VinFast အင်ဒိုနီးရှားဈေးကွက်ထဲ ဝင်ရောက်


VinFast အင်ဒိုနီးရှားဈေးကွက်ထဲ ဝင်ရောက်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Indonesian International Motor Show 2024 (IIMS 2024) ကားပြပွဲကြီးတွင် VinFast Auto သည် အင်ဒိုနီးရှားရှိ ကျော်ကြားသော အရောင်းကိုယ်စားလှယ် ငါးဦးနှင့် တရားဝင်မိတ်ဖက်ပြုခဲ့သည်။

 

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် အင်ဒိုနီးရှားဈေးကွက်တွင် ဖြန့်ဖြူးရေးကွန်ရက်ကို အချိန်တိုတိုအတွင်း ကြီးထွားလာစေရန် VinFast ၏ မဟာဗျူဟာမြောက်လှုပ်ရှားမှုကို ဘီးစလှိမ့်လိုက်ခြင်း ဖြစ်သည်။ အာဆီယံဈေးကွက်များအတွက် ခြေကုပ်တနေရာကို အင်ဒိုနီးရှားတွင် ရယူမည် ဖြစ်သည်။ 

 

Vingroup ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် VinFast သည် ကမ္ဘာ့ စမတ်လျှပ်စစ်ကားဈေးကွက်ထဲ ကျာ်ကျယ်ပြန့်ပြန့် နေရာရယူရန်  ရည်ရွယ်ထားသည်။

 

VinFast သည် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံ ဟိုင်ပွန်တွင် ခေတ်မီသော မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံကို ထူထောင်ထားသည်။ ၎င်းစက်ရုံတွင် ၉၀%အထိ အလိုအလျောက်စနစ်များ သုံးစွဲထားသည်။ 

 

VinFast သည် ယခု ဖေဖော်ဝါရီလတွင် အင်ဒိုနီးရှားဈေးကွက်သို့ တရားဝင် ဝင်ရောက်ရန် ပြင်ဆင်ခဲ့ရာ၌ အင်ဒိုနီးရှားမှ နာမည်ကြီး ကားအရောင်းကိုယ်စားလှယ် လုပ်ငန်းများဖြစ်ကြသည့် ဂျကာတာမြို့တော် အခြေစိုက် GSU, BAM, GNA တို့နှင့်လည်းကောင်း၊ မီဒန်မြို့မှ MCA နှင့်လည်းကောင်း၊ ဘာတန်မြို့မှ Majesty နှင့်လည်းကောင်း လက်တွဲထားသည်။ 

 အင်ဒိုနီးရှားတွင် ရောင်းချရန် စီစဉ်ထားသည့် အီးဗီမော်ဒယ်များမှာ VF 5, VF e34, VG 6, VF 7 တို့ ဖြစ်ပါသည်။ 

ဈေးနှုန်းများ၊ ရောင်းချမည့် အစီအစဉ်များ၊ ရောင်းချပြီးနောက် ဝန်ဆောင်မှုများကို ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင်အသိပေး ကြေညာပေးမည် ဖြစ်ပါသည်။

 

Source theJakartapost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 201 times