NIO မော်ဒယ်အမည် တရားစွဲသည့်အမှု Audi အနိုင်ရ


NIO မော်ဒယ်အမည် တရားစွဲသည့်အမှု Audi အနိုင်ရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

NIO ES6 နှင့် ES8 သည် Audi ၏ လက်ရှိ S6 နှင့် S8 မော်ဒယ်များ၏ အမည်ပေးပုံနှင့် အလွန်ဆင်တူကြောင်း ဂျာမန်တရားရုံးတစ်ခုက စီရင်ဆုံးဖြတ်ခဲ့ပါသည်။


ဂျာမနီနိုင်ငံမှ Volkswagen ပိုင်ဆိုင်သည့် စည်းစိမ်ကားအမှတ်တံဆိပ် Audi သည် ဂျာမနီဈေးကွက်တွင် NIO ကို တရားစွဲဆိုခဲ့ရာ အနိုင်ရရှိခဲ့ပါသည်။

နိုင်ငံတကာ စျေးကွက်ချဲ့ထွင်မှုမှာ မထင်မှတ်ထားသည့် အမှုကိစ္စတစ်ခုကို NIO ရင်ဆိုင်ရပြီး အရေးနိမ့်ခဲ့ပါတယ်။

ပထမဆုံး စီရင်ချက်တွင် NIO ၏ လျှပ်စစ်ကားမော်ဒယ်လ်နှစ်ခု၏ အမည်များသည် Audi ၏ လျှပ်စစ်ကားမော်ဒယ် အမည်များနှင့် အလွန်ဆင်တူပြီး  ရောထွေးကာ ထင်ယောင်ထင်မှး ဖြစ်စေနိုင်ကြောင်း ဂျာမနီနိုင်ငံ မြူးနစ်ဒေသဆိုင်ရာ တရားရုံးက ကြာသပတေးနေ့(ဇန် ၂၆)တွင် ဆုံးဖြတ်ခဲ့ကြောင်း ဂျာမန်သတင်းစာ Automobilwoche တွင် ဖော်ပြထားသည်။

Audi သည် ၂၀၂၁ ခုနှစ်တွင် ဥရောပမူပိုင်ခွင့်ရုံးတွင် NIO ကို ကနဦးအနေဖြင့် တရားစွဲခဲ့ပါသည်။
NIO၏ ကမော်ဒယ်အမည် ES6 နှင့် ES8 တို့သည်  Audi ၏ ကားမော်ဒယ်အမည် S6 နှင့် S8 တို့နှင့် အလွန် ဆင်ဆင်တူနေကြောင်း တင်ပြခဲ့သည်။

 


ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ပြာကို ထိပါ
Audi က NIO ကို   ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ချိုးဖောက်တဲ့အမှုဖြင့် တရားစွဲ
https://www.automobiledirectory.com.mm/article/nio--sued-by-audi.html


၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ဂျာမန်မီဒီယာ Handelsblatt က Audi သည် မြူးနစ်တရားရုံးတွင် NIO ကိုတရားစွဲဆိုထားကြောင်း ဖော်ပြခဲ့သည်။ 
ES6 နှင့် ES8 မော်ဒယ်အမည်များသည် Audi ၏ ကုန်အမှတ်တံဆိပ်ဆိုင်ရာ ပိုင်ခွင့်များကို ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။
ပြိုင်ကားစတိုင်လ် ဆီဒင်မော်ဒယ် S6 နှင့် S8 တို့ကို Audi  က ဈေးကွက်ထဲ ရောင်းချသည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။
၁၅ လကြာ တရားတဘောင် ရင်ဆိုင်ခဲ့ပြီး မြူးနစ် တရားရုံးက Audi ကို အနိုင်ပေးလိုက်ပါသည်။


တည်ရှိပြီးသား S6 နှင့်  S8 မော်ဒယ်အမည်နှင့် ES6 နှင့် ES8 တို့သည် အလွန်ဆင်ဆင်တူနေသဖြင့် အရင်ရှိနှင့်သည့် S6 နှင့်  S8 မော်ဒယ်အမည်ကို အနိုင်ပေးလိုက်ခြင်း ဖြစ်ပါသည်။
အင်္ဂလိပ်အက္ခရာ "E" ပါနေသည့် ကွဲလွဲချက်ဖြင့် မလုံလောက်ကြောင်း၊ ယင်း "E" ကို electric မော်ဒယ်ဟု ဆိုလိုခြင်းဟု အထင်မှားပြီး Audi ၏ S6 မော်ဒယ်မူကွဲ လျှပ်စစ်ကား ES6 ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်ဟု တရားရုံးက အဆုံးအဖြတ်ပြုပါသည်။
Audi သည် ဓာတ်ဆီအင်ဂျင်ကား မော်ဒယ်ကို လျှပ်စစ်ကားအနေဖြင့် ထုတ်လုပ်ထားသည်ဟု ထင်ကြမည်ဟု တရားရုံးက ဆိုပါသည်။

စီရင်ချက်သည် အပြီးအပြတ်အဆင့် မဟုတ်သေးပါ။ အယူခံ ဝင်နိုင်ပါသည်။ လောလောဆယ်တွင် NIO သည် ဂျာမနီနိုင်ငံတွင် ES6 နှင့် ES8 တို့ကို မည်သည့်နည်းလမ်းနှင့်မှ ကြော်ငြာခွင့် မရှိပါ။
NIO Germany လုပ်ငန်းခွဲ အကြီးအကဲသည် ဒဏ်ငွေ ယူရို ၂၅၀,၀၀ ပေးဆောင်ရမည် ဖြစ်သည်။ ဒဏ်ငွေ မပေးဆောင်လိုပါက ထောင်ဒဏ် ၆ လ ကျခံရမည် ဖြစ်သည်။

NIO က  စီရင်ချက်သည် ဝမ်းနည်းဖွယ်ရာ ကောင်းနေပြီး အယူခံဝင်မည်။၎င်း၏တရားဝင်အခွင့်အရေးများကို တရားဥပဒေနည်းလမ်းဖြင့် ကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာပါသည်။
Source CnEVPost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 2468 times