ဒိုင်ဟက်စု ကားစက်ရုံများ ရပ်ထားသဖြင့် ပစ္စည်းပေးသွင်းသူများနှင့် အရောင်းကိုယ်စားလှယ်များ ဒုက္ခရောက်


ဒိုင်ဟက်စု ကားစက်ရုံများ ရပ်ထားသဖြင့် ပစ္စည်းပေးသွင်းသူများနှင့် အရောင်းကိုယ်စားလှယ်များ ဒုက္ခရောက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


Toyota Motor ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် ဂျပန်ကားထုတ်လုပ်သူ Daihatsu Motor သည် ဂျပန်နိုင်ငံနှင့် အခြားနေရာရှိ စက်ရုံများတွင် ထုတ်လုပ်သည့် ကားအားလုံးကို တင်ပို့ရောင်းချခြင်း ရပ်တန့်ထားရန် ဆုံးဖြတ်ခဲ့ကြောင်း Automobile Guide တွင် ဖော်ပြခဲ့ပါသည်။
ဂျပန်နိုင်ငံမှ ကားစက်ရုံများတွင် မော်ဒယ် ၆၄ မျိုးတွင် ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံချက်ရရှိရန် မသမာသော နည်းလမ်း သုံးထားသည့်  ၁၇၄ မှု တွေ့ရှိခဲ့သဖြင့် စက်ရုံ ထုတ်လုပ်မှုကိုလည်း ရပ်ထားလိုက်တော့မည် ဖြစ်သည်။ 


ဒိုင်ဟက်စုကားအသစ်များ အားလုံး စက်ရုံများမှ ပေးပို့မှု တိုယိုတာ ရပ်ဆိုင်းထား
https://www.automobiledirectory.com.mm/article/toyota-halts-all-daihatsu.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 ဒိုင်ဟက်စု ဂျပန်မှ ကားစက်ရုံများ ဇန်နဝါရီ လကုန်အထိ ထုတ်လုပ်မှု ရပ်ထားရန် ဆုံးဖြတ်
https://www.automobiledirectory.com.mm/article/toyotas-daihatsu-halt.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



အကယ်၍ ရပ်ထားသည်မှာ ကာလရှည်ကြာမည်ဆိုလျှင် ဒိုင်ဟက်စုထံ ယာဉ်ပစ္စည်း ပေးသွင်းသူများ၊ ဒိုင်ဟက်စု ကားအရောင်းကိုယ်စားလှယ်များ စီးပွားရေး ထိခိုက်ကြမည် ဖြစ်ပါသည်။
 
Daihatsu သို့ ယာဉ်ပစ္စည်းများ တိုက်ရိုက်ပေးသွင်းသော ကုမ္ပဏီ အရေအတွက် စုစုပေါင်း ၄၂၃ ခုရှိသည်။
ယင်းတိုအနက် ၄၇ ဦးတို့၏ လုပ်ငန်းများသည် ဒိုင်ဟက်စုအပေါ်   ၁၀% ကျော် တည်မှီနေပြီး ၃၄ ခုသည် အသေးစားနှင့် အလတ်စား အရွယ်အစား လုပ်ငန်းများဖြစ်သည်။

ဂျပန်တွင် ဒိုင်ဟက်စုနှင့် လက်တွဲထားသည့် အရောင်းကိုယ်စားလှယ် ၅၈ ဦး ရှိပြီး အရောင်းပြခန်း ၇၇၈ ခု ဖွင့်လှစ်ထားသည်။ 
၎င်းအရောင်းကိုယ်စားလှယ်များထံမှ ဒိုင်ဟက်စု ကားများ ဝယ်ယူပြီး ပြန်ရောင်းသည့် အရောင်းပြခန်း ၃၀,၀၀၀ ခန့် ရှိသည်။ 

ဂျပန်ပြည်တွင်း ဈေးကွက်မှာ 'ကေ'(kei) ဟု ခေါ်ဝေါ်သည့် အပေါ့စား ကားအငယ်စားများအတွက် ဈေးကွက်တွင် ဒိုင်ဟက်စုသည် ဈေးကွက်ဝေစု ၃၃% ရရှိထားသည်။ စူဇူကီးက ၃၁% နှင့် ဟွန်ဒါက ၁၈% ရရှိထားသည်။

ဒိုင်ဟက်စုကားများ ဝယ်စီးသူများသည် အခြား brand ပြောင်းစီး ကြရလိမ့်မည်။ အမှာစာ လက်ခံထားပြီး ကားအပ်နှံခြင်း မပြုရသေးသည့် အစီးရေ ၆၀,၀၀၀၀ ခန့် ရှိသည်။ ကားရမည့်ရက် ပြောဖို့ ခက်နေသည့် အခြေအနေတွင် ဒိုင်ဟက်စုကား အမှာစာကို ရုပ်သိမ်းပြီး ကားအငယ်စား ထုတ်လုပ်သည့် အခြားကားအမှတ်တံဆိပ် (ဥပမာ Suzuki Motor) ထံမှ ဝယ်ယူကြမည် ဖြစ်သည်။

Daihatsu Motor သည် ၎င်း၏ တင်ပို့မှုရပ်ဆိုင်းမှုကြောင့် ဆုံးရှုံးသွားသော ၀င်ငွေများအတွက် လျော်ကြေးပေးမည်ဟု Asia Nikkei မီဒီယာတွင် သတင်းဆောင်းပါး ဖော်ပြခဲ့သည်။

ဒိုင်ဟက်စုသည် ၎င်း၏ လျော်ကြေးငွေ အစီအစဉ်များကို ရေးဆွဲရန် ၎င်းထံ ကားပစ္စည်း အစိတ်အပိုင်း တိုက်ရိုက်ပေးသွင်းသူများ၊ ၎င်း၏ ထောက်ပံ့ရေး ကွင်းဆက်မှ ဒိုင်ဟက်စုနှင့် တိုက်ရိုက်လုပ်ကိုင်နေကြသူများတို့ကို ဖိတ်ခေါ်ပြီး အွန်လိုင်း အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါသည်။ 
အစီအစဉ်တွင် ဒိုင်ဟက်စုထံ ပေးသွင်းရန် ထုတ်လုပ်ထားပြီးဖြစ်သော ကားပစ္စည်းများကို ဒိုင်ဟက်စုက ဝယ်ယူပေးမည်။ ဒိုင်ဟက်စု ထုတ်လုပ်မှု ရပ်ထားခြင်းကြောင့် ဝင်ငွေလျော့နည်းခြင်းအတွက် နစ်နာကြေး ပေးအပ်မည်ဖြစ်သည်။ 

ဂျပန်နိုင်ငံတွင် ဒိုင်ဟပ်စု၏ ကားစက်ရုံများသည်  Osaka, Kyoto, Shiga, Oita စီရင်စုတို့တွင် တရုံစီ တည်ရှိသည်။ ၎င်းစက်ရုံ ၄ ရုံစလုံး ရပ်ထားမည် ဖြစ်ပါသည်။
 Source Asia Nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 245 times