Ford  က အိန္ဒိယဈေးကွက်ထဲ လျှပ်စစ်ကားများဖြင့် ပြန်မောင်းဝင်ရန် စဉ်းစားနေ


Ford  က အိန္ဒိယဈေးကွက်ထဲ လျှပ်စစ်ကားများဖြင့် ပြန်မောင်းဝင်ရန် စဉ်းစားနေ

အိန္ဒိယမော်တော်ယာဉ် ဈေးကွက်ထဲမှာ ကန်ဒေါ်လာ ၂ ဘီလျံ အထိနာခဲ့ပြီးသည့်နောက်တွင် အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းအနေဖြင့် ဈေးကွက်ကို ထိုးဖောက်ဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်နေတာကြောင့် အိန္ဒိယတွင် Ford  က မော်တော်ယာဉ် ထုတ်လုပ်မှု အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်တဲ့အကြောင်းကို 
Myanmar Automobile Guide မှာ 
ဒေါ်လာ ၂ ဘီလျံ အထိနာခဲ့ပြီးနောက် အိန္ဒိယတွင် Ford ကားထုတ်လုပ်မှု ပိတ်သိမ်း
ခေါင်းစဉ်ဖြင့်  ဖော်ပြခဲ့ပါတယ်။

ယခုအခါ Ford က ၎င်းရဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရာ အချက်အချာကို အိန္ဒိယမှာ ထားရှိဖို့ စဉ်းစားသုံးသပ်လျက် ရှိပါတယ်။ အိန္ဒိယ ပြည်တွင်းဈေးကွက်မှာ ရောင်းချခြင်းအပြင် ပြည်ပဈေးကွက်များသို့ တင်ပို့ရန်အတွက်လည်း ထုတ်လုပ်မှာ ဖြစ်ကြောင်း ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Ford က အိန္ဒိယမှ ထွက်ခွာတော့မယ်လို့ ကြေညာချက် ထုတ်ပြန်ပြီး လပိုင်းအတွင်းမှာ ယခုလို ကြောညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 
အိန္ဒိယမှာ Ford က  မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံနှစ်ရုံ ရှိပြီး Maraimalai Nagar မှာ တစ်ရုံ၊  Sanand, Gujarat မှာ တစ်ရုံ တည်ရှိပါတယ်။ 
Ford မှ ထုတ်ပြန်တဲ့ကြေညာချက်မှာ စက်ရုံတစ်ရုံကို ပြည်ပတင်ပို့ရန်အတွက် လျှပ်စစ်မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ ဖြစ်နိုင်ခြေကို စူးစမ်းလေ့လာလျက် ရှိကြောင်း ဖော်ပြထားပါတယ်။
Ford ရဲ့ စီအီးအို Jim Farley  က လျှပ်စစ်မော်တော်ယာဉ်များ ဖြစ်ကြတဲ့ Mustang Mach-E နှင့် Ford F-150 Lightning တို့ကို ထုတ်လုပ်မှု တိုးမြှင့်ဖို့ ကတိကဝတ်ပြုထားပါတယ်။ ၂၂ လတာအတွင်း လျှပ်စစ်မော်တော်ယာဉ် စီးရေ ၆ သိန်း ထုတ်လုပ်ဖို့ သူက ရည်မှန်းထားပါတယ်။

Mustang ကားများ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု စတင်

Read 499 times