Mustang ကားများ တရုတ်နိုင်ငံတွင် ထုတ်လုပ်မှု စတင်


Ford က Mustang ကားများထုတ်လုပ်မှုကို တရုတ်ပြည်တွင် စတင်သည်။ အထူးသဖြင့် Mustang Mach-E ကို တရုတ်နိုင်ငံ ချောင်ကျင်းမြို့ရှိ ၎င်း၏ စက်ရုံတွင် ထုတ်လုပ်သွားမည် ဖြစ်သည်။ ၎င်းစက်ရုံမှ ထုတ်လုပ်သော လျှပ်စစ်မော်တော်ယာဉ် Mustang Mach-E များကို တရုတ်ပြည်တွင်း ဈေးကွက်တွင် ရောင်ချမည် ဖြစ်ကြောင်း Ford  က အတည်ပြုသည်။

ကျန်သည့်နိုင်ငံများမှ ဈေးကွက်များအတွက် Mustang Mach-E များကို မက္ကဆီကို နိုင်ငံ Cuautitlanရှိ Ford ၏ စက်ရုံတွင် ထုတ်လုပ်သွားမည် ဖြစ်သည်။

တရုတ်နိုင်ငံမှ စက်ရုံသည် Ford နှင့် တရုတ်ပြည်တွင်း မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း  Changan တို့ ဖက်စပ်လုပ်ကိုင်နေကြသည့် စက်ရုံ ဖြစ်သည်။ Ford ၏ အခြားမော်တော်ယာဉ်များ ဖြစ်သည့် EcoSport, Escape, Focus နှင့်  Fusion တို့ကိုလည်း ထုတ်လုပ်သည်။  ထို့ပြင် Escort အမည်သုံးထားသော ဈေးနိမ့်သည့် ကားများကိုလည်း တရုတ်ဈေးကွက်အတွက် ထုတ်လုပ်သည်။

crossover အမျိုးအစားဖြစ်သော Mustang Mach-E  ကို တရုတ်ပြည်တွင်း ဈေးကွက်ထဲတွင် လူကြိုက်များမည်ဟု မှန်းဆထားသည်။ ယခုအခါ crossover ကားများ တရုတ်နိုင်ငံတွင် လူကြိုက်များပြီး အဝယ်လိုက်နေသည်။ လျှပ်စစ်မော်တော်ယာဉ် crossover ဖြစ်သည့်  Mustang Mach-E  ကို အတန်းအစား လေးမျိုးဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် စတင်ပေးပို့မည် ဖြစ်သည်။

Ford က တရုတ်ပြည်တွင်းဈေးကွက်တွင် Mustang Mach-E ကို ကုမ္ပဏီပိုင် အီးဗီရောင်းချသည့် အရောင်းပြခန်းများမှတစ်ဆင့် ရောင်းချမည် ဖြစ်သည်။ ယခုနှစ်ကုန်တွင် Ford က အရောင်းပြခန်း ၂၅ ခုအထိ ရှိရန် လျာထားသည်။ လာမည့် ငါးနှစ်အတွင်း အရောင်းပြခန်းခုရေ ၁၀၀ ကျော်အထိ တိုးချဲ့သွားမည် ဖြစ်သည်။ 

ယခုနှစ် ပထမကိုးလအတွင်း Ford  က  Mustang Mach-E  ၁၈,၈၅၅ စီး ရောင်းချခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အဓိကဈေးကွက်မှာ အမေရိကန် ဖြစ်သည်။ 


motorauthority.com

Read 4934 times