Jaguar Land Rover ထံမှ အမြတ်ရသဖြင့် Tata Motors ၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် အမြတ်ရ


Jaguar Land Rover ထံမှ အမြတ်ရသဖြင့် Tata Motors ၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် အမြတ်ရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Jaguar Land Rover သည် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃လပတ်အတွင်း အမြတ် ရခဲ့သဖြင့် မိခင်လုပ်ငန်း  Tata Motors  သည် ၂ နှစ်တာအတွင်း ပထမဆုံးအကြိမ် အမြတ်ရရှိခဲ့ပါသည်။

အိန္ဒိယနိုင်ငံတွင် အိမ်စီးကား ရောင်းချမှုမှာ ယမန်နှစ်က လောင်မြှိုက်အောင် ကြီးထွားခဲ့ပြီးနောက် ယခုနှစ်တွင် အသင်အတင့် ရှိနိုင်ကြောင်း Tata Motors ၏  ဘဏ္ဍာရေးအရာရှိချုပ် P.B. Balaji က ပြောကြားသည်။

“အိမ်စီးကား အပိုင်းအကန့်မှာ စျေးကွက်ရောင်းအား  နှေးကွေးသွားမလားဆိုတာ စိုးရိမ်စရာပါ”  သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

Tata သည် ရောင်းအား ဆက်လက်ကြီးထွားမည်ဟု မျှော်လင့်ထားသော်လည်း ၂၀၂၂  ခုနှစ်တွင် ရရှိခဲ့သော ကိုဗစ်ကာလတစ်လျှောက် အောင့်အီးမျိုသိပ်ထားသည့် ဝယ်လိုအားကို ၂၀၂၃ တွင် ရရှိဖို့ လမ်းမမြင်ဟု ၎င်းက ပြောကြားသည်။
 

 


Tata Motors လုပ်ငန်းစုမှ ပိုင်ဆိုင်သည့် တန်းမြင့် စည်းစိမ်ကား Jaguar Land Rover (JLR) သည် ၂၀၂၂ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃လပတ်အတွင်း အသားတင်အမြတ် ရူပီ ၂၉.၅၇ ဘီလီယံ ( ကန်‌ဒေါ်လာ ၃၆၃ သန်း) ရရှိခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် ရူပီ ၁၈၅.၆ သန်း အရှုံးပေါ်ခဲ့သည်။

ရောင်းချသည့်စီးရေအရ Tata Motors သည် အိန္ဒိယကားဈေးကွက်တွင် တတိယအများဆုံး ဖြစ်သည်။ ပထမနေရာတွင် Maruti Suzuki ရှိနေပြီး Hyundai Motor က ဒုတိယနေရာတွင် ရှိနေပါသည်။
ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ လကုန်အထိ ကာလအတွင်း Tata Motors သည် စီးရေ ၄ သိန်းကျော် ရောင်းချခဲ့သည်။ အိန္ဒိယမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း Society of Indian Automobile Manufacturers ၏ အဆိုအရ Tata Motors ရောင်းအားသည် Hyundai Motor ထက် ၁၁,၇၅၂ စီး လျော့နည်းပါသည်။
၂၀၂၂ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃လပတ်အတွင်း Tata Motors သည် အီးဗီ စီးရေ ၁၂,၆၀၀ ရောင်းချခဲ့ပြီး ဧပြီမှ ဒီဇင်ဘာလအထိ ၉ လတာတွင် စီးရေ ၃၂,၄၀၀ ရောင်းချခဲ့ပါသည်။


ဆက်စပ်ဖတ်ရှုရန်
အိန္ဒိယမှ Tata Motors အီးဗီ SUV မော်ဒယ်အသစ် ၂ စီး ပွဲထုတ် ပြသ
https://www.automobiledirectory.com.mm/article/-tata-motors-suv.html


Source Asia Nikkei 


 



TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 243 times