Renault နှင့် Geely ဓာတ်ဆီအင်ဂျင် ထုတ်လုပ်ရန် ပူးပေါင်း


Renault နှင့် Geely ဓာတ်ဆီအင်ဂျင် ထုတ်လုပ်ရန် ပူးပေါင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ပြင်သစ်မှ  Renault နှင့် တရုတ်မှ Geely တို့သည် ၎င်းတို့၏ brand များနှင့် အခြားသော ကားထုတ်လုပ်သူများထံ ဓာတ်ဆီအင်ဂျင်များနှင့် ဟိုက်ဘရစ်နည်းပညာများ ပေးသွင်းရန်အတွက် ဖက်စပ်လုပ်ငန်းတစ်ခု ထူထောင်ကြောင်း ကြေညာခဲ့သည်။
50-50 ညီတူမျှတူ အရင်းအနှီး ထည့်ဝင်ထားသော ဖက်စပ်လုပ်ငန်းဖြစ်သည်။

Renault သည် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်း ခဲ့သည်။ လျှပ်စစ်ကားလုပ်ငန်းကဏ္ဍကို “Ampere” ဟု အမည်ပေးထားသည်။ ဓာတ်ဆီအင်ဂျင်ကားလုပ်ငန်းကဏ္ဍကို “Horse” ဟု အမည်ပေးထားသည်။
ဖက်စပ်လုပ်ငန်း လက်အောက်တွင် အင်ဂျင်များ၊ အင်ဂျင်အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံ ၁၇ ခု ရှိသည်။ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန ၃ ခု ရှိသည်။ 
ယခုအခါ အပြီးသတ်ဆွေးနွေး ညှိနှိုင်းမှုများ ဆောင်ရွက်နေကြသည်။ ဖက်စပ်လုပ်ငန်း ကုမ္ပဏီအသစ်သည် ၂၀၂၃ တွင် လုပ်ငန်းစတင်လည်ပတ်မည် ဖြစ်သည်။
တစ်နှစ်လျှင် အင်ဂျင် ခုရေ ၅ သန်းခန့် ထုတ်လုပ်မည်။ 
ကုမ္ပဏီအသစ်သည် လန်ဒန်မြို့တွင် အခြေစိုက်မည်။

 

Renault နှင့် Geely တို့သည် တောင်ကိုရီးယားတွင်  ဖက်စပ်လုပ်ငန်းတစ်ခု ရှိသည်။

တောင်ကိုရီးယားမှ Renault ရဲ့ လုပ်ငန်း သုံးပုံတစ်ပုံကို Geely ဝယ်ယူ
 


တရုတ်နိုင်ငံတွင်လည်း Renault နှင့် Geely တို့ ဖက်စပ်လုပ်ငန်း ထူထောင်မည့် အစီအစဉ် ရှိသည်။

Geely နှင့် Renault ဖက်စပ်လုပ်ငန်း ထူထောင်လုပ်ကိုင်မည်

Source nikkei asia 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 228 times