စင်းလုံးငှား မဟာလုပ်ငန်းကြီး Hertz ဓာတ်ဆီကား ‌သုံးရန် အီးဗီ ၂၀,၀၀၀ ရောင်းထုတ်


စင်းလုံးငှား မဟာလုပ်ငန်းကြီး Hertz ဓာတ်ဆီကား ‌သုံးရန် အီးဗီ ၂၀,၀၀၀ ရောင်းထုတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ကားစင်းလုံးငှား မဟာလုပ်ငန်းကြီး  Hertz Global Holdings သည် ၎င်း၏ အမေရိကန်လုပ်ငန်းကဏ္ဍတွင် သုံးစွဲလျက် ရှိသော  Tesla အီးဗီများ အပါအဝင် အီးဗီ အစီးရေ ၂၀,၀၀၀ ခန့်ကို ရောင်းချမည်ဟု ထုတ်ပြန်ကြေညာသည်။


Hertz သည် အီးဗီများအစား ဓာတ်ဆီကားများကို သုံးစွဲသွားမည် ဖြစ်သည်။  အီးဗီများသည် တိုက်မိခိုက်မိ ထိခိုက်ပျက်စီးသည့်အခါ ပြုပြင်ရသည့် စရိတ်များသည် ဓာတ်ဆီကားများထက် ဈေးပိုကြီးနေသဖြင့် အီးဗီများကို ရောင်းထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်ဟု Hertz မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားသည်။

 Hertz သုံးစွဲနေသော အီးဗီများတွင် ပါဝင်သည့် Polestar အီးဗီ ကုမ္ပဏီ၏ ရှယ်ယာဈေးန‌ှုန်း ၄% ခန့် ဈေးကျသွားသည်။ Tesla ၏ ရှယ်ယာဈေးန‌ှုန်း ၃% ခန့် ဈေးကျသွားသည်။ 

အီးဗီများ ရောင်းချရာ၌ ကားအဟောင်း ဖြစ်နေသဖြင့် တန်ဖိုးလျော့ကျခြင်း စုစုပေါင်း ကန်ဒေါ်လာ ၂၄၅ သန်း လျာထားသည်။ 

အမေရိကန်တွင် အီးဗီ အရေအတွက် လျှော့ချသော်လည်း ဉရောပတွင် ၂၀၃၀ ပြည့်နှစ်မှာ  စင်းလုံးဌား ကားများ၏ ၇၀-၉၀% သည် အီးဗီ ဖြစ်ရမည့် ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်မည်ဟု Hertz က ပြောကြားသည်။

Hertz  တပတ်ရစ်ကား ဝဘ်ဆိုက်တွင် Tesla Model 3  ကို ရောင်းဈေး $20,000 ခန့်ဖြင့် ရောင်းချသည်။ အသစ်ထက် ထက်ဝက်သက်သာသည်။ BMW  i3, Chevrolet Bolt, Tesla Model 3, Model Y SUV အပါအဝင် အီးဗီ အစီး ၇၀၀ ကျော် ရောင်းချရန် ဖော်ပြထားသည်။ 

Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 286 times