ဒိုင်ဟက်စု ဂျပန်မှ ကားစက်ရုံများ ဇန်နဝါရီ လကုန်အထိ ထုတ်လုပ်မှု ရပ်ထားရန် ဆုံးဖြတ်


ဒိုင်ဟက်စု ဂျပန်မှ ကားစက်ရုံများ ဇန်နဝါရီ လကုန်အထိ ထုတ်လုပ်မှု ရပ်ထားရန် ဆုံးဖြတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


 Toyota Motor ၏ ကားအငယ်စားများ ထုတ်လုပ်သည့် Daihatsu Motor သည် ဂျပန်မှ ကားစက်ရုံများ အားလုံးကို ဇန်နဝါရီ လကုန်အထိ ထုတ်လုပ်မှု ရပ်ထားရန် ဆုံးဖြတ်ထားသည်။

ကားမော်ဒယ်များ ဘေးကင်းရေး စစ်ဆေးမှု ခံယူရာတွင် နည်းလမ်းတကျ လုပ်ဆောင်ရန် ပျက်ကွက်ခြင်း၊ မသမာသော နည်းလမ်းများ သုံးစွဲခြင်းတို့ကို စစ်ဆေးတွေ့ရှိသဖြင့် ၎င်း၏ ကားများ အားလုံးကို ပေးပို့ခြင်း မပြုတော့ဘဲ ရပ်ဆိုင်းထားသည်။
စုစုပေါင်း မော်ဒယ် ၆၄ ခု ပါဝင်ပြီး တိုယိုတာ အမှတ်တံဆိပ်ဖြင့် ရောင်းချသည့် မော်ဒယ် ၂၀ ကျော် ပါဝင်သည်။

Daihatsu Motor ကို တိုယိုတာက အပြည့်အဝ ပိုင်ဆိုင်သည်။ 
ထုတ်လုပ်မှုကို တစ်လ ဆိုင်းငံ့ထားခြင်းကြောင့်  ကားအစီးရေ ၁၂၀,၀၀၀ ထုတ်လုပ်မှု လျော့ကျမည်။ ဝင်ငွေ ယန်း ၂၄၀ ဘီလီယံ (ကန်ဒေါ်လာ ၁.၆၈ ဘီလီယံ) ဆုံးရှုံးမည်။ 
တိုယိုတာသည် အရွယ်အစား ကြီးမားသဖြင့် ဒိုင်ဟက်စု အရှုပ်တော်ပုံသည်   တိုယိုတာ၏ ၀င်ငွေအပေါ် အနည်းအကျဉ်းသာ ထိခိုက်မည်ဟု လေ့လာဆန်းစစ်သူတို့က သုံးသပ်ကြသည်။


ဒိုင်ဟက်စုကားအသစ်များ အားလုံး စက်ရုံများမှ ပေးပို့မှု တိုယိုတာ ရပ်ဆိုင်းထား.
https://www.automobiledirectory.com.mm/article/toyota-halts-all-daihatsu.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



လက်ရှိတွင် အင်ဒိုနီးရှားမှ လက်အောက်ခံ လုပ်ငန်း PT Astra Daihatsu Motor ၏ စက်ရုံ တရုံကိုသာ လုပ်ငန်း ပြန်စသည်။ 
၎င်းစက်ရုံတွင် အင်ဒိုနီးရှားမှ ကုမ္ပဏီစုကြီး PT Astra International Tbk နှင့် Toyota Tsusho တို့ အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။
Source Nikkei Asia 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 283 times