ဟွာဝေး Aito M7 SUV စရံပြန်မအမ်း အမှာစာ ၁ သိန်းကျော်သို့ ရောက်ရှိ


ဟွာဝေး Aito M7 SUV စရံပြန်မအမ်း အမှာစာ ၁ သိန်းကျော်သို့ ရောက်ရှိ

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

 

 

Huawei Aito M7. Credit: Aito

Huawei Aito M7 SUV မော်ဒယ်ကို တရုတ်နိုင်ငံတွင် စက်တင်ဘာလ ၁၂ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး နှစ်လခွဲအကြာတွင် စရံပြန်မအမ်း အမှာစာ (firm order) ၁သိန်း ရရှိထားကြောင်း Huawei Aito မှ ကြေညာခဲ့သည်။

Aito သည် ကားထုတ်ရေးလုပ်ငန်း Seres မှ ကန်ထရိုက်ဖြင့် ထုတ်လုပ်သော ဟွာဝေး အီးဗီ အမှတ်တံဆိပ် ဖြစ်သည်။

Seres သည် နိုင်ငံပိုင် Dongfeng လက်အောက်ရှိ အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။
M7 ကို ချုံကင်းရှိ ၎င်းတို့၏ စက်ရုံတွင် တပ်ဆင်ထုတ်လုပ်သည်။
၎င်းစက်ရုံကို Aito ထုတ်လုပ်ရေးအတွက် သီးသန့် အသုံးပြုသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စက်ရုံ စတင်လည်ပတ်ခဲ့သည်။
စက်ရုံ၏ တနှစ်တာ ထုတ်လုပ်မှု ပမာဏမှာ အစီးရေ ၁၅၀,၀၀၀ ဖြစ်ပါသည်။ လက်ရှိတွင် M7  နေ့စဉ် အစီးရေ ၇၀၀ ခန့် ထုတ်လုပ်လျက်ရှိသည်။


ဟွာဝေးက အီးဗီ Aito အတွက် ကြန့်ကြာကြေး တရက် ယွမ် ၂၀၀ ပေးမည်ဟု ကြေညာ
https://www.automobiledirectory.com.mm/article/-aito-huawei.html
 အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

M7 ကို မှာယူလိုသူများသည် Aito ၏ ဝဘ်ဆိုဒ်တွင်ပြန်မအမ်းသော စရံငွေ ပေးသွင်းရသည်။ ကားအပ်နှံသည့်အခါ ကျန်ငွေကို အကြေပေးချေရမည် ဖြစ်သည်။ 
နိုဝင်ဘာလ ၁၅ ရက်တွင် M7 စရံပြန်မအမ်း အမှာစာ ၉ သောင်းအထိ လက်ခံရရှိခဲ့ပြီး နောက်ထပ် ၁၂ ရက်အကြာတွင် လက်ခံရရှိသည့် အမှာစာ ၁ သိန်းသို့ ရောက်ရှိသည်။
 

Huawei Aito M7 SUV. Credit: Aito

Aito M7 သည် ကုမ္ပဏီ၏ ဒုတိယမြောက်ကားဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၌ စတင်ရောင်းချခဲ့သည်။ ရောင်းအား မှန်းထားသလောက် မရရှိခဲ့ပါ။


Huawei  ရဲ့  Aito  ၂၀၂၂ ရောင်းအား လျာထားချက် မပြည့်
https://www.automobiledirectory.com.mm/article/huawei-aito-sale-2022.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


Aito M7 ကို မွမ်းမံပြီး updated 2024 version ထုတ်လုပ်ရာ၌  ပေါက်သွားပြီး အမ‌ှာစာ စီးရေ ၁ သိန်းအထိ ရောက်ရှိသွားခြင်း ဖြစ်သည်။
ရောင်းဈေးကို 2022 ဗားရှင်းထက် အနည်းဆုံး ယွမ် ၄ သောင်း  (5,600 USD) လျှော့ချထားသည်။
 တနည်းဆိုရသော် တရုတ်ကားဈေးကွက်ထဲမှာ ဈေးချပြှီး ယှဉ်ပြိုင်နေကြသည့် ဈေးန‌ှုန်းစစ်ပွဲထဲ ပါဝင်လိုက်ခြင်း ဖြစ်သည်။ 

Aito M7 သည် ဆိုက်ပြည့် SUV  ၅ယောက်စီး ဖြစ်သည်။
အတိုင်းအတာများမှာ
• အလျား 5020 mm
• အကျယ် 1945 mm
• အမြင့် 1760 mm
• ခါးအလျား 2820 mm

 

သွားနိုင်သည့်ခရီးတာ ဆန့်ထုတ်ပေးထားသည့် လျှပ်စစ်ကား electric range extended vehicle (EREV) အမျိုးအစားဖြစ်သည်။
40 kWh CATL ဘက်ထရီထုပ် သုံးထားသည်။
အင်ဂျင်တလုံးပါပြီး ဘက်ထရီအားသွင်းသည့် မီစစက်အတွက်သာ အသုံးပြုသည်။ လီတာ ၆၀ ဆန့်သည့်  ဓာတ်ဆီတိုင်ကီ ပါသည်။
ဘက်ထရီသက်သက် ဆိုပါက ခရီးတာ 240 km ရပြီး အင်ဂျင်ဖြင့် ဘက်ထရီကို အားသွင်းသည်ဆိုပါက ခရီးတာ 1,300 km အထိ သွားနိုင်သည်။ 
200 kW မော်တာတလုံး နောက်ဘီးယက် ဗားရှင်းနှင့် 330 kW မော်တာ ၂ လုံး ၄ ဘီးယက် ဗားရှင်း ဟူ၍ ဗားရှင်း ၂ မျိုး ထုတ်လုပ်သည်။
အနိမ့်ဆုံးဗားရှင်း ဈေးနှုန်းမှာ ယွမ် ၂၄၉,၈၀၀  (35,200 USD) ဖြစ်ပြီး အမြင့်ဆုံး ဗားရှင်း ဈေးနှုန်းမှာ ယွမ် ၃၇၉,၈၀၀ (53,500 USD) ဖြစ်ပါသည်။
 
ယာဉ်အတွင်းမှာ ဟွာဝေး၏ အီလက်ထရွန်းနစ် ပစ္စည်းများနှင့် ဟွာဝေး၏ ဆော့ဖ်ဝဲ HarmonyOS သုံးထားသည်။ 

Aito M7 ယာဉ်အတွင်းပိုင်း

Aito သည် ၂၀၂၁ ဒီဇင်ဘာလတွင် M5 SUV ပထမဆုံးမော်ဒယ် ထုတ်လုပ်သည်။ EREV အမျိုးအစား ဖြစ်သည်။ ထို့နောက် ဘက်ထရီသုံး လျှပ်စစ်ကား Battery Electric Vehicle BEV အမျိုးအစား ထုတ်လုပ်သည်။
၂၀၂၂ တွင် M7 SUV  ထုတ်လုပ်သည်။ ၎င်းမော်ဒယ်ကို မွမ်းမံပြီး ယခုအခါ ထုတ်လုပ်သည်။
နောက်ဆုံးထုတ် မော်ဒယ်မှာ Aito M9 SUV ဖြစ်ပါသည်။
 
Aito သည် အောက်တိုဘာလတွင် ကားအစီးရေ ၁၂,၇၀၀ ရောင်းချခဲ့ပါသည်။ 

Source carnewschina 

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Read 1266 times