ဟွာဝေး Aito M9 SUV ပွဲထုတ်ပြသ


ဟွာဝေး Aito M9 SUV ပွဲထုတ်ပြသ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

တရုတ်နည်းပညာကုမ္ပဏီကြီး Huawei နှင့် Seres တို့ ပူးပေါင်းဆောင်ရွက်ခြင်းမှ ထွက်ပေါ်လာတဲ့ Aito M9 SUV ကို ကွမ်ကျိုး ကားပြပွဲကြီးတွင် ပွဲထုတ်ပြသပါသည်။

Aito M9 ကို စိတ်ဝင်စားမ‌ှု ရေချိန်မြင့်မားပါသည်။ စရံငွေ ပြန်မအမ်းသည့်အမှာစာ ကြိုပွိုင့် အရောင်း အစီးရေ ၂ သောင်းကျော် ရရှိထားသည်။
ကြိုပွိုင့် အရောင်းဖွင့်ထားပြီး အမှာစာများကို လက်ခံလျက် ရှိရာ၌ အမှာစာ တင်လိုပါက စရံ ယွမ် ၅,၀၀၀  ($700) လက်ငင်းပေးသွင်း ရပါသည်။ ကြိုပွိုင့် ဝယ်ယူသူတိုင်းကို $1,400 ဈေးလျှော့ပေးသည်။ 

ကြိုပွိုင့်ဝယ်ယူသူများကို Aito M9 ထုတ်လုပ်သည့် စက်ရုံသို့ ဖိတ်ကြားပြီး လိုက်လံပြသမည့် အစီအစဉ် ရှိပါသည်။

ကားဈေးနှုန်းမှာ ယွမ် ၅သောင်းမှ ၆ သောင်း အထိ ($70,000 မှ $80,000 အထိ) ဖြစ်ပါသည်။

 


 
Aito M9 သည် အရွယ်အစားအပြည့် SUV ဖြစ်သည်။
အတိုင်းအတာများမှာ
• အလျား ၂၀၅.၉ လက်မ
• အကျယ် ၇၈.၇ လက်မ
• အမြင့် ၇၀.၉ လက်မ 
• ခါးအလျား ၁၁၂.၄ လက်မ
ဖြစ်ပါသည်။
တာယာ အရွယ်အစားမှာ 265/40 R22 နှင့် 285/40 R22 ဖြစ်ပါသည်။

 


Aito M9 ကို ဘက်ထရီသုံး အီးဗီ ဗာရှင်းနှင့် ခရီးတာ ပိုဝေးဝေးသွားနိုင်ရန်အတွက် ဘက်ထရီ အားသွင်း မီးစက်အင်ဂျင်ပါသည့် range extender (EREV) ဗားရှင်း တို့ဖြင့် ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါသည်။

ဘက်ထရီသုံး အီးဗီဗားရှင်းတွင် ဟွာဝေး နည်းပညာဖြင့် ထုတ်လုပ်သည့် လျှပ်စစ်မော်တာ ၂ လုံး ပါသည်။ ရှေ့ဘီးများအတွက် မော်တာပါဝါမှာ  160 kW ဖြစ်ပြီး နောက်ဘီးများအတွက် မော်တာပါဝါမှာ 230 kW ဖြစ်ပါသည်။ 
CATL ဘက်ထရီထုပ် 97.682 kWh သုံးထားပြီး ခရီးတာ ၃၉၁ မိုင်အထိ ရသည်။
 
EREV တွင်လည်း မော်တာ ၂ လုံးပါသည်။ ရှေ့မော်တာ 165 kW နှင့် နောက်မော်တာ 112 kW တို့ ဖြစ်ပါသည်။ 

 အင်ဂျင်က ပါဝါ 112 kW ထုတ်ပေးသော်လည်း ဘက်ထရီအားသွင်းမည့် မီးစက်အတွက်သာ ဖြစ်သည်။ 
40 kWh  ဘက်ထရီထုပ် သုံးထားသည်။ အင်ဂျင်ဖြင့် အားမသွင်းလျှင် ခရီးတာ ၁၀၉ မိုင် ရသည်။

 

 Source arenaev
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 342 times