တရုတ်စက်မှုဝန်ကြီးဌာန Nio ကားထုတ်လုပ်ခွင့် အတည်ပြု


တရုတ်စက်မှုဝန်ကြီးဌာန Nio ကားထုတ်လုပ်ခွင့် အတည်ပြု

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

လျှပ်စစ်ကားထုတ်လုပ်သူ Nio ကို တရုတ်စက်မှုဝန်ကြီးဌာန၏ အတည်ပြုထားသည့် ကားထုတ်လုပ်သူများ စာရင်းတွင် ထည့်သွင်းပေးလိုက်သည်။ သို့ဖြစ်ရာ Nio သည် တရုတ်ပြည်တွင် ကုမ္ပဏီပိုင် စက်ရုံဖြင့် အီးဗီများ ထုတ်လုပ်နိုင်တော့မည် ဖြစ်သည်။ မော်တော်ယာဉ် ထုတ်လုပ်ခွင့် လိုင်စင် အနှေးနှင့် အမြန် ရရှိပြီးလျှင် အီးဗီများ ထုတ်လုပ်နိုင်ပြီ ဖြစ်သည်။

Nio သည် ၂၀၁၈ ခုနှစ်မှစ၍ မော်တော်ယာဉ် ထုတ်လုပ်ခွင့် လိုင်စင် ရရှိထားသည့် Anhui Jianghuai Automobile Group (JAC) နှင့် မိတ်ဖက်ပြုထားပြီး ကန်ထရိုက်စနစ်ဖြင့် JAC ထံ အလုပ်အပ်နှံကာ အီးဗီများ ထုတ်လုပ်ပါသည်။

လောလောဆယ်တွင် JAC က Nio အီးဗီများ ထုတ်လုပ်သည့် စက်ရုံနှစ်ရုံကို ရောင်းချမည် ဖြစ်ကြောင်း ကြေညာထားကြောင်း Automobile Guide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။


Nio အတွက် အီးဗီ ထုတ်လုပ်သည့် JAC ကားစက်ရုံများ ရောင်းချ
https://www.automobiledirectory.com.mm/article/nio-jac.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 


တရုတ်ပြည်တွင်း ကားဈေးကွက်တွင် ကားအမှတ်တံဆိပ် ခုရေ ၄၀ ကျော်သည်အထိ ဖောင်းပွနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်နေသည်။ ဒေဝါလီခံရသည့် ကားထုတ်လုပ်သူများလည်း ရှိနေသည်။
သို့ဖြစ်ရာ တရုတ်အာဏာပိုင်များသည် မော်တော်ယာဉ် ထုတ်လုပ်ခွင့် လိုင်စင်အသစ်များ ထုတ်ပေးရန် တင်းကျပ်ထားသဖြင့် ရဖို့ခဲယဉ်းပါသည်။
 

Tesla Inc သည် ရှန်ဟိုင်းမှ ကားစက်ရုံကို တိုးချဲ့ရန် ခွင့်ပြုမိန့် လျှောက်ထားသည်မှာ ကြာပြီ ဖြစ်သော်လည်း ယခုအထိ မရသေးပါ။

Nio သည် တရုတ်နိုင်ငံတွင် ယခုနှစ် ပထမ ၁၀ လအတွင်း အီးဗီ ရောင်းအား အစီးရေ ၁၂၆,၀၆၇ စီးဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်ခဲ့ကြောင်း တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association ၏ အချက်အလက်များအရ သိရသည်။


Source Reuters 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 542 times