NIO ES8 နှင့် ES6  မော်ဒယ်အမည် ဥရောပမှာ တားမြစ်ရန် Audi တောင်းဆိုချက် ပယ်ချခံရ


NIO ES8 နှင့် ES6  မော်ဒယ်အမည် ဥရောပမှာ တားမြစ်ရန် Audi တောင်းဆိုချက် ပယ်ချခံရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


NIO ၏ ES8 နှင့် ES6 နှင့် Audi ၏ S8 နှင့် S6 တို့သည် ရှုပ်ထွေးမှုဖြစ်နိုင်ခြေမရှိဟု ဥရောပဉာဏပစ္စည်းဆိုင်ရာအာဏာပိုင်များက ဆုံးဖြတ်ချက် ချသည်။


ယခင်ဖော်ပြချက်
Audi က NIO ကို   ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်တဲ့အမှုဖြင့် တရားစွဲ
https://www.automobiledirectory.com.mm/article/nio--sued-by-audi.html


လွန်ခဲ့သည့်တစ်လက NIO အား ပထမဦးစွာ တရားစွဲဆိုမှုတွင်  ဂျာမန်တရားရုံးတစ်ရုံးက Audi ကို အနိုင်ပေးခဲ့သည်။

 


ယခင်ဖော်ပြချက်
NIO မော်ဒယ်အမည် တရားစွဲသည့်အမှု Audi အနိုင်ရ
https://www.automobiledirectory.com.mm/article/nio-audi.html


NIO ၏ ES8 နှင့် ES6 နှင့် Audi ၏ S8 နှင့် S6 တို့သည် ရှုပ်ထွေးဖွယ်မရှိဟု ဥရောပသမဂ္ဂ ဉာဏပစ္စည်းဆိုင်ရာ ရုံးတော်  European Union Intellectual Property Office (EUIPO) မှ ဖေဖော်ဝါရီ ၂၁ ရက်တွင် ဆုံးဖြတ်ခဲ့ပြီး Audi ၏ တောင်းဆိုမှုကို ပယ်ချခဲ့သည်။
ယခင်က Audi သည် NIO ၏ အီးယူတွင်မှတ်ပုံတင်ထားသော ES8 နှင့် ES6 တို့အား ကုန်သွယ်မှုအမှတ်တံဆိပ် တရားမဝင်ကြောင်းတရားစွဲဆိုခဲ့သည်။
 
နောက်ဆုံးဖြစ်ပေါ်သည့် အခြေအနေအရ Audi သည် EUIPO ၏ စီရင်ချက်ကို မပြောင်းလဲနိုင်သရွေ့  NIO ၏ ES8 နှင့် ES6 ကုန်အမှတ်တံဆိပ်များသည် အီးယူတွင် ဆက်လက်သုံးစွဲနိုင်နေဦးမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် NIO သည် ET7၊ ET5 နှင့် ES7 ဟု လူသိများသော SUV ကားများကို ဥရောပရှိ NIO ဘာလင်ပွဲတွင် စတင်ရောင်းချခဲ့ရာ၌  ပွဲမစတင်မီ နာရီအနည်းငယ်အလိုတွင် NIO သည် ဥရောပတွင် မော်ဒယ်အမည် ES7 အမည်ကို EL7 သို့ ပြောင်းလဲခဲ့သည်။

NIO သည် ၂၀၁၆  ခုနှစ်ကတည်းက ကုန်သွယ်မှုအမှတ်တံဆိပ် trademark များအတွက် ကမ္ဘာတစ်လွှား မှတ်ပုံတင်လျှောက်လွှာများကို ဆောင်ရွက်နေပြီး တရုတ်၊ ဥရောပနှင့် အမေရိကန်ရှိ စျေးကွက်အများစုတွင် အောင်မြင်စွာဖြင့် မှတ်ပုံတင်ခွင့်များ ရရှိထားကြောင်း NIO က  ပြောကြားခဲ့သည်။
Source CnEVPost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 634 times