အင်ဒိုနီးရှားတွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ စက်ရုံဆောက်မည့် BYD မော်ဒယ် ၃ မျိုး စတင်ရောင်းချ


အင်ဒိုနီးရှားတွင် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ စက်ရုံဆောက်မည့် BYD မော်ဒယ် ၃ မျိုး စတင်ရောင်းချ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

BYD သည် အင်ဒိုနီးရှားတွင် တနှစ်လျှင် ကားအစ‌ီးရေ ၁၅၀,၀၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံတည်ဆောက်ရန် ကန်ဒေါ်လာ ၁.၃ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်ဟု အင်ဒိုနီးရှား စီးပွားရေးရေးရာ ညှိနှိုင်းရေး ဝန်ကြီး Airlangga Hartarto က ဇန်နဝါရီလ ၁၈ ရက်တွင် ပြောကြားသည်။ 

BYD သည် အီးဗီ မော်ဒယ်သုံးမျိုးဖြစ်သည့် BYD Seal၊ BYD Atto 3 နှင့် BYD Dolphin တို့ကို အင်ဒိုနီးရှားဈေးကွက်တွင် စတင်ရောင်းချသည်။

 


ယခင်တင်ပြချက်

ဂဃနဏ သိအောင် လေ့လာခဲ့ပြီးနောက် အင်ဒိုနီးရှားလျှပ်စစ်ကား စျေးကွက်သို့  BYD ဝင်ရောက်

https://www.automobiledirectory.com.mm/article/-byd-enter-indonesian.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

BYD အင်ဒိုနီးရှား လုပ်ငန်းခွဲ အကြီးအကဲ Eagle Zhao က အင်ဒိုနီးရှားတွင် ဈေးကွက်ဦးဆောင်သူ ဖြစ်လာရန် ရည်မှန်းချက် ချမှတ်ထားကြောင်း၊ ယခုနှစ် ၂၀၂၄ ခုနှစ် နှစ်ကုန်တွငိ အရောင်းပြခန်း ၅၀ ခုအထိ ဖွင့်လှစ်ရန် လျာထားကြောင်း၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံကို ယခုနှစ် အနှောင်းပိုင်းတွင် စတင်ဆောက်လုပ်မည် ဖြစ်ကြောင်း ပြောကြားသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 169 times