Honda နှင့် GM ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ အငှားယာဉ် စတင်မည်


Honda နှင့် GM ဂျပန်နိုင်ငံမှာ မောင်းသူမဲ့ အငှားယာဉ် စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Honda နှင့် GM တို့သည် ၂၀၂၆ ခုနှစ်အစောပိုင်းတွင် တိုကျိုတွင် မောင်းသူမဲ့တက္ကစီများ စတင်မည်။

Honda Motor သည် အမေရိကန် ကားကုမ္ပဏီ General Motors GM နှင့် ပူးပေါင်း၍ ဂျပန်နိုင်ငံတွင် မောင်းသူမဲ့ တက္ကစီဝန်ဆောင်မှုကို စတင်တော့မည်ဖြစ်ကြောင်း ပြောကြားပါသည်။


Honda Motor သည် GM ၏ ပင်ကိုမောင်းနှင်ရေး ဆိုင်ရာ  လုပ်ငန်းခွဲနှင့်အတူ ၂၀၂၄ ခုနှစ်တွင် ဖက်စပ်လုပ်ငန်းကို ဖွဲ့စည်းမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် တိုကျိုမြို့လယ်တွင် မောင်းသူမဲ့ တက္ကစီ ဝန်ဆောင်မှုကို စတင်မည်ဖြစ်သည်။

၎င်းဖက်စပ်လုပ်ငန်းကို ဂျပန်နိုင်ငံတွင် Honda, GM , GM ၏ ပင်ကိုမောင်းနှင် နည်းပညာ ဖွံ့ဖြီးရေး လုပ်ငန်း GM Cruise Holdings တို့ အတူတကွ ထူထောင်မည်။ ရှယ်ယာအများစုကို ဟွန်ဒါက ပိုင်ဆိုင်မည်။ 

၂၀၂၆ ခုနှစ် အစောပိုင်းတွင် Cruise Origin ဟု အမည်ပေးထားသည့် မောင်းသူမဲ့ တက္ကဆီ ဒါဇင် အနည်းငယ်ဖြင့် လုပ်ငန်း စတင်မည်။ နောက်နောက်တွင် အစီးရေ ၅၀၀ နှင့်အထက်သို့ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။ 

Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 4081 times