Polestar အီးဗီများ ဝယ်ယူရန် စင်းလုံးငှား လုပ်ငန်းကြီး Hertz ဆိုင်းငံ့


Polestar အီးဗီများ ဝယ်ယူရန် စင်းလုံးငှား လုပ်ငန်းကြီး Hertz ဆိုင်းငံ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

စင်းလုံးငှား လုပ်ငန်းကြီး Hertz သည် Polestar ထံမှ လျှပ်စစ်ကားများကို ယခုနှစ်တွင် ဝယ်ယူရန် အစီအစဉ်ကို ခေတ္တရပ်ထားလိုက်သည်။

တပတ်ရစ် အီးဗီများ ပြန်လည်ရောင်းချသည့် ဈေးနှုန်းများ တန်ဖိုး ကျသွားသဖြင့် ကားအငှားလုပ်ငန်းကြီး Hertz သည် အီးဗီ အဝယ်ရပ်ထားရန်  ဆုံးဖြတ်ခြင်း ဖြစ်သည်။

 

 

Hertz သည် ၂၀၂၂ ခုနှစ်တွင် Polestar အီးဗီ အစီးရေ ၆၅,၀၀၀ ကို ငါးနှစ်အတွင်း ဝယ်ယူရန် သဘောတူခဲ့ပါသည်။ 

Hertz သည် တက်စလာထံမှ အီးဗီ အစီးရေ တသောင်း ဝယ်ယူရန်အတွက်လည်း သဘောတူခဲ့ပါသည်။ 

ထိုစဉ်တုန်းက Hertz သည် ၂၀၂၄ ခုနှစ် နှစ်ကုန်၌ စင်းလုံးငှား လုပ်ငန်းမှ ကားများတွင် အနည်းဆုံး လေးပုံတပုံသည် လျှပ်စစ်ကားစစ်စစ်များ ဖြစ်ရမည်ဟု ရည်မှန်းချက် ချမှတ်ခဲ့ပါသည်။

 

ယမန်နှစ် အနှောင်းပိုင်းတွင် တပတ်ရစ်အီးဗီများ ပြန်လည်ရောင်းချသည့်တန်ဖိုး ကျဆင်းသွားခြင်း၊

ပြုပြင်စရိတ်များ မျှော်လင့်ထားသည်ထက် မြင့်မားခြင်းတို့ကြောင့်  Hertz က ဝယ်ယူထားသော Tesla ကားအချို့ကို ပြန်ရောင်းထုတ်မည်ဖြစ်ပြီး ၎င်းသည် အီးဗီ ရည်မှန်းချက် လေးပုံတပုံကို  ပြည့်မီမည် မဟုတ်ကြောင်း Hertz မှ ပြောကြားခဲ့သည်။


 

ယခင်တင်ပြချက်

စင်းလုံးငှား မဟာလုပ်ငန်းကြီး Hertz ဓာတ်ဆီကား ‌သုံးရန် အီးဗီ ၂၀,၀၀၀ ရောင်းထုတ်

https://www.automobiledirectory.com.mm/article/-hertz-dumps-evs-20000.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် Polestar သည် ဘက်ထရီသုံး အီးဗီ အစီးရေ ၁၃,၀၀၀ ခန့်ကို Hertz ထံ ရောင်းချခဲ့ပြီး ဖြစ်ပါသည်။

 

Polestar ၏အမှုဆောင်အရာရှိချုပ် Thomas Ingenlath က သူ့ထံသို့  Hertz ၏အမှုဆောင်အရာရှိချုပ် Stephen Scherr က ဆက်သွယ်လာပြီး ၂၀၂၄  ခုနှစ် တနှစ်တာ ဝယ်ယူမည့် အီးဗီများကို မဝယ်သေးဘဲ ခေတ္တရပ်ထားနိုင်မလား ဟု မေးမြန်းခဲ့ကြောင်း ပြောကြားပါသည်။ 

 

 ကားစင်းလုံးငှား လုပ်ငန်းများတွင် အချို့က “buyback” ပုံစံကို သုံးကြသည်။ သတ်မှတ်ထားသည့် နှစ်စေ့သည့်အခါ ကားထုတ်လုပ်သူက နှစ်ဦးနှစ်ဖက် သဘောတူထားကြသည့် ဈေးနှုန်းဖြင့် တပတ်ရစ်ကားများကို ပြန်ဝယ်ပေးရသည့် စနစ် ဖြစ်ပါသည်။

 

Hertz သည် “at risk” ပုံစံကို သုံးစွဲပါသည်။ ကားထုတ်လုပ်သူထံမှ နှောင်ကြိုးမဲ့ အပြီးအပြတ် ဝယ်ယူပါသည်။ တပတ်ရစ်ကားများ ဈေးကောင်းရလျှင် Hertz အမြတ်ထွက်သည်။ ဈေးထိုးကျလျှင် Hertz ဆုံးရှုံးသည်။ 

 

Polestar က Hertz ၏ ဆိုင်းငံ့မည် အစီအစဉ်ကို သဘောတူပါသည်။ အပြန်အလှန်အားဖြင့် Hertz က လက်ထဲ ရှိနေသည့် Polestar အီးဗီများကို ဆောလျင်စွာ ရောင်းထုတ်ပစ်ခြင်း မပြုရန်၊ ဗိုက်နာဈေးဖြင့် ဈေးချပြီး မရောင်းရန် ကတိပေးထားသည်ဟု Ingenlath က ပြောကြားသည်။

 

Polestar သည် အကြီးအကျယ် အရှုံးပေါ်နေသည့် အဆင့်တွင်သာ ရှိနေသော်လည်း ယမန်နှစ်က ကမ္ဘာတလွှား အစီးရေ ၅၄,၀၀၀ ခန့် ရောင်းချခဲ့ပါသည်။ 

 

Volvo Cars က ၎င်းပိုင်ဆိုင်သည့် Polestar ရှယ်ယာ ၄၈% ကို Polestar တွင် ရှယ်ယာများ ပိုင်ဆိုင်သည့် တရုတ်ကားလုပ်ငန်းကြီး Geely ထံ ရောင်းချရန် ဆုံးဖြတ်ကြောင်း မကြာသေးခင်က ကြေညာခဲ့သည်ကို AutomobileGuide တွင် တင်ပြခဲ့ပါသည်။

 


 

ပရီမီယံ အီးဗီ Polestar တွင် Volvo Cars ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်း

https://www.automobiledirectory.com.mm/article/-polestar-volvo-cars.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

Source ft

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 204 times