တိုကျိုရှိုးတွင် ဂျပန်ကားလုပ်ငန်းများ အီးဗီ အများအပြား ပွဲထုတ်ပြသ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တိုကျိုမှာ ပြသသည့် Japan Mobility Show (ယခင်အမည် Tokyo Motor Show)ကို Tokyo Big Sight ခန်းမကျယ်တွင် အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ပြသမည်။
ပြခန်းတိုင်းတွင် ဘက်ထရီ ပါဝါသုံး လျှပ်စစ်ကားစစ်စစ်များကို ပွဲထုတ်ထားကြသည်။ အီးဗိသည် တိုကျိုရှိုး၏ 'စတား' အဖြစ် နေရာပေးခံရသည်။
Mazda Motor Corp သည် ၎င်း၏ ထင်ရှားသော ရိုတာအင်ဂျင်ဖြင့် ထုတ်လုပ်ထားသော plug-in EV ဖြစ်သည့် sportcar concept ကို ပြသထားသည်။
Honda Motor Co သည် ၎င်း၏ Prelude အိမ်စီးပြိုင်ကား EV concept ကို ပြသထားသည်။
Toyota Motor Corp က ၂၀၂၆ ခုနှစ်တွင် စတင်ရောင်းချရန် စီစဉ်ထားသည့် ထောင့်ချိုးများဖြင့် Lexus concept ကို ပြသထားသည်။ လစ်သီယမ်-အိုင်းယွန်းဘက်ထရီသုံးထားသည့် လျှပ်စစ်ကား ဖြစ်သည်။
စနေနေ့တွင် ဖွင့်ပွဲ မတိုင်မီ ဗုဒ္ဓဟူးနေ့တွင် စာနယ်ဇင်းသမားများ အကြိုကြည့်ရှုနိုင်အောင် စီစဉ်ပေးခဲ့သည်။
General Motors Co နဲ့ Ford Motor Co တို့ အပါအဝင် အမေရိကန် ကားလုပ်ငန်းများ ပြပွဲမှာ မပြသခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။
အမေရိကန်ကားများသည် ဂျပန်ပြည်တွင်း မော်တော်ယာဥ် ရောင်းချမှုတွင် မပြောပလောက်သော ရောင်းအားကိုသာ ရရှိကြသည်။ ပြည်တွင်းကားထုတ်လုပ်သူများ အားကောင်းနေဆဲဖြစ်သော စျေးကွက်မှာ နေရာမရကြချေ။
ပြပွဲတွင် ပါ၀င်သည့် နိုင်ငံခြားမှ ကားထုတ်လုပ်သူများထဲတွင် နှစ်ပေါင်းရှည်ကြာ ဂျပန်အနှစ်သက်ဆုံး ဖြစ်သည့် Mercedes-Benz နှင့် ဂျပန်ဈေးကွက်ထဲ ဝင်လာခါစ BYD တို့ ပါဝင်သည်။
BYD U8

Mazda Iconic SP

Honda Cruise Origin အကြောင်းစုံကို
AutomobileGuide တွင် Honda နှင့် GM ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ အငှားယာဉ် စတင်မည် ခေါင်းစဉ်ဖြင့် တင်ပြခဲ့ပါသည်။
https://www.automobiledirectory.com.mm/article/honda-gm-driverless-taxi.html



Nissan Hyper Force Concept


Nissan Hyper Tourer Concept

Toyota FT-3e elecric SUV concept

Toyota Rangga concept

Mitsubishi D:X Concept

Honda Prelude Concept

Subaru Air Mobility Concept

Subaru Atsushi Osaki

Toyota Kayoibako

Toyota FT-Se

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL