ဆိုနီ ဟွန်ဒါ ဘီးတွေပေါ်က စမတ်ဖုန်း Afeela EV  ထုတ်လုပ်ရန်  နောက်ဆုံးအဆင့် ရောက်ရှိ


ဆိုနီ ဟွန်ဒါ ဘီးတွေပေါ်က စမတ်ဖုန်း Afeela EV  ထုတ်လုပ်ရန်  နောက်ဆုံးအဆင့် ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

 Sony Group နှင့် Honda Motor တို့က လျှပ်စစ်ကား Afeela နမူနာပုံစံကို ပွဲထုတ်ပြသခဲ့သည်။
ဖျော်ဖြေရေးကို အားပြုထားပြီး ကားမှ တစ်ဆင့် ဝန်ဆောင်မှု ပေးအပ်ပြီး ဝင်ငွေ ရယူမည် ဖြစ်သည်။

 Afeela ကို Sony Group နှင့် Honda Motor ၅၀-၅၀ ဆတူ ရင်းနှီးမြှုပ်နှံပြီး ထူထောင်ထားသော ဖက်စပ်လုပ်ငန်း Sony Honda Mobility မှ ထုတ်လုပ်သည်။

ယာဉ်မောင်းများနှင့် ခရီးသည်များအား onboard display မှတစ်ဆင့် သီချင်း၊ မြေပုံများနှင့် အက်ပ်များကို ဒေါင်းလုဒ်လုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားသည်။ စမတ်ဖုန်းဖြင့် ဒေါင်းလုဒ် ရယူသည့်အတိုင်း ရယူနိုင်မည် ဖြစ်သဖြင့် "ဘီးးတွေပေါ်က စမတ်ဖုန်း" ဟု တင်စား ပြောဆိုသည်။ 

Afeela ကို ထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေသည်မှာ ယခုအခါ နောက်ဆုံးအဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ 
အွန်လိုင်း အမှာစာများကို ၂၀၂၅ ခုနှစ်တွင် စတင်လက်ခံမည် ဖြစ်သည်။ 
၂၀၂၆ နွေဦးရာသီတွင် မြောက်အမေရိကတွင် ကားအပ်နှံခြင်း စတင်မည်ဖြစ်ပြီး ထိုနှစ်နှောင်းပိုင်းတွင် ဂျပန်နိုင်ငံတွင် ကားအပ်နှံခြင်း စတင်မည် ဖြစ်သည်။

 

ရုပ်ရှင်နှင့် သီချင်းဖွင့်ရန် အသုံးပြုနိုင်သည့် ဒက်ရှ်ဘုတ်တစ်လျှောက် တို့ထိ ခိုင်းစေနိုင်သည့်  အလျားလိုက်မျက်နှာပြင် ပါရှိသည်။ 
ခရီးသည်များသည် Sony ဂိမ်းထိန်းချုပ်ကိရိယာများကို အသုံးပြု၍ ဗီဒီယိုဂိမ်းများကို ကားပေါ်မှာ ကစားနိုင်မည် ဖြစ်သည်။ 
Qualcomm မှ Snapdragon ချစ်ပ် အသုံးပြုထားသည်။ 
5G ကွန်ရက် ချိတ်ဆက် အသုံးပြုနိုင်သည်။
Source Asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 959 times