အီးဗီ ရောင်းသူဝယ်သူတို့အတွက် အခွန်မက်လုံးများ အင်ဒိုနီးရှား ကြေညာ


အီးဗီ ရောင်းသူဝယ်သူတို့အတွက် အခွန်မက်လုံးများ အင်ဒိုနီးရှား ကြေညာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားသည် ပြည်တွင်း၌ ထုတ်လုပ်သော လျှပ်စစ်ကားများနှင့် ပြည်ပမှ တင်သွင်းသော လျှပ်စစ်ကားများ ရောင်းချခြင်းကို မြှင့်တင်ပေးရန်အတွက် မက်လုံးအသစ်များ ထုတ်ပြန်ကြေညာပါသည်။

.

လျှပ်စစ်ကားများ သုံးစွဲမှု မြှင့်တင်ရန်နှင့် ၎င်း၏ ပြည်တွင်း အီးဗီ စက်မှုလုပ်ငန်းကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန် မက်လုံးအသစ်များ ထုတ်ပြန်ပါသည်။

.

 စည်းမျဉ်းသစ်အရ အင်ဒိုနီးရှားသည် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အီးဗီအပေါ် စည်းကြပ်သည့် ဇိမ်ခံအခွန်ကို ဖယ်ရှားမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ သွင်းကုန်ခွန်ကိုလည်း ဖယ်ရှားထားမည် ဖြစ်သည်။

.

ယခုနှစ်တွင် အီးဗီ ဝယ်ယူသူများအပေါ် စည်းကြပ်သည့် တန်ဖိုးဖြည့်ထည့်အခွန်ကို ၁၁% အစား ၁% သာ ကောက်ခံမည် ဖြစ်သည်။ ၎င်းပြဋ္ဌာန်းချက်သည် ၂၀၂၃ ခုနှစ် နှစ်ကုန်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး ယခု သက်တမ်း ၁ နှစ် ထပ်တိုးပေးလိုက်ခြင်း ဖြစ်သည်။ 

.

ယခု ကြေညာလိုက်သည့် မက်လုံးများ အသေးစိတ်သည်  လာမည့်နှစ်များတွင် ပြည်တွင်း၌ ထုတ်လုပ်မည့် အီးဗီ အစီးရေနှင့် ကိုက်ညီသော အီးဗီအစီးရေကို တင်သွင်းရောင်းချသည့် အီးဗီ ထုတ်လုပ်သူများအတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့သော အခွန်မက်လုံးများ အစီအစဉ်၏ နောက်ဆက်တွဲ ဖြစ်ပါသည်။

.

အစိုးရက မက်လုံးများ ပေးအပ်ရန် ရည်ရွယ်ထားကြောင်း ကြေညာပြီးကတည်းက EV ထုတ်လုပ်သူ များသည် အင်ဒိုနီးရှားတွင် အီးဗီများ ‌စတင်ရောင်းချမည့် အစီအစဉ်များကို ထုတ်ဖော်ပြောကြားခဲ့ကြကြောင်း EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြီးကြပ်ရသည့်  ညှိနှိုင်းရေး ဒုဝန်ကြီး Rachmat Kaimuddin က ပြောကြားသည်။

.

တရုတ်နိုင်ငံမှ အရောင်းပမာဏအရ ကမ္ဘာ့အကြီးဆုံး EV ထုတ်လုပ်သည့် BYD သည် ပြီးခဲ့သည့်လက အင်ဒိုနီးရှားတွင် ရောင်းချရန် စီစဉ်ထားသည့် ဘက်ထရီသုံး EV မော်ဒယ်များကို ထုတ်ဖော်ပြသခဲ့သည်။

.


အင်ဒိုနီးရှားတွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ စက်ရုံဆောက်မည့် BYD မော်ဒယ် ၃ မျိုး စတင်ရောင်းချ

#AutomobileGuide

https://www.automobiledirectory.com.mm/article/-byd-13-bln-indonesia.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

ဗီယက်နမ်မှ Vinfast ကလည်း အီးဗီမော်ဒယ်များ မိတ်ဆက်ခဲ့သည်။


VinFast အင်ဒိုနီးရှားဈေးကွက်ထဲ ဝင်ရောက်

#AutomobileGuide

https://www.automobiledirectory.com.mm/article/vinfast-indonesian.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


.

အင်ဒိုနီးရှား အစိုးရက ၂၀၃၀ ပြည့်နှစ်တွင် ပြည်တွင်း၌ EV အစီးရေ ၆ သိန်း ထုတ်လုပ်ရန် ရည်မှန်းထားသည်။

၎င်းရည်မှန်းချက် အရေအတွက်သည် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အင်ဒိုနီးရှားတွင် ရောင်းချသည့် အရေအတွက်ထက် အဆ ၁၀၀ ပိုများသည်။

.

အင်ဒိုနီးရှား အစိုးရသည် အင်ဒိုနီးရှားကို EV ထုတ်လုပ်မှု ဗဟိုချက်ဖြစ်လာရန်လည်း ရည်မှန်းထားပါသည်။

.

Source Reuters 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 175 times