ပရီမီယံ အီးဗီ Polestar တွင် Volvo Cars ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်း


ပရီမီယံ အီးဗီ Polestar တွင် Volvo Cars ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ပရီမီယံ အီးဗီ  ထုတ်လုပ်သည့် Polestar Automotive Holding တွင် ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း Volvo Cars က ပြောကြားသည်။

 

Polestar မှ Volvo Cars ပိုင်သည့် ရှယ်ယာများကို Polestar တွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည့် တရုတ်ကားလုပ်ငန်း Geely Holding ထံ လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။ 

Geely Holding သည် Volvo Cars တွင် ရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်သည်။

အဆိုပါသတင်းကြောင့် ဆွီဒင် အခြေစိုက် Volvo Cars ၏ ရှယ်ယာများ ၃၀% ကျော် ဈေးတက်သွားသည်။ 

 

Polestar တွင် Volvo Cars က ရှယ်ယာ ၄၈% ပိုင်ဆိုင်ထားသည်။

 

အခြား အီးဗီ အမှတ်တံဆိပ် အသစ်များနည်းတူ Polestar သည်လည်း ရုန်းကန်နေရသည့် အခြေအနေတွင်သာ ရှိနေသေးသည်။ 

Polestar ရှယ်ယာများသည် ၂၀၂၂ ခုနှစ် ဇွန်လနောက်ပိုင်း ၈၃% ဈေးကျခဲ့သည်။ 

 

Geely မှ သီးခြားကြေညာချက် ထုတ်ပြန်ချက်ရာတွင် Volvo ၏ အရင်းအမြစ်များကို ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအတွက် စူးစိုက်သုံးစွဲရန် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ဖော်ပြထားသည်။

Geely Holding သည် Polestar အမှတ်တံဆိပ် ရှေ့ဆက်သွားရန်အတွက် လုပ်ငန်းလည်ပတ်မှုနှင့် ငွေကြေးပံ့ပိုးမှုများကို အပြည့်အဝ ဆက်လက် ထောက်ကူပေးသွားမည်ဟု ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။ 

ထိုသို့ ထောက်ပံ့ရန်အတွက် Volvo Cars မှ Geely Holding ပိုင်ဆိုင်သည့် ရှယ်ယာများကို ထုတ်ရောင်းဖို့ မလိုအပ်ကြောင်းလည်း Geely က ပြောကြားသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 259 times