် အိန္ဒိယသည်လည်း အီးဗီဆီသို့ ကူးပြောင်းမည်ဖြစ်ပေရာ Tata Motors က ရှေ့မှ ဦးဆောင်သူဖြစ်နေဖို့ ရည်မှန်းချက် ထားရှိသည်။
ထို့အတွက် အီးဗီဘက်ထရီ စက်ရုံများ ထူခောင်မည် ဖြစ်သည်။ အိန္ဒိယမှာသာမက ဥရောပတွင်လည်း တည်ဆောက်ဖို့ အစီအစဉ် ရှိသည်။
ထို့ပြင် အားသွင်းရုံ အခြေခံအဆောက်အအုံကိုလည်း တည်ဆောက်နေသည်။ Tata Group ၏ လုပ်ငန်းခွဲဖြစ်သော Tata Power သည် အားသွင်းရုံ ကွန်ရက်ကို အားသွင်းရုံ ခုရေ ၄,၅၀၀ မှ ၂၅,၀၀၀ အထိ ရောက်ရှိအောင် လာမည့် ၅ နှစ်အတွင်း အကောင်အထည်ဖော်မည် ဖြစ်သည်။
ချစ်ပ် အလုံအလောက်မရသည့်အတွက် ထုတ်လုပ်မှုများ လျော့ကျပြီး ၂ နှစ်တိုင်တိုင် အသားတင် အရှုံးပြနေခဲ့ရာမှ ပြီးခဲ့သည့် ၃ လပတ်တွင် အသားတင်အမြတ် ရုပီ ၂၉.၅ ဘီလီယံ ရရှိခဲ့သည်။ အဓိကအကြောင်းရင်းမှာ SUV များ ရောင်းအား ကောင်းခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
Tata Motors သည် Tiago အတွက် ဈေးအနိမ့် မဟာဗျူဟာကို ကျင့်သုံးသည်။ ထို့ပြင် အထင်ကရမော်ဒယ်ဖြစ်သည့် Nexon EV ကိုလည်း ၂၀၂၃ ဇန်နဝါရီလတွင် ဈေးချခဲ့သည်။ ကားဝယ်ယူရန် ဈေးနှုန်းကို အဓိကနေရာမှာ ထားပြီး စဉ်းစားဆုံးဖြတ်သည့် ဝယ်လက်များကို ပြိုင်ဘက်များထံ ရောက်မသွားအောင် သိမ်းသွင်းရန်အတွက် ဈေးချခြင်းဖြစ်သည်။
အိန္ဒိယတွင် အိမ်စီးကား စီးရေအများဆုံး ထုတ်လုပ်သည့် ဂျပန်ကားလုပ်ငန်း Suzuki သည် ၂၀၂၅ တွင် အိန္ဒိယနိုင်ငံမှာ အီးဗီ စတင်ထုတ်လုပ်မည်။ သို့သော် ၂၀၂၄ တွင် ဆောလျင်စွာဖြင့် ထုတ်လုပ်နိုင်ဖွယ် ရှိသည်။
တရုတ်ကားထုတ်လုပ်သူ BYD ကလည်း အိန္ဒိယတွင် အရှိန်တင်ထားသည်။
ဆက်စပ်ဖတ်ရှုရန်လင့်
ဂျပန်မှ Nissan Motor နှင့် ပြင်သစ်မှ Renault တို့ကလည်း အိန္ဒိယတွင် အီးဗီမော်ဒယ်များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံမည်။
ဆက်စပ်ဖတ်ရှုရန်လင့်
Nissan နှင့် Renault အိန္ဒိယတွင် မော်ဒယ်အသစ်များ ထုတ်လုပ်ရန် ဒေါ်လာ သန်း ၆၀၀ ရင်းနှီးမြှပ်နှံ
https://www.automobiledirectory.com.mm/article/nissan-renault-india-investment.html
Source Asia Nikkei
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U