တောင်ကိုရီးယားမှ Renault ရဲ့ လုပ်ငန်း သုံးပုံတစ်ပုံကို Geely ဝယ်ယူ


တောင်ကိုရီးယားမှ Renault ရဲ့ လုပ်ငန်း သုံးပုံတစ်ပုံကို Geely ဝယ်ယူ

 

ပြင်သစ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း Renault က ၎င်း၏ တောင်ကိုရီးယားရှိ လုပ်ငန်းကဏ္ဍ သုံးပုံတစ်ပုံကျော်ကို တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစု  Geely Automobile Holdings ထံ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ရရှိလာတဲ့ငွေကို အီးဗီလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ်လို့ ပြောကြားပါတယ်။

Renault က ရောင်းအားကျဆင်းနေတာ ၂၀၂၁ အထိ ၃ နှစ်ဆက်တိုက် ရှိပါပြီ။ ယခုအခါ လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) နှင့် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင် မော်တော်ယာဉ်တို့ကို တသီးတခြားစီ ခွဲခြားပြီး လုပ်ကိုင်လျက် ရှိပါတယ်။
အီးဗီဈေးကွက်မှာ Tesla နှင့် Volkswagen တို့ကို အမီလိုက်နိုင်ဖို့ အတွက် ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ 
Renault Korea Motors ရဲ့ အစုရှယ်ယာ ၃၄.၀၂% ကို ဝမ် ၂၆၄ ဘီလျံ ( အမေရိကန်ဒေါ်လာ ၂၀၇ သန်း) ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။
Renault က ဂျပန်နိုင်ငံမှ Nissan Motor မှာလည်း ရှယ်ယာအများစု ပိုင်ဆိုင်ထားတာကို အချို့အဝက် ရောင်းချပြီး ငွေအရင်းအနှီး ဖော်ယူဖို့ အစီအစဉ် ရှိပါတယ်။
Renault Korea Motors မှာ Renault က ၈၀% ပိုင်ဆိုင်ပြီး ကျန်တဲ့ ၂၀% ကို ခရစ်ဒစ်ကတ်ကုမ္ပဏီ Samsung Card က ပိုင်ဆိုင်ပါတယ်။

တောင်ကိုရီးယား ပြည်တွင်းကားဈေးကွက်မှာ ပြည်တွင်း လုပ်ငန်း Hyundai Motor နှင့် Kia Corp တို့က ကြီးစိုးထားပါတယ်။ အခြားကား brand များ တိုးမပေါက်တဲ့ ဈေးကွက်ဖြစ်ပါတယ်။ General Motors လည်း ကျရှုံးပါတယ်။ ယခုအခါ အိန္ဒိယမှ Mahindra and Mahindra က ပိုင်ဆိုင်တဲ့ ပြည်တွင်းကားလုပ်ငန်း SsangYong Motor လည်း ကျရှုံးပါတယ်။

Geely က စီးပွားဖက် partnership ဖြင့် လုပ်ငန်းကို ချဲ့ထွင်ပါတယ်။ Renault Korea Motors ရဲ့ အစုရှယ်ယာများ ပိုင်ဆိုင်ပြီးချိန်မှာ တောင်ကိုရီးယား ကားဈေးကွက်ထဲ ခြေကုပ် ရရှိမှာ ဖြစ်ပါတယ်။ 

Geely က Volvo Cars ကို ပိုင်ဆိုင်ထားပြီး  Daimler AG မှာ ၉.၇% ပိုင်ဆိုင်ပါတယ်။
 Renault နှင့် စီးပွားဖက်ပြုပြီး တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ တည်ရှိတဲ့ Renault Samsung ကားစက်ရုံမှာ ဘက်ထရီပါဝါနှင့် အင်ဂျင်ပါဝါ နှစ်မျိုးစပ် ဟိုင်းဘရစ် ကားမော်ဒယ်များ ထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ပြန်ကြေညာပါတယ်။

Renault Korea Motors က အစုရှယ်ယာ ခုရေ ၄၅.၄ သန်းကို ရှယ်ယာတစ်စုလျှင် ၅,၈၁၈ ဝမ်ဖြင့် Geely ရဲ့ လုပ်ငန်းခွဲ Centurion Industries Ltd ကို ရောင်းချပေးမှာ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။


($1 = 1,274.3600 won)

Read 1356 times