ဒိုင်ဟက်စုကားအသစ်များ အားလုံး စက်ရုံများမှ ပေးပို့မှု တိုယိုတာ ရပ်ဆိုင်းထား


ဒိုင်ဟက်စုကားအသစ်များ အားလုံး စက်ရုံများမှ ပေးပို့မှု တိုယိုတာ ရပ်ဆိုင်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Daihatsu သည် ၂၀၁၆ ခုနှစ်ကတည်းက Toyota  ရာနှုန်းပြည့်ပိုင်ဆိုင်သည့် လုပ်ငန်းခွဲတစ်ခုဖြစ်သည်။
၂၀၂၂ ဘဏ္ဍာနှစ်တွင် ကမ္ဘာတစ်ဝှမ်းတွင် ဒိုင်ဟက်စု ကားစက်ရုံများမှ ကားအစီးရေ ၁.၇ သန်းကျော် ထုတ်လုပ်ခဲ့သည်။ တစ်ဝက်ခန့်ကို ဂျပန်နိုင်ငံတွင် ထုတ်လုပ်ခဲ့သည်။

မော်တော်ယာဉ် မော်ဒယ်အများစုကို ယာဉ်တိုက်မှု ဘေးကင်းရေးအတွက် နည်းလမ်းတကျ မစမ်းသပ်ခဲ့ကြောင်း အရှုပ်တော်ပုံတစ်ခုကို တွေ့ရှိခဲ့ကြပြီးနောက် Daihatsu Motor Co ၏ လုပ်ငန်းခွဲများမှ ကားအသစ်များ အားလုံး တင်ပို့ရောင်းချမှုကို Toyota Motor Corp က ရပ်ဆိုင်းထားသည်။

 မသင်္ကာဖွယ်ရာ မသမာသော နည်းလမ်းဖြင့် ယာဉ်တိုက်မှု ဘေးကင်းရေးအတွက် စစ်ဆေးခဲ့ကြောင်း စတင်သိရှိခဲ့သည့် ဧပြီလမှစတင်၍ မမှန်မကန်လုပ်ရပ်များ ၁၇၄ ခုကို ဖော်ထုတ်နိုင်ခဲ့ကြောင်း တိုယိုတာက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂၀)တွင် ပြောကြားခဲ့သည်။

Daihatsu ကို ပြန်လည်အသက်သွင်းရန်အတွက် “အခြေခံပြုပြင်ပြောင်းလဲမှု” လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
 
ယခင်က မော်ဒယ်ခြောက်ခုတို့တွင် မသမာသော နည်းလမ်းများဖြင့် စမ်းသပ်မှု ခံယူခဲ့ကြောင်း သိရှိခဲ့ကြသည်။
ယခုအခါ ဒိုင်ဟက်စု၏ ကားတိုင်းနီးပါး ထိခိုက်နိုင်သည်ဟု ကုမ္ပဏီက ဆိုသည်။

ကြာသပတေးနေ့ မနက်ခင်းမှာ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည်ဟု ဂျပန် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ ပြောကြားသည်။

 ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ထုတ်လုပ်ပြီး လွန်ခဲ့သည့်နှစ်အတွင်း ရောင်းချခဲ့သည့် ကား ၈၈,၀၀၀ တွင် ယာဉ်တိုက်မှု စမ်းသပ်သည့် ရလဒ်များကို မသမာသောနည်းလမ်းဖြင့် ရရှိခဲ့ကြောင်း ဒိုင်ဟက်စုက ၂၀၂၃ ခုနှစ် ဧပြီလတွင် ဝန်ခံခဲ့သည်။

အိုဆာကာတွင် အခြေစိုက်သည့် ဒိုင်ဟက်စုသည် Gran Max ပစ်ကပ်နှင့် ဗင်များ၊ Terios နှင့် Xenia အိမ်စီးကားများ အပါအဝင် အပေါ့စားယာဉ်များနှင့် ဆလွန်းများ ထုတ်လုပ်သည်။  ဂျပန်နှင့် အရှေ့တောင်အာရှတစ်ခွင်တွင် ရေပန်းစား လူသိများသည်။
ဒိုင်ဟက်စု ကားများ၏ အရောင်းပမာဏ စုစုပေါင်းသည် Toyota Group ၏ ကမ္ဘာ့ရောင်းအား၏ ၄% နီးပါးရှိသည်။

Source FMT
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2713 times