JAC ကားစက်ရုံ ၂ ရုံမှ ပိုင်ဆိုင်မှုများ ဒေါ်လာ ၄၄၂ သန်းဖြင့် Nio ဝယ်ယူ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Nio ၏ အီးဗီများ ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်ပေးနေသည့် စီးပွားဖက် Anhui Jianghuai Automobile Group (JAC) ထံမှ စက်ရုံပိုင်ဆိုင်မှုများကို ဝယ်ယူခဲ့ပြီး အီးဗီ ထုတ်လုပ်မှုများကို ကုမ္ပဏီမှ အပြည့်အဝ ပိုင်ဆိုင်သည့် စက်ရုံများဖြင့် ထုတ်လုပ်တော့မည် ဖြစ်သည်။
ဂျေအေစီက နီယို၏ အီးဗီများ ထုတ်လုပ်လျက်ရှိသည့် စက်ရုံနှစ်ရုံမှ ပိုင်ဆိုင်မှုများကို နီယိုထံ ပူးတွဲ ရောင်းချခဲ့ရာ ယွမ် ၃.၁၆ ဘီလီယံ (ကန်ဒေါ်လာ ၄၄၂ သန်း) ဖြင့် ဝယ်ယူလိုက်ပြီဖြစ်ကြောင်း ဂျေအေစီက ထုတ်ပြန်ကြေညာသည်။
ဂျေအေစီက စက်ရုံ နှစ်ရုံမှ ပိုင်ဆိုင်မှုများကို စာရင်း ၃ ခု ခွဲပြီး ရောင်းချခဲ့သည်။ နီယိုက စာရင်း အမှတ်(၁) နှင့် အမှတ်(၃) တို့ကို ဝယ်ယူခဲ့သည်။
စာရင်းအမှတ်(၁)ပါ ပိုင်ဆိုင်မှုများကို ယွမ် ၁.၆၇ ဘီလီယံဖြင့် လည်းကောင်း၊ စာရင်းအမှတ်(၃)ပါ ပိုင်ဆိုင်မှုများကို ၁.၄၉ ဘီလီယံဖြင့် လည်းကောင်း ဝယ်ယူခဲ့သည်။
စာရင်းအမှတ်(၂)ပါ ပိုင်ဆိုင်မှုများကို Hefei Hengchuang Intelligent Technology Co Ltd က ယွမ် ၁.၄၂ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
Hefei Hengchuang ဝယ်ယူသည့် စာရင်းအမှတ်(၂)တွင် ဂျေအေစီ အိမ်စီးကား ကုမ္ပဏီ၏ ဆောက်လုပ်ဆဲဖြစ်သည့် တတိယမြောက်ကားစက်ရုံမှ ဆောက်လုပ်ပြီးနှင့် ဆောက်လုပ်ဆဲ အဆောက်အဦများ၊ မြေများအတွက် ပိုင်ဆိုင်မှုများ ပါဝင်သည်။
နီယို ဝယ်ယူလိုက်သည့် စာရင်းနှစ်ခုတွင် ကားစက်ရုံ နှစ်ခု ပါဝင်သည်။ နီယို၏ အီးဗီများ ထုတ်လုပ်လျက်ရှိသည့် စက်ရုံနှစ်ရုံ ဖြစ်သည့် F1 နှင့် F2 တို့ ဖြစ်ပါသည်။
ဂျေအေစီသည် နိုင်ငံပိုင် လုပ်ငန်းဖြစ်သဖြင့် ဂျေအေစီ ရောင်းချသည့် ပိုင်ဆိုင်မှုများသည် နိုင်ငံပိုင် ဖြစ်ပြီး နီယိုသည် ပုဂ္ဂလိကပိုင်လုပ်ငန်း ဖြစ်သဖြင့် ဝယ်ယူရာတွင် အရောင်းအဝယ် စာချုပ် ချုပ်ဆိုသည့်နေ့မှ စ၍ အလုပ်ဖွင့်ရက် ၅ ရက်အတွင်း ငွေအကြေ ပေးချေရမည် ဖြစ်သည်။
ယခင်တင်ပြချက်များ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL