၂၀၂၄ ခုနှစ်တွင် အစီးရေ ၆ သိန်း ရောင်းချနိုင်ရန် Aito ရည်မှန်းထား


၂၀၂၄ ခုနှစ်တွင် အစီးရေ ၆ သိန်း ရောင်းချနိုင်ရန် Aito ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး ကျောထောက်နောက်ခံပြု စွမ်းအင်သစ်သုံးကားအမှတ်တံဆိပ် Aito သည် ၂၀၂၄ ခုနှစ်တွင် အစီးရေ ၆ သိန်း ရောင်းချရန် ရည်မှန်းထားသည်ဟု တရုတ်မီဒီယာ LatePost တွင် ဖော်ပြထားသည်။

နှစ်စဉ်နှစ်တိုင်း စတုတ္ထသုံးလပတ်တွင် ကားထုတ်လုပ်သူများသည် ပစ္စည်းများ၊ စွမ်းဆောင်ရည်၊ ဝန်ထမ်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်နိုင်စေရန်အတွက် ၎င်းတို့ထံ ပစ္စည်းပေးသွင်းသူများကို  နောက်နှစ်အတွက် အရောင်းအစီအစဉ် လျာထားချက်ကို ကြိုကြိုတင်တင် အသိပေးထားလေ့ရှိပါသည်။

တရားဝင် ဖွင့်ဟပြောကြားခြင်း မပြုကြသော အချက်တစ်ချက်မှာ  ကားထုတ်လုပ်သူများသည် အများအားဖြင့် မြင့်မားသော ရည်မှန်းချက်များကို ပေးလေ့ရှိပြီး ထောက်ပံ့ရေးကွင်းဆက်မှ ပစ္စည်းပေးသွင်းသူများသည် မော်ဒယ်များ၏ ယှဉ်ပြိုင်နိုင်မှုအပေါ် အခြေခံ၍ ၎င်းတို့ဘာသာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အစီးရေကို ခန့်မှန်းပြီး ၎င်းခန့်မှန်းချက်အရ ကြိုတင်ပြင်ဆင်ကြသည်။

Aito သည် SUV မော်ဒယ် M9 ကို ဒီဇင်ဘာလ ၂၆ ရက်တွင် အရောင်းဖွင့်ခဲ့သည်။ သို့ဖြစ်ရာ လက်ရှိတွင် M5, M7, M9 မော်ဒယ် ၃ ခု ရောင်းချလျက်ရှိသည်။ 
၂၀၂၄ တွင် မော်ဒယ် M8 စတင်ရောင်းချမည်။ 


Aito ၏ မိခင်ကုမ္ပဏီ Seres Group နှင့် ဟွာဝေးတို့ ချမှတ်ထားသည် ရည်မှန်းချက်မှာ ၂၀၂၆ ခုနှစ်တွင် အစီးရေ ၁ သန်း ရောင်းချရန် ဖြစ်သည်။

အိုင်တို Aito သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဟွာဝေးနှင့်အတူ Seres မှ  စတင်ခဲ့သည့် ပရီမီယံ ကားအမှတ်တံဆိပ် ဖြစ်ပါသည်။
ပထမဆုံးမော်ဒယ်မှာ Aito M5 ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ တွင် ပွဲထုတ်ပြသခဲ့သည်။
၂၀၂၂ ဇူလိုင်လ ၄ ရက်တွင် ဒုတိယမြောက် မော်ဒယ် M7 ကို စတင်ထုတ်လုပ်ခဲ့ပြီး ၎င်းမော်ဒယ် ဗားရှင်းအသစ်ကို  ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် စတင်ရောင်းချခဲ့သည်။ ယခု M9 ကို စတင်ရောင်းချသည်။ 

ဟွာဝေး Aito M9 SUV ပွဲထုတ်ပြသ
https://www.automobiledirectory.com.mm/article/-aito-m9-suv-huawei.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

ဟွာဝေး Aito M7 SUV စရံပြန်မအမ်း အမှာစာ ၁ သိန်းကျော်သို့ ရောက်ရှိ
https://www.automobiledirectory.com.mm/article/-aito-m7-suv.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် M5 ဗားရှင်းအသစ် ထုတ်လုပ်မည်။ 

Source cnevpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 2895 times