Nio အတွက် အီးဗီ ထုတ်လုပ်သည့် JAC ကားစက်ရုံများ ရောင်းချ


Nio အတွက် အီးဗီ ထုတ်လုပ်သည့် JAC ကားစက်ရုံများ ရောင်းချ

o Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အမေရိကန်မှ စတော့အိပ်ချိန်းစာရင်းဝင် တရုတ်အီးဗီလုပ်ငန်း နီယို Nio အတွက် အီးဗီများ ထုတ်လုပ်ပေးလျက်ရှိသည့်  Anhui Jianghuai Automobile Group Corp သည် ကားစက်ရုံ အပါအဝင် ခန့်မှန်‌းခြေ ယွမ် ၄.၅ ဘီလီယံဖိုး ရှိသည့် ပိုင်ဆိုင်မှုအချို့ကို ရောင်းချမည်ဟု ကြေညာထားသည်။
 
 ရောင်းချမည့် စက်ရုံများတွင် နီယို အီးဗီများ ထုတ်လုပ်နေသည့် ၂၀၁၈ ခုနှစ်တွင် ထူထောင်ခဲ့သည့် ကားစက်ရုံနှင့် ယမန်နှစ် ၂၀၂၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကားစက်ရုံတို့ ပါဝင်သည်။ Nio F1 နှင့်  Nio F2 စက်ရုံများ ဖြစ်ပါသည်။

နီယိုက ၎င်းအတွက် အီးဗီ ထုတ်လုပ်မှု ထိခိုက်ခြင်း ရှိမည်မဟုတ်ကြောင်း ပြောကြားသည်။


တရုတ်နိုင်ငံသည်  မော်တော်ယာဉ်များထုတ်လုပ်ရန်အတွက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် National Development and Reform Commission (NDRC) မှ ထုတ်ပေးသည့် အရည်အချင်း ပြည့်မီကြောင်း အတည်ပြု လက်မှတ်ရဖို့ လိုအပ်သည်။ ၎င်းလက်မှတ်ကို တင်းကျပ်ထားသည်။

Nio မှာ ၎င်း အရည်အချင်းလက်မှတ် မရှိသည့်အပြင် ရဖို့လည်း လမ်းမမြင်သဖြင့် ၎င်းလက်မှတ် ရရှိထားသည့် JAC ထံ ကန်ထရိုက် အပ်နှံပြီး အီးဗီများ ထုတ်လုပ်သည်။ 

Nio သည် ၂၀၁၆ခုနှစ် ဧပြီလတွင် JAC နှင့် ထုတ်လုပ်မှု သဘောတူညီချက်ကို ကနဦး လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်တွင် F1 စက်ရုံသည် ထုတ်လုပ်မှု စတင်ခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့တွင် JAC သည် နီယိုနှင့် ဖက်သပ်လုပ်ငန်း Jianglai Advanced Manufacturing Technology (Anhui) Co. ထူထောင်ရန် ရည်ရွယ်ကြောင်း စာချွန်လွှာ letter of intent လက်မှတ်ရေးထိုးခဲ့သည်။
များမကြာမီ ၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် Nio သည် JAC နှင့် ဖက်စပ်ကုမ္ပဏီကို တည်ထောင်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့တွင် Nio နှင့် Anhui Hefei အစိုးရတို့ ပူးပေါင်း၍ NeoPark တည်ဆောက်မှု စတင်ကြောင်း ကြေညာခဲ့ကြသည်။
NeoPark ၏ ပထမဆုံး စီမံကိန်းမှာ Nio F2 စက်ရုံစီမံကိန်း ဖြစ်သည်။ ၎င်းစက်ရုံမှ Nio ET5 မော်ဒယ် စတင်ထုတ်လုပ်ခဲ့သည်။ ၂၀၂၂ စက်တင်ဘာလတွင် မှာကြားထားသူများထံ အီးဗီများ စတင်အပ်နှံခဲ့သည်။ 


Source business times 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1295 times